အစိုးရထောက်ပံ့ငွေများနှင့် ဆန့်ကျင်ဘက် အစီအမံများ
အစိုးရထောက်ပံ့ငွေများနှင့် ဆန့်ကျင်ဘက် အစီအမံ များဆိုင်ရာ သဘောတူစာချုပ် (Agreement on Subsidies and Countervailing Measures)အာတီကယ်-၂၂ဆုံးဖြတ်ချက်များဆိုင်ရာ အသိပေးကြေညာချက်နှင့် ရှင်း လင်းချက် (Public Notice and Explanation of Determinations )၂၂.၁ အာတီကယ်-၁၁ အရ စုံစမ်းစစ်ဆေးမှု တစ်ရပ်ပြုလုပ်ခြင်း မှန်ကန်ရန် ပြည့်စုံလုံလောက် သော အထောက်အထားရှိသည်ကို အာဏာပိုင် များ ကျေနပ်မှုရှိသည့်အခါ အဆိုပါ စုံစမ်းစစ် ဆေးမှုဆိုင်ရာ ကုန်ပစ္စည်းများနှင့်ပတ်သက်သော အဖွဲ့နိုင်ငံ သို့မဟုတ် အဖွဲ့ဝင်နိုင်ငံများနှင့် အခြား စိတ်ဝင်စားသည့်ပုဂ္ဂိုလ်များအား အသိပေးပြီးအသိ ပေးကြေညာချက်ကို ပို့ပေးရမည်။၂၂.၂ စုံစမ်းစစ်ဆေးမှုတစ်ရပ် စတင်ပြုလုပ်ခြင်း ဆိုင်ရာ အသိပေးကြေညာချက်တွင် သင့်လျော်လုံ လောက်သော အောက်ပါသတင်းအချက်အလက် များ ပါဝင်ရမည်။ သို့မဟုတ် သီးခြားအစီရင်ခံ စာတစ်ရပ်မှတစ်ဆင့် ယင်းသတင်းအချက်အလက် များကို ရရှိစေရမည်။ (၁) ပို့ကုန်တင်ပို့သည့် နိုင်ငံသို့မဟုတ် နိုင်ငံများ နှင့် ပါဝင်ပတ်သက်သည့် ကုန်ပစ္စည်း အမည်၊ (၂) စုံစမ်းစစ်ဆေးမှု စတင်ပြုလုပ်သည့်နေ့ရက်၊ (၃) စုံစမ်းစစ်ဆေးရမည့်အစိုးရ ထောက်ပံ့ငွေ ပေးသော အလေ့အထ သို့မဟုတ် ကျင့်စဉ် များဖော်ပြချက်၊(၄) ထိခိုက်နစ်နာဆုံးရှုံးမှု ဖြစ်ကြောင်း စွပ်စွဲ ချက်နှင့်စပ်လျဉ်း၍အခြေခံသည့်အကြောင်း အချက်များ အကျဉ်းချုပ်၊(၅) စိတ်ဝင်စားသည့် အဖွဲ့ဝင်နိုင်ငံများနှင့် စိတ် ဝင်စားသည့် ပုဂ္ဂိုလ်များ၏ တင်ပြချက်များ ပေးပို့ရမည့် လိပ်စာ၊(၆) စိတ်ဝင်စားသည့် အဖွဲ့ဝင် နိုင်ငံများနှင့် စိတ်ဝင်စားသည့် ပုဂ္ဂိုလ်များအား ယင်းတို့ ၏ သဘောထားမှတ်ချက်များ ပေးပို့ရန် ခွင့်ပြုသည့်အချိန်ကာလ သတ်မှတ်ချက်။၂၂.၃ ရှေ့ပြေး သို့မဟုတ် နောက်ဆုံးသတ်မှတ် ချက် အာတီကယ်-၁၈ အရကတိဝန်ခံချက်တစ်ရပ် ကို လက်ခံရန် ဆုံးဖြတ်ချက်၊ အဆိုပါကတိဝန်ခံ ချက်ကို ရပ်ဆိုင်းမှုနှင့် အပြီးသတ်ဆန့်ကျင်ဘက် အကောက်ခွန်ကို ရပ်ဆိုင်းမှု စသည်တို့ဆိုင်ရာ အသိပေး ကြေညာချက်ကို ထုတ်ပြန်ပေးရမည်။အဆိုပါ အသိပေးကြေညာချက်တိုင်းတွင် စုံစမ်း စစ်ဆေးရေးအာဏာပိုင်များ၏ တွေ့ရှိချက်များနှင့် ဆုံးဖြတ်ချက်များ အသေးစိတ်ပါရှိရမည်။သို့မဟုတ် သီးခြား အစီရင်ခံစာမှတစ်ဆင့် ယင်းအချက် အလက်များကို ရရှိစေရမည်။ အဆိုပါအသိပေး ကြေညာချက်အားလုံးကို သက်ဆိုင်ရာ အဖွဲ့ဝင် နိုင်ငံ သို့မဟုတ် အဖွဲ့ဝင်နိုင်ငံများနှင့် အခြားစိတ် ဝင်စားသည့် ပုဂ္ဂိုလ်များသို့ပေးပို့ရမည်။၂၂.