ပတ်ဝန်းကျင်ကို အန္တရယ်ပြုနိုင်သည့် စက်မှုလုပ်ငန်းများ၏ တည်နေရာ

တရုတ်နိုင်ငံ အလယ်ပိုင်း  ကျန်စီပြည်နယ် မှာရှိတဲ့ လော်ဖျင်မြို့ဟာ တစ်ဖက်က အနိမ့်အမြင့် ပြေပြစ်တဲ့ တောင်ကုန်းတွေနဲ့တစ်ဖက်က တရုတ် နိုင်ငံမှာ အကြီးဆုံးသောက်ရေကန်ဖြစ်တဲ့ ပိုယန် ကန်ကြီးရဲ့ကြားမှာ တည်ရှိပြီး တစ်ချိန်က သူရဲ့ သဘာဝအလှနဲ့  အလွန်ကောင်းမွန်လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေအတွက်  ကျော်ကြားခဲ့ပါ တယ်။ ဒါပေမယ့် ၂၀၀၄ ခုနှစ်လောက်ကစပြီး အဲဒီမြို့မှာ စက်မှုဇုန်ကြီးတစ်ခုဖွင့်လှစ်ပြီး၊ နောက် ပိုင်းမှာတော့ အဲဒီဒေသတစ်ဝိုက်မှာ ဟင်းသီးဟင်း ရွက်နဲ့ ဆန်ထွက်နှုန်းတွေ ကျဆင်းလာခဲ့ရပါတယ်။လောဖျင်စက်မှုဇုန်မှာ  ပြည်တွင်း ပြည်ပ ကုမ္ပဏီပေါင်း ၅၀ ကျော် လာရောက်လုပ်ကိုင်နေ ပြီး ဓာတုဗေဒစက်ရုံပေါင်း ၃၀ ကျော် ရှိပါတယ်။ အဲဒီစက်ရုံတွေကနေ ဆေးဝါးလုပ်ငန်းသုံး ဓာတု ဗေဒပစ္စည်းတွေ၊ ပလတ်စတစ် အိမ်အလှဆင် ပစ္စည်းတွေနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ အဓိက ထုတ်လုပ်နေပါတယ်။ စက်ရုံတွေကထုတ်လွှတ်တဲ့ မီးခိုးတွေကြောင့် အဲဒီပတ်ဝန်းကျင်ရဲ့ လေထုကို ညစ်ညမ်းလာစေခဲ့ပါတယ်။  လော်ဖျင်စက်မှုဇုန် အနီးမှာရှိတဲ့ ရှင်းဝမ်ကျေးရွာမှ အသက် ၆၃ နှစ် အရွယ်ရှိ ချိန်ညိုကျိုင်းက  "ဒီစက်မှုဇုန်ပတ်ဝန်း ကျင်မှာ လေထုက ဘယ်လောက်ထိ ညစ်ညမ်း သလဲဆိုရင် သစ်ပင်၊ ပန်းပင်၊ သီးနှံပင်တွေနဲ့ ဟင်း သီးဟင်းရွက်ပင်တွေကို ရှင်သန်အောင်စိုက်ပျိုး လို့မရတဲ့အထိအခြေအနေ ဆိုးရွားလာခဲ့ပါတယ်။ ဒါကြောင့် အဲဒီအပင်တွေ မစိုက်ပျိုးနိုင်တော့ဘဲ အမြစ်ကသီးတဲ့ မုံလာဥ၊ ကန်စွန်းဥတွေကို ပဲ ပြောင်းလဲစိုက်ပျိုးလာခဲ့ရတယ်"လို့ ပြောပါတယ်။လော်ဖျင်စက်မှုဇုန်က စွန့်ပစ်ပစ္စည်းတွေကို အနီးမှာရှိတဲ့ လီအန်မြစ်ထဲသို့ မြောင်းကြီး နှစ် ခုသွယ်တန်းပြီး စွန့်ပစ်နေပါတယ်။ မြောင်းတစ်ခု ဆိုရင် ရှင်းဝမ်ကျေးရွာကိုဖြတ်ပြီး စီးဆင်းပါတယ်။ ဒါကြောင့် အဲဒီရွာမှာ တူးဖော်ထားတဲ့ ရေတွင်း တွေက ရေချိုတွေဟာ သောက်သုံးလို့ မရအောင် ညစ်ညမ်းလာတယ်လို့ ရွာသားတွေက ပြောပါ တယ်။နောက်မြောင်းတစ်ခုကရေဆိုး သန့်စင်စက်ရုံ တစ်ခုကိုဖြတ်သန်းပြီး လီအန်မြစ်ထဲ စွန့်ပစ်ပါ တယ်။ ဒါပေမယ့် အဲဒီရေဆိုးသန့်စင်စက်ဟာ မြို့ ပေါ်ကရေဆိုးတွေကို ရေသန့်ပြုလုပ်တဲ့ စက်ဖြစ် နေတဲ့အတွက် စက်မှုဇုန်က စွန့်ပစ်ရေဆိုးတွေကို သန့်စင်အောင် မလုပ်နိုင်လို့ အသစ်ပြုပြင်ပြောင်း လဲဖို့ ရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။လော်ဖျင်စက်မှုဇုန်မှာရှိတဲ့ တချို့ဓာတုဗေဒ စက်ရုံတွေဟာ တရုတ်နိုင်ငံအရှေ့ပိုင်း ပင်လယ် ကမ်းရိုးတန်းဒေသရှိ ပြည်နယ်တွေက ရွှေ့ပြောင်း ပြီး လာရောက်အခြေချလုပ်ကိုင်နေတဲ့ စက်ရုံတွေ ဖြစ်ကြပါတယ်။ တစ်နည်းအားဖြင့် အလွန်ဖွံ့ဖြိုး တိုးတက်လာနေတဲ့ ဒေသက လေထုကို