မူဆယ်မှ ပရဆေးအပို့ရှိသော်လည်း တမူးမှ အသွင်းနား

     မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၃၂၇ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၂၁၇ တန်ခန့် အသွင်းရှိခဲ့ပြီး တမူးနယ်စပ်မှ ယခုအပတ်ပရဆေး ကုန်ကြမ်း အသွင်းနားခဲ့ပါတယ်။ ယခုအပတ် မူဆယ်မှ တင်ပို့ တဲ့ပရဆေးကုန်ကြမ်းတွေကတော့ဆီးဆန်၊ မိချောင်းကွမ်းဖတ် စေ့၊ ဝဥခြောက်၊ ကြောင်ပန်းစေ့၊ ကြောင်လျှာစေ့၊ နေလဲစေ့၊ ရွေးစေ့၊ ခပေါင်းစေ့နဲ့ ဒရင်ကောက်မြစ်တို့ ဖြစ်ကြပါတယ်။ ယခင်အပတ်ကတင်သွင်းမှုထက် ကြောင်ပန်းစေ့၊ ကြောင်လျှာ စေ့နဲ့ ခပေါင်းစေ့များသာ အနည်းငယ်ခန့်  တင်ပို့မှုပိုမိုခဲ့ပြီး ဇီးဆန်၊မိချောင်းကွမ်းဖတ်စေ့၊ ဝဥခြောက်၊ နေလဲစေ့၊ ရွေးစေ့နဲ့ ဒရင်ကောက်မြစ်တို့ အပို့သိသိသာသာ လျော့နည်းခဲ့တယ်လို့ သိရပါတယ်။                       MIRT (DOBT)