ထိုင်းနိုင်ငံက စပါးအပေါင်ခံအစီအစဉ်ကို ဆက်လက်သက်တမ်းတိုးနိုင်
ထိုင်းဆန်စပါးအပေါင်ခံ အစီအစဉ်ရဲ့ နောက်ဆုံးရက် ဟာ ဖေဖော်ဝါရီလ ၂၉ ရက်ဖြစ်ပေမယ့် အစိုးရအနေနဲ့ အဲဒီ ရက်ထက်ကျော်လွန်ပြီးဝယ်ယူနိုင်တယ်လို့ ထိုင်းအရာရှိတစ်ဦး ကဆိုပါတယ်။ ထိုင်းစီးပွားကူးသန်းဝန်ကြီးဟာ ဆန်စက်ပိုင်ရှင် များ၊ ဆန်တင်ပို့သူများနဲ့ ဇန်နဝါရီလ ၂၇ ရက်မှာ တွေ့ဆုံပြီး၊ နောက်တစ်ကြိမ် ဆန်ဝယ်ယူဖို့ အာမခံ ဈေးနှုန်းနဲ့ ပတ်သက် ပြီးဆွေးနွေးလိမ့်မယ်လို့ ထိုင်းစီးပွားကူးသန်းအမြဲတမ်း အတွင်း ဝန်ကပြောကြားပါတယ်။ လက်ရှိမှာထိုင်းအစိုးရ ဟာ ဈေးကွက် ပေါက်ဈေးထက် ၂ ဆနီးပါးပိုတဲ့ ဈေးတစ်တန် ဘတ် ၁၅၀၀၀ (ကန်ဒေါ်လာ ၄၇၈)နဲ့ ဝယ်ယူနေတာဖြစ်ပါတယ်။ ဆန်စပါးအပေါင်ခံအစီအစဉ်ဟာ လက်ရှိအစိုးရရဲ့ ရွေးကောက်ပွဲဝင်စဉ်ပေးခဲ့တဲ့ ကတိဖြစ်ခဲ့ပေမယ့် ဆန်တင်ပို့သူ တွေအနေနဲ့ ပြည်တွင်းဈေးပိုမိုမြင့်တက်ပြီး၊ နိုင်ငံတကာ ဈေး ကွက်မှာ ယှဉ်ပြိုင်နိုင်မှုမရှိဖြစ်လာတဲ့ ပြဿနာ နဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်ကစပြီး၊ အပေါင်ခံအစီအစဉ်ကို စတင်ခဲ့ရာ ယခု အချိန်ထိ အစိုးရ လက်ထဲမှာ တောင်သူတွေဆီက တန်ချိန် ၅ ဒသမ ၆၅ သန်း ဝယ်ယူထားပြီးဖြစ်သလို ဘတ်ငွေ ၈၀ ဘီလီယံ(ကန်ဒေါ်လာ ၂ ဒသမ ၅၄ ဘီလီယံ)ခန့်လည်း သုံးစွဲထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း တောင်သူတွေဆီက အပေါင်ခံတဲ့စပါး ဟာယခင်ရည်မှန်းထားတဲ့တန်ချိန် ၁၀-၂၅ သန်းထက် အလွန်ကိုနိမ့်ကျနေပါတယ်။ ဇန်နဝါရီလ ၂၄ ရက်နေ့က ဆန့်ကျင် ဘက်ပါတီက အစိုးရရဲ့ မအောင်မြင်တဲ့ အပေါင်ခံအစီ အစဉ် အပေါ် သုံးသပ်ပြောကြားခဲ့ကြောင်း သိရပါတယ်။ လမင်း Source:oryza.com
