ဗီယက်နမ် မဲခေါင်ဒေသအချို့မှာ ရောဂါပိုးကျရောက်လို့ စပါးတန် ၃ သိန်းပျက်စီး

    ဗီယက်နိုင်ငံ မဲခေါင်ဒေသအချို့မှာ ဖြုတ်ပိုး (brown - backed hopper) နဲ့ အပင်ရောဂါကျရောက်မှုနဲ့ ရင်ဆိုင်နေရ တယ်လို့ ဗီယက်နမ်နိုင်ငံတောင်ပိုင်း အပင်ကာကွယ်ရေးစင်တာမှ ပြောကြားပါတယ်။ ပြည်နယ် ၆ ခုမှာ ဟက်တာ ၃၀၀၀၀ ခန့် စပါးပင်ရောဂါကျရောက်ပြီး၊ ဟက်တာ ၅၀၀၀၀ ခန့်မှာ ဖြုတ်ကျရောက်မှုဟာ မနှစ်ကထက် ၂၀ ရာခိုင်နှုန်းပိုမိုလာတယ်လို့ သိရပါတယ်။    ဒါ့အပြင် ဟက်တာ တော်တော်များများမှာ ဗိုင်းရပ်ပိုးကျရောက်ခဲ့ပြီး အထူးသဖြင့် အရည်အသွေးနိမ့်တဲ့ Jh IR 50404 မှာ ကျရောက်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဗီယက်နမ်ဟာ စပါးတန် ၃ သိန်းခန့်ပျက်စီးနိုင်တယ်လို့ စင်တာမှ ခန့်မှန်း ပြောကြားပါတယ်။                                                                   လမင်း၊Source:oryzq.com