မြေသြဇာ အဝင်ပိုခဲ့
မြေသြဇာ အဝင်ပိုခဲ့ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၅ ရက်တာ ကာလအတွင်း ဓာတ်မြေသြဇာ တန်ချိန် ၁၅၀၇ ဒသမ ၃၁၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ လေးသိန်းခြောက်သောင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ တရုတ်နိုင်ငံမှ ယူရီးယားမြေသြဇာ ၄၁၇ ဒသမ ၈၁ တန်၊ အခြားမြေသြဇာက တန်ချိန် ၃၉၀၊ ရုရှားမှ ကွန်ပေါင်းမြေသြဇာ တန်ချိန် ၃၉၂ ၊ စင်ကာပူနိုင်ငံမှ သြဂဲနစ်မြေသြဇာ ၃၀၇ ဒသမ ၅၀ တန်အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် မြေသြဇာတင် သွင်းမှုက တန်ချိန် တစ်ထောင့်ခုနစ်ရာကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ ယှဉ်ရင် နှစ်ဆယ့်ခြောက်တန်ကျော်လောက် ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT (DOT)နယ်စပ်မှ ဓာတ်မြေသြဇာ ၁၀၀၀၀ ကျော်သွင်းဖေဖော်ဝါရီ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၀၇၈ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၀၆၈၈ တန်ကို မူဆယ်၊ ကော့သောင်းနဲ့ ရိဒ်နယ်စပ်များမှ အသွင်းရှိခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၀၁၇၇ တန်ကျော်၊ ကော့သောင်းမှ ၂၂၄ တန်ကျော်နဲ့ ရိဒ်မှ ၂၈၆ တန်ခန့်ဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေ ကတော့ ယူရီးယား၊ ကွန်ပေါင်း၊ နိုက်တြိတ်ပိုတက်ရှ်၊ အမိုးနီးယမ်းနိုက်တြိတ်နှင့် တီစူပါဖော့စဖိတ်၊ ရိဒ်မှ ပိုတက်ရှ်နှင့် ကော့သောင်းမှ အမိုးနီးယားတို့ ဖြစ်ကြပါ တယ်။ မူဆယ်နဲ့ ကော့သောင်းနယ်စပ်များမှ ယခင်အပတ်ကထက် အသွင်းပိုခဲ့ပြီး ရိဒ်နယ်စပ်မှ လျော့နည်းတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ MIRT (DOBT)အရောင်းအေး ပြောင်းလဲမှုမရှိတဲ့ ဓာတ်မြေသြဇာဈေးမော်လမြိုင်ဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းအေးနေတယ်လု့ိ သိရပါတယ်။ ဒီအချိန်မှာက တီစူပါ ၄၆% သံကွင်းတရုတ်နဲ့ ကွန်ပေါင်း သာနည်း နည်းအသုံးရှိတယ်လို့ မြေသြဇာအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ အရောင်းအေးတာနဲ့အမျှ ဈေးကလည်း မပြောင်းဘဲငြိမ်နေတယ် လို့ ပြောပါတယ်။ ဈေးနှုန်းတွေက ယခင်တစ်ပတ်ဈေးအတိုင်း ယူရီးယား ပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) တရုတ်က၂၂၅၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း)က ၃၅၀၀၀ကျပ်၊ ကွန်ပေါင်း (ပန်းရောင်) ထိုင်းက ၃၀၀၀၀ ကျပ်၊ တီစူပါ ၄၆ % (သံကွင်း-တရုတ်)က ၂၇၅၀၀ ကျပ် ၊ တီစူပါ ၁၆ % (မြှားကမ္ဘာ-တရုတ်) နဲ့ တီစူပါ ၁၆% (မြှားကမ္ဘာ) တရုတ်က ၁၃၀၀၀ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာတော့ ဓာတ်မြေသြဇာက အရောင်းပုံမှန်ရှိတယ်လို့ မြေသြဇာအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ အရောင်းကပုံမှန်ရှိပေမယ့် ဈေးကတော့ အကျဘက်မှာရှိနေတယ်လို့လဲပြောပါတယ်။ မြေသြဇာက တစ်မျိုးကို အနည်းဆုံး ငါးရာကျပ်လောက်ဈေး ကျလာပါတယ်။ ယူရီးယား-ပုလဲ (ကမ္ဘာလုံး-ပန်းဖူး-ရွှေတောင်) တရုတ်က ၂၀၀၀၀ ကျပ်၊ တီစူပါ ၁၂% (တရုတ်) က ၉၅၀၀ ကျပ်နဲ့ တီစူပါ ၁၆% (တရုတ်) က ၁၀၀၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၅၀၀၀ ကျပ်၊ တီစူပါ (၁၀း၁၀း၅)(တရုတ်)က ၁၃၅၀၀ ကျပ်၊ ဓါတ်ဆား (တရုတ်) ၁၇၀၀၀ ကျပ်၊ ပိုတက်(တရုတ်)က ၂၆၅၀၀ ကျပ်၊ မြှားကမ္ဘာက ၁၅၀၀၀ ၊ ယူရီးယား (ယူအေအီး) က ၁၉၀၀၀ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းအေးတယ်လို့ သိရပါ တယ်။ ဒီအချိန်မှာ ကြက်သွန်အတွက်သာ အနည်းငယ်အသုံးရှိတာလို့ ပြောပါတယ်။ အာမိုတစ်မျိုးသာ ယခင်တစ်ပတ်ဈေးအတိုင်း အရောင်းအဝယ် ဖြစ်ပြီး ကျန်မြေသြ ဇာတွေက ၂၀၀ ကျပ်မှ ၅၀၀ ကျပ်အတွင်း ဈေးကျတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ မြှားကမ္ဘာ(တရုတ်) ၁၂း၁၃ (အပြာ)က ၁၅၆၀၀ ကျပ်၊ (အစိမ်း) က ၁၅၂၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ က ၁၆၀၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ က ၃၃၃၀၀ ကျပ်၊ ယူရီးယားပုလဲ-ပန်းဖူး(တရုတ်)က ၂၁၅၀၀ ကျပ်၊ ယူရီးယား ပုလဲ-ရွှေတောင် (တရုတ်)က ၂၀၄၀၀ ကျပ်၊ တီစူပါ (မြှားနီ-တရုတ်) ၂၂၅၀၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၇၀၀၀ ကျပ်နဲ့ ပိုတက် ၂၇၀၀၀ ဈေးနဲ့ ဒီတစ်ပတ်အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ရန်ကုန်ဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းပုံမှန်ရှိတယ်လို့ မြေသြဇာ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ အရောင်းပုံမှန်နဲ့ဈေး ကလည်း ပုံမှန်ဘဲရှိတယ်လို့ပြောပါတယ်။ ဒီအချိန်က မြေသြဇာအသုံးနည်း လို့ ဈေးကလည်း ငြိမ်နေတာလို့ သိရပါတယ်။ ဒီအချိန်က ယူရီးယားနဲ့ ကွန်ပေါင်းပဲ အသုံးရှိတာ ကြောင့် ဒီနှစ်မျိုးကဘဲ ပုံမှန်အရောင်းရှိပြီး ကျန်တာက အရောင်းအေးတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ယူရီးယား(ကမ္ဘာလုံး၊ရွှေတောင်) တရုတ် ၁၉၀၀၀ ကျပ်၊ တီစူပါ (သံကွင်း) ၂၁၀၀၀ ကျပ်၊ တီစူပါ ၁၆%က ၈၅၀၀ ကျပ်၊ တီဆူပါ ၁၂ % ၈၀၀၀ ကျပ်၊ ပိုတက် (အိန္ဒိယ) ၂၅၀၀၀ ကျပ်၊ ကွန်ပေါင်း (၁၅း၁၅း၁၅-တရုတ်) တိုးနယားက ၂၄၀၀၀ ကျပ်နဲ့ ကွန်ပေါင်း ၁၃း၅း၇ က ၁၂၇၀၀ ကျပ်၊ ကွန်ပေါင်း ၁၀း၁၀း၅ ၁၃၁၀၀ ကျပ်နဲ့ ရောင်းနေတယ်လို့ သိရပါတယ်။MIRT (DOT)
