ဗီယက်နမ်ဆန်တင်ပို့သူများ ကုန်သွယ်ရေးနည်းဗျူဟာကို ပြန်လည်စဉ်းစားသင့်ကြောင်း တိုက်တွန်း

ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးသိပ္ပံတက္ကသိုလ် ဒါရိုက်တာ Bui  Chi  Buu   မှ ဆန်တင်ပို့သူများအတွက် ကုန်သွယ်ရေး ဗျူဟာအသစ် များ လိုအပ်နေပြီဖြစ်ကြောင်း ပြောကြားပါတယ်။ ယခုနှစ်ဆန်တင်ပို့မှု အတွက် အဓိက အခက်အခဲတွေကတော့ ကမ္ဘာ့ဈေးကွက်မှာ ဆန် ဈေးကျဆင်းတာကြောင့် ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံလို နိုင်ငံတော် တော်များများမှာ သီးနှံသိုလှောင်မှု အမြောက်အမြားရှိတဲ့အတွက် ယင်းနိုင်ငံများက ၎င်းတို့ သိုလှောင်ဆန်များကိုရှင်းထုတ်ဖို့ ရောင်းချမှု တိုးမြင့်လာခြင်းနဲ့အတူ မကြာသေးခင်လများမှာ ဆန်ဈေးက ကျဆင်း ခဲ့ပါတယ်။FAO   မှ ပြောကြားချက်အရ ယခုနှစ် နိုင်ငံတကာ ဆန်ကုန် သွယ်မှုက ယခင်နှစ်ဆန်တန်ချိန် ၃၄ သန်းရှိရာမှ ၃၁သန်းကို ကျဆင်း မယ်လို့ ခန့်မှန်းထားပါတယ်။ အဓိကတော့ ယခုနှစ် ဆန်ဝယ်လိုအား ကျဆင်းတာကြောင့်လို့ ဆိုပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဆန်သိုလှောင် မှုကတော့ အရင်က ပျမ်းမျှတစ်နှစ်ကို ဆန်တန်ချိန် သန်း ၁၀၀ ခန့်ရှိ ရာမှ ယခုနှစ်မှာ တန်ချိန် ၁၅၁ သန်းကို မြင့်တက်ဖွယ်ရှိပါတယ်။ ဒါကြောင့် နိုင်ငံတိုင်းက ၎င်းတို့သိုလှောင်ဆန်တွေ ရှင်းထုတ်ဖို့ ဆုံး ဖြတ်လာကြပြီး ကမ္ဘာ့ဆန်ဈေးအပေါ် ထိခိုက်လာတာဖြစ်ပါ တယ်။ဒါပေမယ့်  ရေရှည်မှာတော့ ကမ္ဘာ့ဆန်ဈေးက အရင်ကလို တစ်တန် ကန်ဒေါ်လာ ၃၀၀ ကို ပြန်ရောက်လာနိုင်စရာ မရှိပါဘူး။ ကမ္ဘာ့လူဦးရေတိုးပွားနေခြင်း၊ စိုက်ပျိုးမြေဧရိယာ လျော့ကျနေခြင်း တွေကြောင့် ရေရှည်မှာ စားနပ်ရိက္ခာ ဝယ်လိုအားက မကျဆင်းနိုင် ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ဆန်ထုတ်လုပ်နိုင်ငံအနေနဲ့ စားနပ် ရိက္ခာဖူလုံဖို့ ဒါမှမဟုတ် ပြည်ပတင်ပို့မှုကို ဦးစားပေးသင့်တယ်ဆိုတာ စဉ်းစားရမှာပါလို့လည်း ဆိုပါတယ်။Bui  Chi  Buu ရဲ့အမြင်အရ စားနပ်ရိက္ခာဖူလုံမှု ရေရှည်ဖွံ့ဖြိုး ရေးနဲ့ တိုးတက်မှုတည်ငြိမ်စေဖို့ သင့်တော်ဆုံးကို ထိပ်တန်း ဦးစားပေး သင့်တယ်လို့ဆိုပါတယ်။ ရေရှည်စားနပ်ရိက္ခာဖူလုံမှုကိုချန်ပြီး ပြည်ပ တင်ပို့မှုပမာဏ အလွန်များဖို့ အလေးမထားသင့်ပါဘူးလို့ ဆိုပါ တယ်။ လာမယ့်  မျိုးဆက်သစ်များအတွက် ဆန်ထုတ်လုပ်မှုကို ထိခိုက်စေပြီး၊ သဘာဝပတ်ဝန်းကျင်မျှခြေကို ပျက်စီးစေနိုင်မယ့် သီးနှံ များတိုးမြင့်ခြင်းနဲ့ ဆန်စပါးစိုက်ပျိုးမြေ ချဲ့ထွင် ခြင်းမလုပ်သင့်ပါဘူးလို့ ဆိုပါတယ်။ဆန်တင်ပို့သူများအနေနဲ့ ပုံမှန်ဈေးနှုန်းရရှိမယ့်နည်းကို စဉ်းစား သင့်ပါတယ်လို့ဆိုပါတယ်။ ဒါကြောင့် ပြည်တွင်းဆန်ဈေး တည်ငြိမ် ဖို့နဲ့ တောင်သူများတည်ငြိမ်တဲ့ ဝင်ငွေရရှိဖို့ တစ်နှစ်ကို ဆန်တန်ချိန် ၅-၆ သန်းခန့်သာ အမြဲတင်ပို့နိုင်ဖို့ ကြိုးစားသင့်တယ်လို့ဆိုပါတယ်။ ဆန်တင်ပို့ဈေးနှုန်းတည်ငြိမ်ဖို့ နိုင်ငံအနေနဲ့ စဉ်းစားသင့်ပါတယ်။ ဗီယက်နမ်ဆန်ကို အမည်ကောင်းအဖြစ်လည်းကောင်း၊ ဂုဏ်အဖြစ် လည်းကောင်းပြုလုပ်ရမှာဖြစ်လို့ ဆန်ကုန်သွယ်မှု နည်းဗျူဟာကို ပြောင်းလဲရတော့မယ်လို့ ၎င်းကဆိုပါတယ်။လုပ်ငန်းရှင်များအနေနဲ့ ထုတ်လုပ်မှုအခြေခံအဆင့်မှ လယ် သမားများကို အထောက်အပံ့ပြုဖို့ လယ်သမားများနဲ့ ချိတ်ဆက်မှု မြှင့်တင်ရမှာဖြစ်ပါတယ်။ လတ်တလော အကြီးစား လယ်ကွင်းများ အတွက် စံပြပုံစံအပါအဝင် ဆန်ထုတ်လုပ်မှုရဲ့ စံနမူနာကောင်းများကို ဆောင်ရွက်နေပါတယ်။ အဲဒီ စံပြမော်ဒယ်လ်များအရ ထုတ်လုပ်တဲ့ ဆန်များဟာ အရည်အသွေးကောင်းမွန်တဲ့အတွက် အမည်ကောင်း တစ်ခုအဖြစ် မြှင့်တင်ဖို့လွယ်ကူစေမယ်လို့ ဆိုပါတယ်။    အကယ်လို့သာ ဗီယက်နမ်ဆန်ကလည်း ထိုင်းဆန်လိုပဲ ဂုဏ် သတင်းနဲ့ အမည်ကောင်းရရှိရင် ဆန်တင်ပို့သူတွေအနေနဲ့ စိုးရိမ်ဖို့ မလိုပါဘူးလို့ ဆိုပါတယ်။ ဆန်ကျွမ်းကျင်သူ တော်တော်များများက ဗီယက်နမ်အနေနဲ့ ဆန်မွှေး တိုးစိုက်သင့်တယ်လို့ ဆိုကြပါတယ်။ လက်ရှိကမ္ဘာ့ဆန်အားလုံးဝယ်လိုအားက တစ်နှစ်ကို တန်ချိန် သန်း ၃၀ ခန့်ရှိပါတယ်။ ဆန်မွှေးဝယ်လိုအားက ၁၀ ရာခိုင်နှုန်းအောက် သို့မဟုတ် တန်ချိန် ၂-၃ သန်းခန့်ရှိပါတယ်။ထိုင်းနိုင်ငံက ဆန်မွှေးဈေးကွက်မှာ နှစ်စဉ်တန်ချိန် ၁ ဒသမ ၅ သန်း - ၁ ဒသမ ၈ သန်းနဲ့ လွှမ်းမိုးထားပြီး၊ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံပေါင်း၊ တန်ချိန် ၃ သိန်း - ၄ သိန်းခန့် ရောင်းချမှုရှိပါတယ်။ ဒါကြောင့် အဲဒီဆန်မွှေးဈေးကွက်ထဲဝင်ရောက်ဖို့ ဗီယက်နမ်အတွက် ကျဉ်းမြောင်းပါတယ်။ ဆန်မွှေးအဓိကဈေးကွက်များကတော့ တရုတ်၊ စင်ကာပူ၊ တရုတ်(တိုင်ပေ)၊ ဟောင်ကောင်နဲ့ မြန်မာတို့ဖြစ်ပါတယ်။ ဥရောပဈေးကွက်အနေနဲ့ ဆန်မွှေးထုတ်ကုန်များ ကို လက်မခံပေမယ့် တန်းမြင့်ဆန် လုံးရှည်ကို အဓိကစားသုံးပါတယ်။တန်းနိမ့်ဆန်အနေနဲ့ လက်ရှိမှာ အိန္ဒိယရဲ့ ကြီးမားတဲ့ ယှဉ်ပြိုင် မှုကို ရင်ဆိုင်နေရပါတယ်။ ဗီယက်နမ်ရဲ့ ဆန်ဖြူနဲ့ ဆန်လုံးသွယ်ဟာ ထိုင်းအပါအဝင်  အခြားဆန်ရောင်းနိုင်ငံတွေနဲ့ယှဉ်ရင် ယှဉ်ပြိုင်မှု အလွန်အားကောင်းပါတယ်။ အဲဒီတန်းလတ်ဆန်အပိုင်းမှာ ဗီယက် နမ်က ကမ္ဘာ့ကုန်သွယ်မှုရဲ့ ၆၀ ရာခိုင်နှုန်းကို ရယူထားပါတယ်။ ဒါကြောင့် မိမိတို့နိုင်ငံအနေနဲ့ အီးယူရဲ့ စူပါမားကက်တွေကို ဝင် ရောက်နိုင်ဖို့ တန်းလတ်ဆန်မှာ ရင်းနှီးမြှုပ်နှံသင့်တယ်လို့ ဆိုပါတယ်။        လမင်း၊ Source: VNS