ဗီယက်နမ် ဆန်စပါးတန်ဖိုးမြှင့်ဖို့ လယ်ယာကဏ္ဍကိုအလေးထားလာ

    ရာသီဥတုပြောင်းလဲမှု၊လယ်ယာမြေကန့်သတ်မှုနဲ့ လူဦး ရေတိုးပွားမှုများစတဲ့အခက်အခဲများနဲ့ အဓိကစပါးထုတ်လုပ်မှု မှာ ရင်ဆိုင်နေရတာကြောင့် စိုက်ပျိုးရေးကဏ္ဍက ဆန်စပါး တန်ဖိုးတက်ဖို့ ရည်ရွယ်ထားကြောင်း၊ စိုက်ပျိုးရေးနဲ့ ကျေးလက် ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးဌာနခေါင်းဆောင် ငုယင်ထရီငေါင်က ပြောကြားပါတယ်။ ဒါ့ကြောင့် အရည် အသွေးမြှင့်တင်ထားတဲ့ ဆန်တန်ချိန် ၆ ဒသမ ၈ သန်းတင်ပို့ဖို့ လည်း ဌာနမှ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။    ၂၀၁၆ ခုနှစ်တိုင်အောင် ပြောင်းလဲနေတဲ့ရာသီဥတုမှာ ရှင်သန်နိုင်ပြီး၊ အရည်အသွေးပိုမိုကောင်းမွန်တဲ့ အထွက်နှုန်း မြင့်စပါးမျိုးသစ်များ ဖန်တီးခြင်းနဲ့ သုတေသနပြုခြင်းစတဲ့ စီမံ ကိန်းများမှာ ရင်းနှီးမြှုပ်နှံမှု ဆက်လက် ဆောင်ရွက်သွားမယ် လို့ ဆိုပါတယ်။ ဒါ့အပြင်ကမ္ဘာ့ဈေးကွက်များ အထူးသဖြင့် အမေရိကန်နဲ့ ဥရောပဈေးကွက်မှာ ယှဉ်ပြိုင်နိုင်မှု မြှင့်တင်ဖို့ ွဗဏစနစ်အရထုတ်လုပ်မှုနဲ့ အကြီးစားစံပြလယ်ယာအဖွဲ့ အစည်းများ အပါအဝင် ဆန်တင်ပို့ဖို့ ကုန်သွယ်ရေးအမှတ် တံဆိပ် ရရှိအောင်လည်း ဆောင်ရွက်လိမ့်မယ်လို့ဆိုပါတယ်။    ဆန်ထုတ်လုပ်မှုကဏ္ဍမှာ ရိတ်သိမ်းချိန်လွန် လုပ်ငန်း စဉ်အတွက် နည်းပညာဖွံ့ဖြိုးဖို့နဲ့ စံချိန်မီစက်ရုံများ၊ သိုလှောင်ရုံ များကိုလည်း အဆင့်မြှင့်တင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ပြည်ပတင်ပို့တဲ့ ဆန်စက်များနဲ့ လယ်သမားများအကြား ဆန် ဝယ်ယူရေးစာချုပ်များကို အားပေးသွားမှာဖြစ်သလို ဆန် ဝယ်ယူရေး စနစ်တစ်ခု ကိုလည်း တည်ထောင်ဖို့ ရည်ရွယ်ထား တယ်လို့ဆိုပါတယ်။ စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဌာနစာရင်းအရ ဇန်နဝါရီလမှာ ကန်ဒေါ်လာ၂၄၀ သန်းဖိုး ဆန်တန်ချိန် ၄ သိန်းသာ တင်ပို့နိုင်လို့ ယခင်နှစ်ကာလတူနဲ့ ယှဉ်ရင် ပမာဏမှာ ၂၅ ဒသမ ၄ ရာခိုင်နှုန်း လျော့ကျပေမယ့် တန်ဖိုးအားဖြင့် ၁၄ ဒသမ ၂ ရာခိုင်နှုန်း သာလျော့ကျတယ်လို့ သိရပါတယ်။    ဗီယက်နမ်ရဲ့ ၂၅ မှတ်ဆန်ဈေးကွက်ဟာ အိန္ဒိယ၊ မြန်မာနဲ့ ပါကစ္စတန်ကို ဆုံးရှုံးသွားခဲ့ရလို့ အာဖရိက ဈေးကွက် ဝေစုကို ၂၀ ရာခိုင်နှုန်းခန့် လက်လွတ်ခဲ့ရတယ်လို့ သိရပါ တယ်။ ၂၀၁၁ ခုနှစ်အတွင်း တန်းနိမ့်ဆန် တင်ပို့မှုမှာ ၆၁ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၅ မှတ်ဆန်နဲ့ ဆန်မွှေးတင်ပို့မှုမှာ ၅ ရာခိုင်နှုန်းနဲ့ ၁၀၀ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။                      လဝန်း၊Source: VNS