လုပ်ငန်းရှင်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး

တရုတ်နိုင်ငံရဲ့ အကြီးဆုံးအိမ်ရာဆောက် လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ "ပေကျင်းကက်ပီ တယ်အုပ်စု"ရဲ့ ဥက္ကဋ္ဌဖြစ်သူ လျိုရှောက်ဂွမ်ဟာ ၂၀၀၃ ခုနှစ် အောက်တိုဘာလကအတွင်း မွန်ဂိုရီး ယားပြည်နယ်မြောက်ပိုင်းရှိ သဲကန္တာရကြီးအနား က အပန်းဖြေစခန်းတစ်ခုသို့ ရောက်ခဲ့စဉ်  အဲဒီ ဒေသရဲ့ သဲကန္တာရတွေ ကြီးထွားကျယ်ပြန့်လာမှုရဲ့ အန္တရာယ်ကို ကိုယ်တိုင်သိမြင်ခဲ့ရပါတယ်။ သဲ ကန္တာရအတွင်း ပေါက်ရောက်နေတဲ့ အပင်ဦးရေ ရဲ့ပမာဏဟာ တဖြည်းဖြည်း ရုတ်လျော့လာပြီး တစ်နှစ်ကို သဲကန္တာရရဲ့အကျယ်အဝန်းဟာ စတု ရန်းကီလိုမီတာ ၁၀၀၀ ကျော် တိုးပွားလာနေတာ တွေ့မြင်ခဲ့ရပါတယ်။ အဲဒီသဲကန္တာရ တွေမှာဖြစ်ပွား လေ့ရှိတဲ့ သဲမုန်တိုင်းတွေရဲ့ သဲမှုန့်တွေဟာ ကီလို မီတာ ၁၀၀၀ အကွာအဝေးကိုရောက်ရှိတဲ့အတွက် ပေကျင်းမြို့ကြီးအပါအဝင် အရှေ့အာရှမြို့တွေရဲ့ အထက်ကောင်းကင်ယံအထိ  ရောက်ရှိခဲ့ပါတယ်။ လျှိုရှောက်ဂွမ်ဟာ မဆုံးနိုင်အောင် ကျယ်ဝန်းတဲ့ သဲခုံတွေကိုကြည့်ပြီး စိုးရိမ်စိတ်တွေဖြစ်ပွားလာခဲ့ ပါတယ်။ ဒါကြောင့် သူ့မှာရှိတဲ့ စွမ်းအားတွေနဲ့ သဲကန္တာရတွေ ကျယ်ပြန့်လာတာကို ဟန့်တားဖို့နဲ့ မကြာခဏကျရောက်နေတဲ့ သဲမုန်တိုင်းတွေရဲ့ရန် ကိုကာကွယ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။၂၀၀၄ ခုနှစ် ဇွန်လ ၅ ရက် ကမ္ဘာ့ပတ်ဝန်း ကျင်နေ့မှာ လျိုရှောက်ဂွမ်နဲ့ တရုတ်နိုင်ငံက ထင် ရှားတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်ပေါင်း ၁၀၀ ဟာ သဲကန္တာရတွေ ကျယ်ပြန့်လာတာကို ဟန့်တားဖို့ ရည်ရွယ်ပြီး "ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဂေဟ စနစ် ထိန်းသိမ်းရေးအဖွဲ့အစည်း (Society of Entrepreneurs and Ecology-SEE)  ကို" တည် ထောင်ခဲ့ပါတယ်။ အဲဒီ  SEE   အဖွဲ့အစည်းမှာပါ ဝင်တဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးတွေဟာ အတွင်း မွန်ဂိုးရီးယားပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေ၊ သဲမုန် တိုင်းတွေ လျော့နည်းသွားအောင် ကာကွယ်တဲ့ စီမံကိန်းတွေမှာ အသုံးပြုဖို့  လုပ်ငန်းရှင်တစ်ဦး ကို နှစ်စဉ်ယွမ်ငွေတစ်သိန်း (အမေရိကန်ဒေါ်လာ ၁၅၈၆၆) နဲ့ ၁၀ နှစ်ဆက်တိုက်ထည့်ဝင်ဖို့ သဘော တူခဲ့ကြပါတယ်။ သဲမုန်တိုင်းတွေဖြစ်ပွားမှု  လျော့ ကျသွားအောင် အဓိကရည်ရွယ်ခဲ့ပေမယ် အဲဒီ လုပ်ငန်းနဲ့ဆက်နွယ်နေတဲ့ သဲကန္တာရတွေကျယ်ပြန့် လာတဲ့ပြဿနာတွေကိုလည်း အဖြေရှာပြီး ဖြေရှင်း ခဲ့ပါတယ်။ ဌာနေလယ်သမားတွေကို ပတ်ဝန်း ကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင် ရွက်လာအောင် စည်းရုံးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ် စုနှစ်အတွင်း  