ဗီယက်နမ်က ဆန်အနိမ့်ဆုံး ကြမ်းခင်းဈေးကို တစ်တန်ကန်ဒေါ်လာ ၅၀ လျှော့ချ

    ဗီယက်နိုင်ငံ ဆန်တင်ပို့ဖို့ ကြမ်းခင်းဈေးကို တစ်တန် ကန်ဒေါ်လာ ၅၀ ခန့်လျှော့ချကြောင်း၊ ဗီယက်နမ် အစိုးရအရာရှိများမှ ဆန်တင်ပို့သူတွေကို အကြောင်းကြားစာပေးပို့ခဲ့တယ်လို့ သိရပါတယ်။ ယင်းဆန်ကြမ်းဈေး ဈေးသစ်ကို ဇန်နဝါရီလ ၁၈ရက် ကစပြီး၊ အကျုံးဝင်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ယင်းဈေးနှုန်းဟာ ၅၀ ကီလိုပါ FOB အိတ်များကို အခြေခံ တွက် ချက် သွားမှာဖြစ်ပါတယ်။     လက်ရှိ ကြမ်းခင်းဈေးသစ်ဟာ ဈေးကွက်မှာ လတ်တလော သတ်မှတ်ဖော်ပြကြတဲ့ဈေးနှုန်းထက် ၁ တန် ၁၀ ဒေါ်လာ မြင့်နေဆဲဖြစ်ပေမယ့် အစောပိုင်းက သတ်မှတ်ဈေးထက် ကြမ်းခင်းဈေးက တစ်တန် ဒေါ်လာ ၃၀-၄၀ မြင့်တက်နေတာနဲ့ ယှဉ်ရင်တော့ ပိုမိုနီးကပ်လာပါတယ်လို့ ဆိုပါတယ်။ ၅ မှတ်ဆန်လက်ရှိ ဈေးတစ်တန် ကန်ဒေါ်လာ ၄၄၀ ဝန်းကျင်ရှိချိန်မှာ ယခုကြမ်းခင်းဈေးကို ကန်ဒေါ်လာ ၄၅၀ နဲ့လည်းကောင်း၊ ၁၀ မှတ် ဆန်ဈေးကို ၄၄၅ နဲ့လည်းကောင်း၊ ၁၅ မှတ်ဆန်ဈေးကို ကန်ဒေါ်လာ ၄၃၅ နဲ့ လည်းကောင်း သတ်မှတ်ပြီး လက်ရှိရောင်းဈေး ကန်ဒေါ်လာ ၄၀၀ ရှိတဲ့ ၂၅ မှတ်ဆန်ဈေးကို ကန်ဒေါ်လာ ၄၂၅ နဲ့ကြမ်းခင်းဈေး သတ်မှတ်ကြောင်း သိရပါတယ်။လဝန်း၊Source: oryzq.com