သူ့အိုးနဲ့ သူ့ဆန် တန်ရုံရစမြဲ ဖြစ်စေဖို့

ရခိုင်ပြည်နယ်ဟာ စပါးစိုက်ဧက ၁၂ သိန်းရှိပြီး စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူအများစုအနေနဲ့  ကောင်းမွန်တဲ့မျိုးကို အသုံးမပြုနိုင်ခြင်း၊ ငွေ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးအစရှိတဲ့ သွင်းအားစုများကို လုံလောက်စွာ မသုံးနိုင်ခြင်းတို့ကြောင့် တစ်ဧကအထွက်နှုန်း ကျဆင်းခြင်းဟာ အကျိုး အမြတ် နည်းပါးစွာခံစားရလျက်ရှိပါတယ်။ ထွက်ရှိတဲ့ စပါးများမှာလည်း မျိုးကွဲ၊ ဆန်ဝါပါဝင်မှု များပြားခြင်းကြောင့်၊ ယင်းစပါးများကို ကြိတ်ခွဲရာ မှာလည်း အကျိုးအကြေများပြားပြီး ဆန်၊ ဆန်ထွက်ပစ္စည်းများမှာ အရည် အသွေး၊ အရောင်အဆင်းနိမ့်ကျလျက်ရှိပါတယ်။ ဈေးကွက်ကို တင်ပို့ရောင်း ချရာမှာလည်း အရည်အသွေးနိမ့်ကျမှုကြောင့် ဈေးနှိမ်ခံရခြင်း၊ ရောင်းချပြီး ငွေကို အကျေမရခြင်းတု့ိကြောင့် ရသင့်ရထိုက်တဲ့ အမြတ်ငွေကိုမရဘဲ အလွန်နည်းပါးတဲ့ အမြတ်ငွေကိုသာ ရရှိကြပါတယ်။ ရခိုင်ကုန်သည်ပွဲစားများ၊ စက်ပိုင်များ၊ တောင်သူများဟာ အကျိုး အမြတ် အနည်းငယ်သာရရှိခြင်း၊ စရိတ်စကကြီးမြင့်ပြီး ရှုံးခြင်းတို့ကို တွေ့ ကြုံရတိုင်း "လုပ်စားတော့လည်း မိုးခေါင်၊ ခိုးစားတော့လည်း ခွေးဟောင်"' ဆိုတဲ့စကားပုံကို ဆိုစမြဲဖြစ်ပါတယ်။  ထိုစကားပုံကို ဆိုစမြဲမဖြစ်အောင် ကြိုးပမ်းရမယ့်သူများမှာ တောင်သူ၊ စက်ပိုင်၊ ကုန်သည်တို့ ဖြစ်ပါတယ်။ ယင်းသုံးဦးဟာရသင့်ရထိုက်တဲ့ အကျိုးအမြတ် ကိုယ်စီကိုရရှိဖို့ တစ်ဦး ကောင်းတစ်ယောက်ကောင်းလုပ်လို့မရဘဲ တောင်သူအဖွဲ့၊  စက်ပိုင်အဖွဲ့၊ ကုန်သည်အဖွဲ့တို့ကို ကိုယ်စီကိုယ်စီဆောင်ရွက်သင့်တဲ့ အခက်အခဲများကို အဆင့်လိုက်အဆင့်လိုက် ဖြေရှင်းခြင်းပဲဖြစ်ပါတယ်။ တောင်သူက မိမိစိုက် ပျိုးထုတ်လုပ်တဲ့ သီးနှံကိုရောင်းချရာမှာ အကျိုးအမြတ် များများရပါက ယင်းတောင်သူဟာ သီးနှံများများထွက်အောင် အလိုအလျောက်ကြိုးပမ်း လာမှာဖြစ်ပါတယ်။ စက်ပိုင်ကလည်း များများကြိတ်ရပါက ဝင်ငွေများများ ရလာမှာဖြစ်ပြီး၊ ခေတ်မီစက်ပစ္စည်းကိရိယာများ ဝယ်ယူ တပ်ဆင်လာမှာ ဖြစ်ပါတယ်။ ကုန်သည်ပွဲစားဟာ အပြိုင်အဆိုင်ရောင်းချရာ၌ များများ ရောင်းရပါက ဝင်ငွေတိုးလာမှာဖြစ်ပြီး၊ နောက်ထပ်များများရောင်းချနိုင်ဖို့ အရည်အသွေးကောင်းမွန်တဲ့ ဆန်၊ ဆန်ထွက်ပစ္စည်းများကို လိုအပ်လျက် ရှိမှာဖြစ်ပါတယ်။ ယခုတော့ တောင်သူ၊ စက်ပိုင်၊ ကုန်သည် ၃ ဦးတို့ဟာ တစ်ဦးနဲ့တစ်ဦး မှီခိုလျက်ရှိပြီး၊ ၃ ဦး ၃ ဖလှယ်အကျိုးအမြတ် အနည်း ငယ်သာရတဲ့ သံသရာစက်ဝိုင်းလည်ပတ်လျက်ရှိပါတယ်။ ဘယ်သူကအရင် စလုပ်မှာလဲ၊ ဘယ်အဆင့်က ဘယ်နည်းနဲ့လုပ်မှာလဲ သုံးဦးလုံးက ဘယ် အတိုင်းအတာထိ ဘယ်လိုပုံစံမျိုးကိုတစ်ပြိုင်တည်းလုပ်မှာလဲဟူသော မေး ခွန်းများဖြစ်ပေါ်လာပါတယ်။ ခေတ်စနစ်နဲ့အညီ တစ်ပြိုင်တည်းဆောင် ရွက်သင့်တဲ့ ပထမအဆင့် အတိုင်းအတာတစ်ခုကို အကြံပြုလိုသည်မှာ ကုန်သည်အဖွဲ့ဟာ ကုန်စည်ဒိုင်တစ်ခု  စံပြတည်ထောင်သင့်ပါတယ်။ စက်ပိုင်အဖွဲ့ဟာ  သတ်မှတ်ချက်နဲ့ညီတဲ့ ဆန်၊ ဆန်ထွက်ပစ္စည်းများကို ထွက်ရှိအောင် ကြိတ်ခွဲပေးသင့်ပါတယ်။ တောင်သူများဟာ အရည်အသွေး ကောင်းမွန်တဲ့စပါးများကို ထုတ်လုပ်ရောင်းချသင့်ပါတယ်။ ဒေသအာဏာ ပိုင်နဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းများကလည်း ကူညီပေးဖို့ဖြစ်ပါတယ်။ ဖော်ပြ ပါပထမခြေလှမ်းကို ဟန်ချက်ညီညီလှမ်းခြင်းဖြင့် ကောင်းမွန်တဲ့ အရည် အသွေးကို နီးစပ်ရာဈေးကွက်မှာ များများရောင်းနိုင်လာမှာဖြစ်ပါတယ်။ တောင်သူ၊ စက်ပိုင်၊ ကုန်သည် သုံးဦးလုံး အကျိုးအမြတ် စတင်ခံစားလာ မှာဖြစ်ပါတယ်။ ပထမအဆင့်အောင်မြင်ပါက  ဒုတိယအဆင့်မှာ အစိုဓာတ်များတဲ့ ကောက်စောစပါး ဝယ်ယူရေးကိစ္စ၊ တန်းမြင့်ဆန်များ ကြိတ်ခွဲရေးကိစ္စ၊ ဈေးကွက် သစ်များရရှိရေးကိစ္စများကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ပင်ဖြစ်ပါတယ်။ တောင်သူ၊ စက်ပိုင်၊ ကုန်သည်တို့ဟာ အကျိုးအမြတ်များ လာတာနဲ့အမျှ" လုပ်စားတော့လည်း မိုးခေါင်၊ ခိုးစားတော့လည်း ခွေး ဟောင်"ဆိုတဲ့ ဆိုရိုးစကားပုံကို ပြောဆိုစရာရှိတော့မှာမဟုတ်လို့ ယူဆမိပါ တယ်။ သူ့အိုးနဲ့သူ့ဆန် တန်ရုံရစမြဲလည်းဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။SP