သဲကန္တာရတွေအတွင်း စိုက်ပျိုးနိုင် တဲ့အပင်တွေကို စိုက်ပျိုးကြဖို့၊ စားကျက်တွေ ပျိုး ထောင်ကြဖို့ အကူအညီပေးခဲ့ပါတယ်။ SEE  ကို  စတင်တည်ထောင်ချိန်ကစလို့ ယခုအချိန်အထိ ယွမ်ငွေ ၃ ဒသမ ၃ သန်းသုံးစွဲပြီး သဲကန္တာရတွေ မကျယ်ပြန့်လာစေအောင် ထိန်း သိမ်းကာကွယ်ရေးလေ့လာတဲ့အဖွဲ့ပေါင်း ၁၃ ဖွဲ့ ကို ငွေကြေးထောက်ပံ့တာ၊ ယွမ်ငွေ ၁၉ သန်းသုံး စွဲပြီး သဲကန္တာရတစ်ဝိုက်ရှိ ကျေးရွာပေါင်း ၁၅ ရွာမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး  စီမံ ကိန်းတွေအတွက်  ပံ့ပိုးတာတွေ လုပ်ဆောင်ခဲ့ပါ တယ်။ အဲဒီပံ့ပိုးမှုတွေကြောင့် စားကျက်မြေဟက် တာပေါင်း ၅ သောင်းခန့် ပြန်လည်ပျိုးထောင် နိုင်ခဲ့ပြီး သဲကန္တာရတွင်း ဟက်တာပေါင်းတစ်သိန်း ကျော်မှာ  ကန္တာရအပင်တွေကို စိုက်ပျိုးနိုင်ခဲ့ပါ တယ်။ ရေကုဗမီတာ ငါးသန်းနီးပါးအသုံးပြုနိုင် အောင်စီစဉ်ပေးနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ကုန်မှာ  SEE   အဖွဲ့အစည်းကြီးဟာ ယွမ်ငွေ ၈ ဒသမ ၇ သန်းမတည်တဲ့ ဖောင်ဒေးရှင်းတစ်ခုကို တည် ထောင်ခဲ့ပြီး မိမိဆောင်ရွက်နေတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးစီမံကိန်းပေါင်း ၆၄ ခုကို ထောက်ပံ့ နေတယ်လို့သိရပါတယ်။၂၀၀၅ ခုနှစ်ကတည်းက  တခြား NGO  ပတ်ဝန်းကျင်ထိန်းသိမ်းရေး  အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ TNC   နဲ့ပူးပေါင်းပြီး  "SEE-TNC  ပတ် ဝန်းကျင်ထိန်းသိမ်းရေးဆု"ကိုသတင်းထောက်တွေ၊ ဥပဒေပညာရှင်တွေနဲ့ NGOs  အဖွဲ့အစည်းတွေကို နှစ်စဉ်ပေးလာခဲ့ပါတယ်။ ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း စုစုပေါင်း ၁၀၀ ကျော်ကို ဆုငွေပေါင်း ယွမ် ၃ ဒသမ ၆သန်းပေးခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးခေါင်းဆောင်သင်တန်း ကိုဖွင့်လှစ်ခဲ့ပြီးNGOs  အဖွဲ့တွေကခေါင်းဆောင် ပေါင်း ၅၇ ဦးနဲ့ တက္ကသိုလ်ပေါင်း ၉၄ ကျောင်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဝင် ကျောင်းသား ပေါင်း ၇၀၈ ဦးကိုလည်း သင်တန်းပေးခဲ့ပါတယ်။၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ဂွမ်တုံပြည်နယ် ဂွမ်ကျိုးမြို့မှာ အခြေစိုက်တဲ့ "တရုတ်နိုင်ငံတောင်ပိုင်းမီဒီယာအုပ်စု"က ပုဂ္ဂလိက လုပ်ငန်းရှင်တွေဦးဆောင်တဲ့ SEE   အဖွဲ့အစည်း ကြီးကို သဲမုန်တိုင်းတွေဖြစ်ပွားမှု  အကြိမ်ကို လျှော့ချနိုင်အောင် ဆောင်ရွက်နိုင်ခဲ့မှုနဲ့ နိုင်ငံရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ဦး ဆောင်လုပ်ကိုင်မှုတွေအတွက် "တရုတ်နိုင်ငံရဲ့အိပ် မက်  (China Dream ) "ဆုကို ချီးမြှင့်ခဲ့တယ်လို့ သိရကြောင်းပါခင်ဗျား။   ။Ref:'' Green Capitalists"(bjreiew.com)