ထိုင်းလယ်သမားများ တစ်နှစ်ကို စပါး နှစ်ကြိမ်သာစိုက်ဖို့ သုတေသနဌာနမှ တိုက်တွန်း

ရေဖြန့်ဝေမှု စီမံခန့်ခွဲရာမှာ ပိုမိုထိရောက်ဖို့နဲ့ ရေကြီးနစ်မြှုပ် မှုကို ကာကွယ်ဖို့ ထိုင်းနိုင်ငံမှာ ယေဘုယျအားဖြင့် တစ်နှစ် စပါး သုံးကြိမ်စိုက်ပျိုးမှုအစား၊ တစ်နှစ် နှစ်ကြိမ်သာစိုက်ပျိုးဖို့ နှစ်စဉ်စပါး စိုက်ပျိုးဆောင်ရွက်မှုကို ကန့်သတ်ရေး ပညာရှင်များမှ တိုက်တွန်း ကြောင်း သိရပါတယ်။ စိုက်ပျိုးရေးနဲ့  လယ်ယာထွက်ကုန် သမဝါယမများဘဏ် (BAAC) ရဲ့ သုတေသနစင်တာမှ ထိုင်းနိုင်ငံ မြေနိမ့်ပိုင်းဒေသတွေမှာ လယ်ယာစိုက်ပျိုးမှုစနစ် ပြောင်းလဲရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲ တစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ပညာရှင်များစွာနဲ့ ကျွမ်း ကျင်သူများတက်ရောက်ပြီး အဲဒီပြဿနာနဲ့ပတ်သက်လို့ အမြင်ချင်း ဖလှယ်ကြတယ်လို့ သိရပါတယ်။အဲဒီဆွေးနွေးပွဲမှာ ဆန်စပါးဌာနညွှန်ကြားရေးမှူးချုပ်  Chairit  Damrongkiat၊ စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးရုံး၊ ဒုတိယအထွေထွေ အတွင်းရေးမှူး  Surasak  Pannop၊ BAAC သုတေသနနဲ့ ဖွံ့ဖြိုးရေး ဆပ်ကော်မတီခေါင်းဆောင်နဲ့ BAAC ရဲ့ ဒုတိယဥက္ကဋ္ဌ  Arun  Lestwilai  တို့ ပါဝင်ဆွေးနွေးကြတယ်လို့ သိရပါတယ်။ ဆန်ကျွမ်း ကျင်သူများစွာက ရေနစ်မြှုပ်မှုကြောင့် ဆုံးရှုံးမှုလျော့ကျဖို့နဲ့ ရေစီမံ ခန့်ခွဲမှုမှာ ထိရောက်မှုတိုးတက်စေဖို့ တစ်နှစ်စပါး နှစ်ကြိမ်သာ ကန့် သတ်စိုက်ပျိုးရေး၊ တောင်သူတွေကို တိုက်တွန်းဖို့ သဘောတူကြ တယ်လို့  BAAC ခေါင်းဆောင်မှ ပြောကြားပါတယ်။အကယ်လို့သာ  စပါးစိုက်ပျိုးမှုရာသီကို လျှော့ချလိုက်ရင် တောင်သူတွေကို အကူအညီပေးဖို့  လိုအပ်မယ်လို့ သက်ဆိုင်ရာ အေဂျင်စီများကဆိုပါတယ်။ တောင်သူစုစုပေါင်း ၁ ဒသမ ၁ သန်းက စပါးအပေါင်ခံ အစီအစဉ်မှာ မှတ်ပုံတင်ထားကြပြီး၊ အဲဒီလယ်သမား များက စပါးတန်ချိန် ၆ သန်းကျော် ပါဝင်ပေါင်နှံထားပါတယ်။ အဲဒီ ပမာဏဟာ ရည်မှန်းပမာဏရဲ့အောက်မှာ လျော့နေဆဲဖြစ်ပါတယ်။ ဒီလိုရည်မှန်းပမာဏ မပြည့်မီခြင်းမှာ ယခင်နှစ် နှောင်းပိုင်းက ပြင်း ထန်တဲ့ရေနစ်မြှုပ်မှုကြောင့် ထိခိုက်ပျက်စီးရတာတွေကြောင့်လို့ ဆိုပါ တယ်။ စပါးအပေါင်ခံတဲ့  အစီအစဉ်က လယ်သမားတွေအတွက် အကျိုးရှိနိုင်ပေမယ့် အပေါင်ခံဈေး  ကြီးမြင့်တာကြောင့် အစိုးရ အတွက်တော့ ဆုံးရှုံးမှုကြီးမားတယ်လို့ ထိုင်းဆန်စက်အသင်းမှ ပြော ရေးဆိုခွင့်ရှိသူ Kriangsak  Tapanarot မှ ပြောကြားပါသည်။ လာမယ့်နှစ်မှာ ထိုင်းနိုင်ငံဆန်တန်ချိန် ၅ ဒသမ ၅ သန်းခန့် တင်ပို့နိုင် မယ်လို့ ၎င်းက ခန့်မှန်းပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဖြစ်ပေါ်လာမယ့် အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC) အတွက် ထိုင်းလယ် သမားများရဲ့ အသင့်ဖြစ်မှုဆိုတာ မသေချာသေးပါဘူးလို့လည်း ၎င်း က ထပ်လောင်းပြောကြားပါတယ်။ အစိုးရအနေနဲ့ (AEC) ကြောင့် လယ်သမားတွေအပေါ် ထိခိုက်လာနိုင်တာတွေကို နားလည်သိမြင် နိုင်ဖို့ ပိုမိုအကူအညီပေးသင့်တယ်လို့လည်း ဆိုပါတယ်။ လမင်း၊ Source:riceonline