SNSD ရဲ့စီမံခန့်ခွဲမှုအေဂျင် SM Entertainment ခရီးသွားလုပ်ငန်းဆောင်ရွက်မည်
SNSD နဲ့ Super Junior တို့လို နာမည်ကြီးဂီတအဖွဲ့တွေကို စီမံခန့်ခွဲနေတဲ့ တောင်ကိုရီးယားဂီတထုတ်လုပ်ရေး ကုမ္ပဏီကြီး SM Entertainment က ဟာဝိုင်အီ ခရီးသွားလုပ်ငန်း Happy Hawarii ကိုဝယ်ယူလိုက်ပြီးနောက် ခရီးသွားလုပ်ငန်းဘက်ကို လုပ်ငန်းချဲ့ထွင်မယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။Happy Hawaii ကို SM Town Travel လို့ အမည်ပြောင်းပြီး လုပ်ငန်းတွေဆောင်ရွက်သွားပါမယ်။
