လွိုင်ကော်-နေပြည်တော် ပထမဦးဆုံး တိုက်ရိုက်မော်တော်ယာဉ် စတင်ပြေးဆွဲ
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ မြန်မာနိုင်ငံတော်ရဲ့မြို့တော် နေပြည်တော်သို့ ပထမဦးဆုံး တိုက်ရိုက် ပြေးဆွဲတဲ့ မော်တော်ယာဉ်လိုင်းသစ်ကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်က စတင်ဖွင့်လှစ်ပြေးဆွဲခဲ့ကြောင်းသိရ ပါတယ်။ မော် တော်ယာဉ်လိုင်းအမည်မှာ ဒို့ညီနောင်ဖြစ်ပြီး၊ ခရီးသည် ၂၅ ဦးဆံ့ မှန်လုံယာဉ်ဖြင့် လွိုင်ကော်မှနံနက် ၆ နာရီထွက်ခွာပြီး၊ နေပြည်တော်သို့ နေ့လယ် ၃ နာရီမှာ ရောက်ရှိမှာဖြစ်ပါတယ်။ ယခင်က လွိုင်ကော်မှ နေပြည်တော်သို့ ခရီးသွားရတဲ့ ဝန်ထမ်းများနဲ့ ပြည်သူများဟာ လွိုင်ကော်-ရန်ကုန်ထွက်ခွာတဲ့ မော်တော်ယာဉ်များမှာ လိုက်ပါစီးနင်းကြရပြီး၊ နေပြည်တော် ကို ည ၈ နာရီခန့်မှာရောက်ရှိပါတယ်။ ယခုယာဉ်လိုင်းသစ်စတင်ပြေးဆွဲမှုကြောင့် ခရီးသည်များ နေပြည်တော်သို့ ၅ နာရီခန့်အချိန်ကုန်သက်သာပြီး စောစီးစွာ ရောက်ရှိကြမှာဖြစ်ပြီး၊ မော်တော်ယာဉ်စီးနင်းခမှာ ကျပ် ၁၀၀၀၀ ဖြစ်ကြောင်း သိရပါတယ်။ မင်းအောင်
