အင်ဒိုနီးရှားနိုင်ငံ ဘူးလော့ဂ်အေဂျင်စီကို မြန်မာ့ဆန် တန် ၅၀၀၀ တင်ပို့ပြီ

    မြန်မာနိုင်ငံမှ အင်ဒိုနီးရှားကို ဆန်တန်ချိန် ၂ သိန်းတင်ပို့ဖို့ ယခုနှစ်ဆန်းပိုင်းမှာ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း နဲ့ ဘူးလော့ဂ်အေဂျင်စီတို့ ၂ နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီးနောက် ပထမအသုတ်အနေနဲ့ ဆန်တန်ချိန် ၅၀၀၀ ကို ဖေဖော်ဝါရီလ ၂၃ ရက်မှာ သင်္ဘောတင်ပို့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းအသင်း အတွင်းရေးမှူး ဦးရဲမင်းအောင်မှ ပြောကြားပါတယ်။ ဆက်လက်ပြီး ဇွန်၊ ဇူလိုင်လတွေမှာ ပိုမိုတင်ပို့နိုင်အောင် ဆောင်ရွက်သွားမယ်လို့လည်း ထပ်လောင်း ပြောကြားပါတယ်။    မတ်လနဲ့ ဧပြီလများဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ စပါးရိတ်သိမ်းကာလဖြစ်လို့ အင်ဒိုနီးရှားနိုင်ငံ စပါးရိတ်သိမ်းပြီးတဲ့ ဇွန်လ နောက်ပိုင်းမှာ ပိုမိုတင်ပို့နိုင်အောင် ကြိုးစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံဖို့ ၂၀၁၀ အတွင်းမှာ ဆန်တန်ချိန် ၂ သန်းတင်သွင်းမှာ ဖြစ်ပြီး ယင်းနိုင်ငံရဲ့ ဆန်တင်သွင်းမှု အများဆုံးကာလတွေကတော့ သြဂုတ်လမှ နိုဝင်ဘာလအတွင်း ဖြစ်တယ်လို့ သိရပါတယ်။                                               လမင်း