အိန္ဒိယကုလားပဲအဝယ်ရှိလာလို့ ဈေးအနည်းငယ်တိုးလာ

    အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ရောင်းချမှုအကန့်အသတ်ရှိပြီး လက်တွေ့ ဝယ်လိုအားကောင်းလာလို့ ကုလားပဲဈေးအနည်းငယ်တိုးလာပါတယ်။ ကုလားပဲ အထွက်က ယခင်နှစ်ထက် ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်တဲ့ သတင်းများအရ ကုလားပဲကြိုပွိုင့်ဈေး ခိုင်မာနေသလို လက်ငင်းအဝယ်ရှိတာကြောင့် ဈေးတိုးလာတာ ဖြစ်ပါတယ်။ လာမယ့်ရက်တွေမှာလည်း ဈေးဆက်လက်ခိုင်မာဖွယ်ရှိတယ်လို့ ခန့်မှန်း ကြပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြ လိုက်ပါတယ်။    ဒေါ်လာ/ တန်                     ၂၄-၂-၂၀၁၂    ၂၃-၂-၂၀၁၂    ၂၂-၂-၂၀၁၂    ၂၁-၂-၂၀၁၂မွန်ဘိုင်း            ၇၂၈-၇၃၃           ၇၁၁               ၇၀၀          ၆၈၅-၆၉၀ဒေလီ               ၇၆၉-၇၇၄          ၇၆၂-၇၆၇       ၇၄၆-၇၅၁    ၇၄၁-၇၄၆အင်ဒိုရီ             ၇၁၃-၇၁၈           ၇၁၁-၇၁၆      ၇၀၀-၇၀၅            -MIRT(MAPT)