ကမ္ဘောဒီးယားမှ အီးယူသို့ ဆန်တင်ပို့မှုများစွာ တိုးတက်

    ၂၀၁၁ ခုနှစ်အတွင်း ကမ္ဘောဒီးယားမှ အီးယူကို ဆန် တင်ပို့မှုပမာဏက ၂၀၁၀ ခုနှစ်က တင်ပို့မှုပမာဏ ထက် များစွာ တိုးတက်ခဲ့တယ်လို့ သိရတယ်။ ၂၀၁၀ ခုနှစ်အတွင်းက ဆန်တန်ချိန် ၄၀၀၀၀ သာ တင်ပို့ခဲ့ရသော်လည်း ၂၀၁၁ ခုနှစ် မှာ ဆန်တန်ချိန် ၁၀၀၀၀၀ ဝန်းကျင်အထိ တင်ပို့ခဲ့ရာ ရာခိုင် နှုန်းအနေနဲ့ ၁၅၀ ရာခိုင်နှုန်း တိုးတက်တင်ပို့နိုင်ခဲ့ကြောင်း၊ ဈေးနှုန်းအနေနဲ့တစ်တန်ကို ၉၀၀ ဒေါ်လာမှ ၁၀၀၀ ဒေါ်လာ အကြား ရရှိခဲ့ပြီး ဝင်ငွေအနေနဲ့ စုစုပေါင်း ကန်ဒေါ်လာ ၉၅ သန်း ရရှိခဲ့ကြောင်း သိရတယ်။     ဆန်ကြိတ်ခွဲတဲ့ စက်ပစ္စည်းတွေ တိုးတက်ကောင်းမွန်လာ ခြင်းနဲ့ ဆန်ပြည်ပတင်ပို့သူတွေ အနေနဲ့ ဘဏ်မှ ချေးငွေ ရနိုင်တဲ့ အခွင့်အလမ်းတွေရှိလာခြင်းတို့က ဆန်တင်ပို့မှုကို မြင့်မားစေကြောင်း သိရတယ်။ ဒါကြောင့် ဆန် တင်ပို့သူတွေ ကို ဆန်ဝယ်ယူသိုလှောင်ထားဖို့ ဘဏ်မှ ချေးငွေပေးမှုကို ထပ်မံတိုးမြှင့်သွားပါက ဆန်တင်ပို့မှုအတွက် ပိုမိုအထောက် အကူ ပြုနိုင်လိမ့်မယ်လို့ ကမ္ဘောဒီးယားဆန်စက်လုပ်ငန်းရှင် များ အသင်းချုပ် (FCRMA) ဥက္ကဌက ပြောကြားတယ်။    ဒါ့အပြင် ၂၀၁၁ ခုနှစ်  ဆန်တင်ပို့မှုက ၂၀၁၀ ခုနှစ်က တင်ပို့မှုထက် ၁၅၀ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်မှာ ၂၀ ရာခိုင်နှုန်း - ၃၀ ရာခိုင်နှုန်း သာ တိုးတက်တင်ပို့ သွားဖွယ်ရှိပြီး တန်ချိန်အနေနဲ့ ၁၂၀၀၀၀ နဲ့ ၁၃၀၀၀၀ သာ တင်ပို့သွားနိုင်ဖွယ်ရှိတယ်လို့ ပြောကြားခဲ့တယ်။ အီးယူအနေနဲ့ ၂၀၀၉ ခုနှစ်မှစပြီး ကမ္ဘောဒီးယားမှ ဆန်ကို အခွန်ကင်း လွတ်ခွင့်နဲ့ တင်သွင်းခွင့်ပြုခဲ့တယ်။ အီးယူဈေးကွက်မှာ ကမ္ဘောဒီးယားဆန်အနေနဲ့ အခြားဆန်နဲ့ ဈေးကွက်ယှဉ်ပြိုင် ရောင်းချနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့တယ်လို့ သိရတယ်။ အီးယူဈေးကွက်သာမက ရုရှားနဲ့ တရုတ်နိုင်ငံတို့ကလည်း ကမ္ဘောဒီးယားဆန်ကို အကောက်ခွန်ကင်းလွတ်ခွင့်နဲ့ တင် သွင်း ခွင့်ပြုထားကြောင်း သိရတယ်။ပပ၊Source:oryza.com