ပါကစ္စတန်က အိန္ဒိယဆန်ကို စတင်တင်သွင်းနေပြီ

    ပါကစ္စတန်သမိုင်းမှာ ပထမအကြိမ်အနေနဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံကဆန်များ တင်သွင်းမှုကို စတင်ခဲ့ ကြောင်းသိရပါ တယ်။ပါကစ္စတန်ဝယ်လက်များဟာ အိန္ဒိယဆန်တန်ချိန် ၂၅၀၀၀ ထက်မနည်းကို ပထမကြိမ် မှာယူခဲ့ကြောင်းနဲ့ တန်ချိန် ၁၀၀ နီးပါးမှာ ပန်ဂျပ်ဈေးကွက်ကို ရောက်ရှိပြီဖြစ် ကြောင်းသိရပါတယ်။ အိန္ဒိယဆန်က ဗီယက်နမ်၊ ထိုင်းနဲ့ အခြားနိုင်ငံ များထက် ဈေးနှုန်းချိုသာတာကြောင့် နောက်ထပ် အမှာအော်ဒါများ ထပ်မှာဖွယ်ရှိတယ်လို့ သိရပါတယ်။    ပါကစ္စတန်နိုင်ငံမှာ ဆန်သိုလှောင်မှု အမြောက်အမြား ရှိတဲ့တိုင် အိန္ဒိယ ကုန်စည်များဝင်လာခြင်းဟာ သမိုင်းမှာ အဓိက ဖွံ့ဖြိုးမှုတစ်ခုဖြစ်တယ်လို့ Harvest Trading rS Ahmad Jawad  မှ ပြောကြားပါတယ်။ ဒါပေမဲ့ အဲဒီဖွံ့ဖြိုးမှုက လက်လီဝယ်ယူသူများအတွက် အကျိုးအမြတ်ရှိနိုင်ပေမဲ့ နယ်စပ်မှဈေးသက်သာတဲ့ ဘာစမာတီ ဆန်တင်သွင်းခြင်းဖြင့် နိုင်ငံရဲ့ ပြည်တွင်းဈေးကို ပိုမိုယှဉ်ပြိုင်လာနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ပြည်တွင်းဆန်က ထူးခြားတဲ့ အရသာကြောင့် ပြည်တွင်းဈေးကွက်မှာ အရေးပါတဲ့နေရာမှာ ရှိနေဆဲပါလို့လည်း ဆိုပါတယ်။              လဝန်း၊Source: riceonline