ထိုင်းလယ်သမားများအနေနဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်ကြဖို့ စိုက်ပျိုးရေးသမဘဏ်မှ သတိပေးပြောကြား
လယ်သမားများအနေနဲ့ ဆန်အပေါင်ခံအစီအစဉ်ကို လိမ်ညာပြီး၊ ဆန်စက်လုပ်ငန်းရှင်များနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ မပြုရေး၊ ထိုင်းစိုက်ပျိုးရေးနဲ့ စိုက်ပျိုးရေးသမဘဏ် (BAAC)မှ သတိပေးပြောကြားထားကြောင်း သိရပါတယ်။ အစိုးရကိုယ် စား ဆန်အတွက်ငွေပေးချေနေရတဲ့ BAAC ဟာ အချို့လယ် သမားများက ဆန်စပါးပမာဏတစ်ခုထဲကို နှစ်ကြိမ်အပေါင်ခံ ခြင်းဖြင့် ဥပဒေကို ချိုးဖောက်နေတယ်လို့ ယုံကြည်ယူဆလျက် ရှိနေပါတယ်။ နိုင်ငံအရှေ့မြောက်ပိုင်းကBuri Ram၊ Surim၊ Si Sa Ket၊ Yasothon နဲ့ Ubom Rafehathani စတဲ့ ပြည်နယ် များက အချို့လယ်သမားများဟာ အပေါင်ခံအစီအစဉ်မှ ငွေ လိမ်လည်နေကြခြင်းကို စစ်ဆေးရေးအဖွဲ့မှ တွေ့ရှိခဲ့ကြောင်း သိရပါတယ်။ တောင်သူများဟာ ၎င်းတို့ စပါးအပေါင်ခံဖို့ ဆန်စက်များကို ဘတ် ၁၀၀၀၀ သာပေးဖို့ခွင့်ပြုထားကြတယ် လို့ဆိုပါတယ်။ အဲဒီလို လိမ်လည်ယူတဲ့ စပါးပမာဏမများ ပေမယ့် တရားမဝင် ဆောင်ရွက်တဲ့ ဆန်စက်ရော တောင်သူ ၂ ဦးလုံးပါ ချေးငွေဖွံ့ဖြိုးတိုးတက်မှု ဒုတိယ ဥက္ကဌ Supat Eau Chai မှ သတိပေး ပြောကြားကြောင်း သိရပါတယ်။ အပေါင်ခံပမာဏဟာ လယ်သမား တစ်ဦးချင်းရဲ့ အများ ဆုံးထွက်ရှိမယ့် ပမာဏကို တွက်ချက် ခွင့်ပြုထားတာ ဖြစ်လို့ ယခုအပေါင်ခံအစီအစဉ်က မရိုးသားမှုကို အားပေးစေတယ် လို့လည်း ၎င်းင်းကဆိုပါတယ်။ တောင်သူများစွာဟာ စပါး ပေါင်နှံရမယ့် ဝေစုထက်လျော့ပြီး ထုတ်လုပ်နိုင်တာကြောင့် ကိုတာစပါးက ပိုလျှံနေပါတယ်။ တစ်ဆက်ထဲမှာ ဆန်စက် များဟာ ၎င်းင်းတို့ကို စပါးအပေါင်ခံဖို့ တောင်သူများနဲ့ ပူးပေါင်း လိမ့်မယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီလ ၁၇ ရက် အစိုးရအရာရှိများ ပြောကြား ချက်အရ တောင်သူ ၁ ဒသမ ၀၆ သန်းက စပါးအပေါင်ခံ အစီအစဉ်နဲ့ ဆက်သွယ်ပြီး၊ စပါးတန်ချိန် ၆ ဒသမ ၄၃ သန်းအပေါင်ထားခဲ့တယ်လို့ သိရပါတယ်။ စုစုပေါင်းဘတ် ၁၀၇ ဘီလီယံ(ကန်ဒေါ်လာ ၃ ဒသမ ၅၁၅ ဘီလီယံ)ကို တောင်သူတွေအတွက် ပေးချေထားပြီး ဖြစ်တယ်လို့ ဆိုပါ တယ်။ ၂၀၁၁-၁၂ အဓိက စပါးရာသီမှ စပါးတန်ချိန် ၇ ဒသမ ၅ သန်းခန့်ဟာ ဖေဖော်ဝါရီလ ၂၉ ရက်မှာ ကုန်ဆုံးတဲ့ အပေါင်ခံ အစီအစဉ်မှာ အပေါင်ထားရှိမယ်လို့ BAAC မှ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် အစိုးရကတော့ မတ်လမှာ စတင်မယ့် ဒုတိယသီးထပ်စပါးထိ အပေါင်ခံသွားမှာဖြစ်ပြီး၊ ဘတ် ၁၂၀ ဘီလီယံ(ကန်ဒေါ်လာ ၃ ဒသမ ၉၄ ဘီလီယံ) သုံးစွဲသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့် အဲဒီအစီအစဉ်ကို စပါးပမာဏ အမြင့်ဆုံးထွက်ရှိမှုအစား တောင်သူများရဲ့ ပျမ်းမျှ ထွက်ရှိမှုအပေါ် အခြေခံပြီး၊ အပေါင်ထားရမယ့် ပမာဏကို သတ်မှတ်သွားမှာဖြစ်ပြီး၊ တောင်သူများအနေနဲ့ အများဆုံး ဘတ် ၅ သိန်း လက်ခံရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။လမင်းSource: riceonline
