မြေသြဇာပိုတက် (အိန္ဒိယ) အများဆုံး တင်သွင်း

မြေသြဇာပိုတက် (အိန္ဒိယ) အများဆုံး တင်သွင်းပြည်တွင်းစိုက်ပျိုးရေးကဏ္ဍအတွက် ပြည်ပမှဓာတ်မြေသြဇာများကို ပင်လယ် ရေကြောင်းလမ်းမှလည်း တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ် ဇန်နဝါရီ ၈ ရက်မှ ၁၄ ရက်တာကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၇၃၅ ဒသမ ၀၈ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ နှစ်သိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ပိုတက် (အိန္ဒိယ) မြေသြဇာကို အများဆုံးတင်သွင်းတာတွေ့ရပါတယ်။ ဒီတစ်ပတ် တန်ချိန် ၇၃၅ ဒသမ ၀၈ တင်သွင်းတဲ့အထဲမှာ ပိုတက်(အိန္ဒိယ) က တန်ချိန် ၇၁၇ တန်တင် သွင်းခဲ့ပြီး ထိုင်းနိုင်ငံမှ အခြားမြေသြဇာက ၁၈ ဒသမ ၀၈ တန်ဘဲ တင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ် မြေသြဇာတင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန် နှစ်ဆ ကျော်လောက် လျော့နည်းပြီး တင်သွင်းခဲ့တာတွေ့ရပါတယ်။   MIRT(DOT)နယ်စပ်မှ ဓာတ်မြေသြဇာ တင်သွင်းမှုပိုမိုဇန်နဝါရီ ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်း မူဆယ်၊ ကော့သောင်း၊ မောင်တောနဲ့ ရိဒ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၃၁၁ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၆၀၂၈ တန်ကျော် အသွင်းရှိခဲ့ပါတယ်။ နယ်စပ် အလိုက် တင်သွင်းနိုင်မှုတွေကတော့ မူဆယ်မှ ၁၂၅၅၄ တန်၊ ကော့သောင်းမှ ၂၈၁၂ တန်၊ ရိဒ်မှ ၆၂၆ တန်နဲ့ မောင်တောမှ ၃၅ တန်ခန့် အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်က နယ်စပ်မှ ၁၅၀၆၁ တန် တင်သွင်းခဲ့တာမို့ ယခုအပတ်မှာ ၉၆၆ တန်ကျော် တင်သွင်းမှုပိုမိုခဲ့တယ်လို့ သိရပါတယ်။ မူဆယ် နယ်စပ်မှ အများဆုံးတင် သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ အမိုးနီးယားနိုက်ထရိတ်၊ T.Super  Phosphate, ကွန်ပေါင်း ၁၀း၁၀း၅ နှင့် စူပါဖော့စဖိတ်တို့ ဖြစ်ပါတယ်။                                                                                  MIRT(DOBT)ဈေးကွက်အတွင်း ပုံမှန်လေးပဲရှိနေတဲ့ ဓာတ်မြေသြဇာမော်လမြိုင်ဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းပုံမှန်ရှိတယ်လို့ ဆိုပါ တယ်။ ဒီတစ်ပတ်မှာတော့ တီစူပါက ရောင်းအားရှိတယ်လို့ မြေသြဇာအရောင်း ဆိုင်မှ ဝန်ထမ်းတစ်ဦးကပြောပါတယ်။ အရောင်းရှိပေမဲ့ ဈေးက ယခင်တစ်ပတ်ဈေး အတိုင်း အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်အရောင်းအဝယ် ဖြစ်နေတဲ့ဈေးက ပုလဲအသေး ၄၆ ရာခိုင်နှုန်း တရုတ် (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) က၂၂၅၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း ၁၅ က ၃၅၀၀၀ ကျပ် ၊ ကွန်ပေါင်း (ပန်းရောင်)က ၃၁၀၀၀ ကျပ်၊  ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) က ၃၀၀၀၀ ကျပ်၊တီစူပါ ၄၆%(သံကွင်း-တရုတ်)က ၂၆၅၀၀ ကျပ်၊ တီစူပါ ၄၆%(မြှား-တရုတ်) ၂၇၅၀၀ ကျပ်နဲ့ တီစူပါ ၁၆ %(မြှားကမ္ဘာ-တရုတ်) က ၁၃၀၀၀ ကျပ်ဈေး အသီး သီးရှိတယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းပုံမှန်ရှိတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ဓာတ်မြေသြဇာဈေးက