အနိမ့်ဆုံးလုပ်ခရရှိတဲ့ဖိလစ်ပိုင်များ အာဆီယံနိုင်ငံအများစုထက် ဆန်ပိုမိုဝယ်ယူနိုင်

            ဖိလစ်ပိုင်နိုင်ငံရဲ့ အနိမ့်ဆုံးလုပ်ခလစာရရှိသူများဟာ အရှေ့တောင်အာရှနိုင်ငံအများစုက အနိမ့်ဆုံးလုပ်ခ လစာ ရသူတွေထက် ဆန်ပိုမို ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ နိုင်ငံတော် စာရင်းအင်းပူးပေါင်းရေးအဖွဲ့(NSCB)မှ ပြောကြား ချက်အရနိုင်ငံရဲ့ အနိမ့်ဆုံးလုပ်ခဟာ ၂၀၁၀ ခုနှစ်မှာ တစ်ရက် ကို ပီဆို ၂၇၀ ဒသမ ၉၈ (ကန်ဒေါ်လာ ၆ ဒသမ ၁၆)ဖြစ်လို့ ဆန် ၇ ဒသမ ၉ ကီလိုဝယ်ယူနိုင်တယ်လို့ ဆိုပါတယ်။                     ဒါကြောင့် တစ်ရက် ဆန် ၁၀ ဒသမ ၃ ကီလိုထိ ဝယ်ယူနိုင်တဲ့ ထိုင်းနိုင်ငံပြီးရင် ဖိလစ်ပိုင်က ဒုတိယနေရာမှာ ရှိနေ ပါတယ်။၂၀၁၀ မှာ ဆန်တစ်ကီလို ကန်ဒေါ်လာသုည ဒသမ ၇၈ သို့မဟုတ် ပီဆို ၃၄ ဒသမ ၃၄ ဖြစ်တဲ့ FAO ရဲ့ အချိုးနဲ့ အသုံးပြုတွက်ချက်ထားကြောင်း သိရပါတယ်။ ဒါကြောင့် ဖိလစ်ပိုင်ရဲ့ အနိမ့်ဆုံးလုပ်ခဟာ အခြားနိုင်ငံ တွေနဲ့ယှဉ်ရင် မနိမ့်ဘူးလို့ NSCB အထွေထွေအတွင်းရေးမှူး Romulo A Virola က ပြောကြားပါတယ်။                     ခရီးစရိတ်အနည်းငယ်ကြီးမြင့်ပေမယ့် လုပ်ခလစာ အားလုံး ဆန်တစ်မျိုးသာ ဝယ်ယူအသုံးပြုမယ် ဆိုရင်တောင် အာဆီယံအိမ်နီးချင်းနိုင်ငံတွေထက် အများကြီးနောက်ကျ မကျန်ပါဘူးလို့လည်း ဆိုပါတယ်။ ဒါတွေကို အခြေခံခြင်းအား ဖြင့် ဖိလစ်ပိုင်မှာ လုပ်ခလစာတိုးမြင့်ဖို့ မလိုအပ်ပါဘူးလို့ ဆိုပါတယ်။ဒါပေမယ့်လည်း အနိမ့်ဆုံးလစာသက်မှတ်မှုဟာ အခြား အချက်တွေကိုတော့ ထည့်သွင်းစဉ်းစားရမယ်လို့ Virola က ဆိုပါတယ်။ လဝန်း Source: riceonline