အလွန် ညစ်ညမ်းစေပြီး၊  အလုပ်သမား အများအပြား အသုံးပြုနေရတဲ့စက်မှုလုပ်ငန်းတွေဟာ အဲဒီဒေသ ကလက်မခံတော့တဲ့အတွက် တရုတ်နိုင်ငံ အတွင်း ပိုင်း ကျန်စီလိုပြည်နယ်တွေကို ပြောင်းရွှေ့လုပ်ကိုင် လာကြပါတယ်။ ဥပမာအရှေ့ပင်လယ်ကမ်းရိုးတန်း ရှိ ပြည်နယ်တွေက စက္ကူစက်ပေါင်း ၅၀ ကျော် ဟာ လုပ်ကိုင်ခွင့်လိုင်စင်တွေ ပိတ်သိမ်းတာ ခံရ ပြီးနောက် ကျန်စီပြည်နယ်ကို ပြောင်းရွှေ့လုပ်ကိုင် လာခဲ့တာတွေ့ရပါတယ်။ ဟယ်ပေ့ပြည်နယ်၊ ရှင် ကျကွမ်မြို့မှာ အခြေစိုက်ခဲ့တဲ့  ကျုံးရန်ဆေးဝါး ဓာတုဗေဒပစ္စည်းစက်ရုံဆိုရင် လေထုအလွန်ညစ် ညမ်းစေတဲ့အတွက် ထုတ်လုပ်ခွင့်ပိတ်ပင်တာခံခဲ့ ရပြီး တရုတ်နိုင်ငံမြောက်ပိုင်းအတွင်း မွန်ဂိုရီးယား ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်မှာ ပြောင်းရွှေ့လုပ် ကိုင်ခဲ့ပါတယ်။ တကယ်တော့ ပတ်ဝန်းကျင်ထိန်း သိမ်းရေးစံနှုန်းတွေနဲ့ ကိုက်ညီအောင် ခေတ်မီနည်း ပညာပစ္စည်းတွေကို ပြောင်းလဲအသုံးပြုပြီး ထုတ် လုပ်ဖို့ ယွမ်ငွေ ၂ သန်းကနေ ၃ သန်းအထိ ကုန် ကျတာကို မဆောင်ရွက်ဘဲ အမြတ်ငွေလျော့နည်း မှာစိုးလို့ နေရာပြောင်းရွှေ့လုပ်ကိုင်လာခဲ့ပါတယ်။ ယခုအဲဒီစက်ရုံ ပြောင်းရွှေ့လုပ်ကိုင်နေတဲ့ အတွင်း မွန်ဂိုရီးယားပြည်နယ် လောက်တုံကောင်တီစက်မှု ဇုန်ကနေ ထွက်ရှိတဲ့  စက်မှုစွန့်ပစ်ရေဆိုးတွေ ကြောင့် လူနဲ့ သက်ရှိသတ္တဝါတွေကို အန္တရာယ်ရှိ စေတဲ့ ညစ်ညမ်းတဲ့ရေကန်ကြီးတစ်ခု ဖြစ်ပေါ်လာ ခဲ့တယ်လို့ သိရပါတယ်။ဖွံ့ဖြိုးစကုန်းတွင်းပိုင်းပြည်နယ်တွေက ဒေသ အာဏာပိုင်တွေအနေနဲ့လည်း မိမိတို့ပြည်နယ်ရဲ့ GDP မြင့်မားလာရေးကိုသာ အလေးထားလွန်းပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ထည့်သွင်း မစဉ်း စားတော့ဘဲ လေထု၊ ရေထု ညစ်ညမ်းမှုတွေ ဖြစ် စေတဲ့စက်ရုံတွေကို မိမိတို့ဒေသမှာ လာရောက် လုပ်ကိုင်ကြတာ ခွင့်ပြုခဲ့ပါတယ်။ တရုတ်နိုင်ငံရေး သိပ္ပံတက္ကသိုလ်မှ ပါမောက္ခဖြစ်သူ ယောင်ဆုဂျန် က "လေထုညစ်ညမ်းမှုကို ဖြစ်ပွားစေတဲ့ စက်ရုံ အလုပ်ရုံ အတော်များများဟာ ပတ်ဝန်းကျင်ထိန်း သိမ်းရေးစံနှုန်းတွေနဲ့ မညီညွတ်ဘဲ လုပ်ငန်းလိုင် စင်တွေ ရရှိနေပြီး လုပ်ကိုင်နေကြပါသေးတယ်။ဒေသအတော်များများမှာ  လေထုညစ်ညမ်းမှုကို ဖြစ်ပွားစေတဲ့ စက်မှုလုပ်ငန်းကြီးတွေရဲ့ ပိုင်ရှင် တွေဟာ အခွန်အများဆုံးပေးသွင်းနေကြတဲ့သူ တွေဖြစ်လို့ ဒေသအာဏာပိုင်တွေနဲ့  အဆက် အသွယ်ရှိကြပါတယ်။ ဒါကြောင့် အဲဒီလုပ်ငန်းတွေ မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေတွေကို ချိုး ဖောက်နေပေမယ့်  ဒေသအာဏာပိုင်တွေဟာ အခွန်ငွေတိုးတက်ရရှိရေးကိုသာ ဦးစားပေး အာရုံ စိုက်ပြီး ဒေသခံပြည်သူတွေရဲ့ ပတ်ဝန်းကျင်နဲ့ နေ ထိုင်ရတဲ့ အဆင့်အတန်းကို လျစ်လျူရှုထားနေကြ တယ်"လို့ ထောက်ပြထားကြောင်းပါခင်ဗျား။Ref:'' Thwarting Dirty Migration"By WangHairong (bjr)