၄ ယာယီအစီအမံများ ချမှတ်ဆောင်ရွက် ခြင်းဆိုင်ရာ အသိပေးကြေညာချက် သို့မဟုတ် သီးခြားအစီရင်ခံစာသည် လုံလောက်စွာ အသေး စိတ်ရှင်းလင်းချက်ပါရှိရမည်။ လျှို့ဝှက်သတင်း အချက်အလက်ကို ကာကွယ်မှုပေးပြီး အဆိုပါ အသိပေးကြေညာချက်တွင် အောက်ပါတို့ ပါဝင်ရ မည်။ (၁) ပါဝင်ပတ်သက်သည့်ကုန်ပစ္စည်းကို ရောင်း ချသူများ သို့မဟုတ် လက်တွေ့အားဖြင့် မဖြစ်နိုင်လျှင် ယင်းကုန်ပစ္စည်း ရောင်းချ သည့် နိုင်ငံများ၏ အမည်၊ (၂) အကောက်ခွန်လုပ်ငန်းအတွက် ယင်းကုန် ပစ္စည်း အမျိုးအစား ဖော်ပြချက်၊ (၃) အစိုးရ ထောက်ပံ့ငွေဆိုင်ရာ စုစုပေါင်း တန်ဖိုးနှင့် အခြေခံအချက်အလက်၊ (၄) အာတီကယ်-၁၅ တွင်ဖော်ပြသည့် ထိခိုက် နစ်နာဆုံးရှုံးမှုနှင့် ဆီလျော်သော စဉ်းစား ဆင်ခြင်မှုများ၊(၅) သတ်မှတ်ချက်ပေါ်ပေါက်ရန် ဦးဆောင် သွားသည့် အဓိကကျိုးကြောင်း ဆင်ခြင် မှုများ၊၂၂.၅ အပြီးသတ်အကောက်ခွန်အတွက် သတ် မှတ်ခြင်း သို့မဟုတ်ကတိဝန်ခံချက်လက်ခံခြင်းကိစ္စ တွင် စုံစမ်းစစ်ဆေးမှုတစ်ရပ်၏ ဆုံးဖြတ်ချက်ချ ခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်းဆိုင်ရာ အသိပေးကြေ ညာချက် သို့မဟုတ် အစီရင်ခံစာတွင် လျှို့ဝှက် အဆင့်မှလွဲ၍ ဆီလျော်သော အချက်အလက် အားလုံးပါဝင်ရမည်။ အထူးသဖြင့် အသိပေးကြေ ညာချက် သို့မဟုတ် အစီရင်ခံစာတွင် အပိုဒ်-၄ တွင် ဖော်ပြထားသော သတင်းအချက်အလက် များနှင့် စိတ်ဝင်စားသည့် နိုင်ငံများ ပို့ကုန်လုပ် ငန်းရှင်များ သွင်းကုန်လုပ်ငန်းရှင်များ၏ ချေပချက် များအပေါ် လက်ခံခြင်း၊ ပယ်ချခြင်း၊ အကြောင်း ရင်းများပါ ပါရှိရမည်။၂၂.၆ အာတီကယ်-၁၈ အရ ကတိဝန်ခံချက် လက်ခံခြင်း ပေါ်ပေါက်လာသဖြင့် စုံစမ်းစစ်ဆေးမှု တစ်ရပ်ကို ရပ်ဆိုင်းခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်း ဆိုင်ရာ အသိပေးကြေညာချက် သို့မဟုတ် အစီ ရင်ခံစာတွင် ကတိဝန်ခံချက်၏ လျှို့ဝှက်အဆင့် မဟုတ်သော အစိတ်အပိုင်းများ ပါရှိရမည်။၂၂.၇ ဤအာတီကယ်၏ စည်းမျဉ်းစည်းကမ်း များကို အာတီကယ်-၂၁ အရ ပြန်လည်သုံးသပ် ခြင်းများနှင့် အာတီကယ်-၂၀ အောက်မှ ဆုံးဖြတ် ချက်များအတွက်ပါ အသုံးပြုရမည်။မှတ်ချက်အသိပေးကြေညာချက် ထုတ်ပြန်ခြင်းဖြင့် ပွင့်လင်းမြင်သာမှုမှတစ်ဆင့် တရားမျှတမှုအတွက် ဆောင်ရွက်ပေးခြင်းကို သတိပြုရန်ဖြစ်သည်။
