ဗီယက်နမ်နိုင်ငံက ၂၀၁၂ မှာ ဆန်တန်ချိန် ၆ ဒသမ ၅ သန်း - ၇ သန်း တင်ပို့ဖို့ရည်မှန်းထား

    ဗီယက်နမ်စားနပ်ရိက္ခာအသင်း င်္ဠဗ မှ ၂၀၁၂ ခုနှစ် ပထမနှစ်ဝက်၊ ဒုတိယနှစ်ဝက်တစ်ခုစီမှာ ဆန်တန်ချိန် ၃ ဒသမ ၅ သန်းတင်ပို့ခြင်းဖြင့် တစ်နှစ်လုံးအနေနဲ့တန်ချိန် ၆ ဒသမ ၅ သန်းမှ ၇ သန်းအကြားတင်ပို့ဖို့ ခန့်မှန်း ထားကြောင်းသိရပါ တယ်။ မကြာသေးခင်က ဟောင်ကောင်ကို ဆန်တန်ချိန် ၄ သောင်းတင်ပို့ခဲ့ကြောင်း အသင်းမှ ထုတ်ဖော်ပြောကြားခဲ့ပေမဲ့ စာချုပ်ချုပ်ဆိုတဲ့စာရင်းတွေအရ ၂၀၁၂ ပထမ ၃ လအတွင်း ဆန်တန်ချိန် ၁ ဒသမ  ၁သန်းခန့်သာ တင်ပို့နိုင်မှာဖြစ်လို့ ယခင်နှစ်ကာလတူထက် ၃၉ ရာခိုင်နှုန်းကျဆင်းတယ်လို့ သိရပါတယ်။ လက်ရှိ တင်ပို့မှုနှုန်းအတိုင်းသာဆိုရင် ၂၀၁၂ တစ်နှစ်လုံးမှာ တန်ချိန် ၄ ဒသမ ၄ သန်းခန့်သာ တင်ပို့နိုင်မှာ ဖြစ်လို့ ရည်မှန်းချက်ပြည့်မီဖို့ဆိုရင် နိုင်ငံရဲ့ဆန်တင်ပို့မှုနှုန်းကို မြှင့်တင်ဖို့လိုအပ် နေတာထင်ရှားပါတယ်။    ယခင်နှစ် ပထမ ၃ လအတွင်းမှာ ဆန်တန်ချိန် ၁ ဒသမ ၈ သန်းခန့် တင်ပို့ခဲ့ပြီး၊ အဲဒီနှုန်းအရ နှစ်ကုန်ပိုင်းမှာ ဆန် တန်ချိန် ၇ ဒသမ ၂ သန်းခန့် တင်ပို့ရမှာဖြစ်ပါတယ်။ အမှန်တော့ ၂၀၁၁ ခုနှစ်အတွင်းမှာ တန်ချိန် ၇ ဒသမ ၁ သန်း တင်ပို့ခဲ့ပါတယ်။ ၂၀၁၂ နှစ်ကုန်မှာ ဆန်လက်ကျန်တန် ချိန် ၁ သန်းနဲ့ ၁ ဒသမ ၅ သန်းအကြားရှိဖို့ မျှော်မှန်းထား ကြောင်းလည်း သိရပါတယ်။ ဗီယက်နမ်စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဇန်နဝါရီလအတွင်း ဆန်တင်ပို့မှုဟာ ယခင်နှစ်ထက် ၂၅ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၄ သိန်းသာတင်ပို့နိုင်မယ်လို့ မကြာသေးခင်က ပြောကြားခဲ့ပါတယ်။     ဗီယက်နမ်ဆန်ဈေးဟာ ယခင်လထက် အနည်းငယ် လျော့ကျပေမဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့လို ပြိုင်ဖက် ဆန်တင်ပို့ သူတွေထက် ပိုမိုနေတာကြောင့် ဗီယက်နမ်ကုမ္ပဏီများ စာ ချုပ် ချုပ်ဆိုနိုင်ခြင်းမရှိတဲ့အပေါ် ဝန်ကြီးဌာနမှ ခန့်မှန်းပြော ကြားခဲ့တာ ဖြစ်ပါတယ်။လဝန်း၊Source: oryza.com