အနည်းငယ် အတက်အကျ ရှိနေပါတယ်။ ယူရီးယား-ပုလဲ ကမ္ဘာလုံး-ရွှေတောင် (တရုတ်)က ယခင်ဈေးအတိုင်း ၂၀၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) က ယခင်ဈေး ၂၀၅၀၀ ကျပ်မှ ယခု ၂၁၀၀၀ ကျပ်၊ တီစူပါ ၁၂ %(တရုတ်)က ၉၅၀၀ ကျပ်မှ ယခု ၈၀၀၀ ကျပ်၊ တီစူပါ ၁၆ %က ယခင် ၉၈၀၀ ကျပ်မှ ယခု ၉၅၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) က ယခင်ဈေးအတိုင်း ၃၆၅၀၀ ကျပ်၊ ဓါတ်ဆား (တရုတ်) က  ယခင် ၁၃၀၀၀ ကျပ်မှ ယခု ၁၈၀၀၀ ကျပ်၊ ပိုတက်(တရုတ်) က ၂၇၀၀၀ ကျပ်၊ ယူရီးယား (ယူအေအီး) ၁၈၅၀၀ ကျပ် ဈေးအသီးသီးနဲ့ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ် ကြောင်း သိရပါတယ်။မကွေးဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းအေးတယ်လို့  သိရပါ တယ်။ အရောင်းအေးသလို ဈေးကလည်း အပြောင်းအလဲမရှိဘူးလို့ သိရပါတယ်။ မျှားကမ္ဘာ-တရုတ် (၁၂း၁၃အပြာ) က ၁၆၂၀၀ ကျပ်နဲ့ (အစိမ်း) က ၁၅၀၀၀ကျပ်၊ ဆင် ၁၀း၁၀း၅ က ၁၆၀၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ က ၃၆၃၀၀ ကျပ်၊  အာမို ၁၀း၁၀း၅ က ၁၆၅၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ က ၃၃၃၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်)က ၂၂၈၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) က ၂၁၀၀၀ ကျပ်၊ တီစူပါ (မျှားနီ-တရုတ်) က ၂၅၀၀၀ ကျပ် ၊ တောင်သူမက ၁၅၀၀၀ ကျပ်၊ ပိုတက်က ၂၉၀၀၀ ကျပ်နဲ့ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၈၂၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။  မန္တလေးဈေးကွက်မှာတော့ တရုတ်နှစ်ကူးချိန်ဖြစ်လို့ အရောင်းအေးတယ်လို့ သိရပါတယ်။ အရောင်းအေးတာနဲ့အမျှ မြေသြဇာဈေးတွေကတန့်နေတယ်လို့ ပြော ပါတယ်။ ဒီတစ်ပတ်ဈေးကွက်မှာ ယူရီးယား (ပန်းဖူး-တရုတ်) ကပစ္စည်းပြတ်နေတယ် လို့ သိရပါတယ်။ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ယူရီးယား (ရွှေတောင်-တရုတ်)က ၁၉၄၀၀ ကျပ်၊ တီစူပါ(၄၆%) တရုတ်က ၂၂၀၀၀ ကျပ်၊ တီစူပါ ၁၆% (တရုတ်)က ၈၈၀၀ ကျပ်၊ တီစူပါ ၁၂% ၈၇၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (တရုတ်)က ၂၇၅၀၀ကျပ်နဲ့ အာမို(ဒိုင်းမွန်းစတား) က ၃၇၅၀၀ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။  ရန်ကုန်ဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းပုံမှန်ရှိတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်ဖြစ်ပေါ်နေတဲ့ ဈေးတွေက ယူရီးယား(ကမ္ဘာလုံး၊ ရွှေတောင်၊ နေရွက်လှေ) တရုတ်က ၂၀၅၀၀ကျပ်၊ တီစူပါ (သံကွင်း-တရုတ်)က ၂၄၀၀၀ ကျပ်၊ ပိုတက်(ကနေဒါ)က ၂၈၀၀၀ ကျပ်၊ ပိုတက် (ထိုင်း) က ၃၆၀၀၀ ကျပ်၊ ကွန်ပေါင်း (၁၅း၁၅း၁၅) ရွက်လှေ-ယိုးဒယားက ၃၇၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ယိုးဒယား) က ၃၂၅၀၀ ကျပ်၊ ကွန်ပေါင်း ၁၀း၁၀း၅(အမ်-တရုတ်) က ၁၇၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (အမ်စီ-တရုတ်) က ၂၈၀၀၀ ကျပ် ၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (MC -ယိုးဒယား) က ၃၃၂၅၀ ကျပ် ဈေးနဲ့ အရောင်းအဝယ်ဖြစ် နေတယ်လို့ သိရပါတယ်။MIRT(DOT)