ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပဲအထူးပြုကုမ္ပဏီများမှ ၂၀၁၁-၁၂ ပဲစိုက်ရာသီ တောင်သူများကို သွင်းအားစု စိုက်ပျိုးစရိတ်များ ပံ့ပိုးပေးလျက်ရှိ

    ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖွဲ့စည်းထားသော ပဲအထူးပြုကုမ္ပဏီများမှ တိုင်းအတွင်းမတ်ပဲ၊ ပဲတီစိမ်းများ အများဆုံးစိုက်ပျိုးလျက်ရှိတဲ့ မြို့နယ်များမှာ သွင်း အားစုဓာတ်မြေသြဇာနဲ့စိုက်ပျိုးစရိတ်များ ပံ့ပိုးပေးလျက်ရှိကြောင်း သိရှိရပါတယ်။     ဟင်္သာတမြို့နယ်ရှိ ငဝန်ဧရာ ပဲမျိုးစုံအထူးပြုကုမ္ပဏီ၊ ဇလွန်မြို့နယ်ရှိ ရွှေ ဇလွန်ပဲအထူးပြုကုမ္ပဏီနဲ့ ဇလွန်ရှေ့ဆောင် ပဲအထူးပြုကုမ္ပဏီ၊ ဓနုဖြူမြို့နယ်ရှိ ဒေါင်းတံခွန်ပဲအထူးပြုကုမ္ပဏီ၊ အင်္ဂပူမြို့နယ်ရှိ ဇမ္ဗူရွှေ ပဲအထူးပြုကုမ္ပဏီများမှ တောင်သူများ၊ ပဲစိုက်ပျိုးချိန် လုပ်ငန်းခွင်အခက်အခဲမရှိဆောင်ရွက်နိုင်ရန် မြို့နယ် ၄ မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၉၀၊ပဲစိုက်တောင်သူဦးရေ ၁၁၂၁၄ ဦး၊ စိုက် ဧက ၈၈၇၆၈ ဧကအတွက်သွင်းအားစုဓာတ်မြေသြဇာအိတ်ရေ ၆၅၀၀၊ ပံ့ပိုးငွေကျပ် ၃၈၅၈ သိန်း၊ စိုက်ရာသီ ပံ့ပိုးငွေကျပ် ၂၁၂၇၅ ဒသမ ၇၀ သိန်း၊ ပံ့ပိုးငွေစုစုပေါင်းမှာ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်အထိ ကျပ်သိန်းပေါင်း ၂၅၁၃၃ ဒသမ ၇၀ ပံ့ပိုးပြီး ကြောင်းသိရပါတယ်။                                  မင်းမင်းဦး