၂၀၁၂ အတွက် ဆန်တင်သွင်းဖို့ မလိုဘူးလို့ အင်ဒိုနီးရှားဝန်ကြီးမှဆို
နိုင်ငံရဲ့အေဂျင်စီ ဘူးလော့ဂ်မှ လယ်သမားများထံက ဝယ်ယူရေးမှာ ကောင်းကောင်းဝယ်ယူနိုင်မယ်ဆိုရင် အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ယခုနှစ်အတွက်ဆန်တင်သွင်းဖို့မလိုဘူးလို့ စိုက်ပျိုးရေးဝန်ကြီးက ဆိုပါတယ်။ ဒီလိုပြောကြားခြင်းဟာ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်အကြာကအင်ဒိုနီးရှား အစိုးရအရာရှိများမှ နိုင်ငံအနေနဲ့ ဆန်တန်ချိန် ၂ သန်းအထိ တိုးမြှင့်တင်သွင်းရမယ်လို့ ခန့်မှန်းခဲ့ခြင်း အပေါ် ပြန်လည်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ရာသီဥတုသာယာနေတဲ့အတွက် သီးနှံအထွက်ကောင်းတာကြောင့် အင်ဒိုနီးရှားနိုင်ငံက နိုင်ငံရဲ့ လိုအပ်ချက် ပြည့်မီသင့်ပြီ လို့လည်း ဝန်ကြီးကပြောကြားပါတယ်။ ရာသီဥတု ဆက်လက်ကောင်းမွန်နေမယ်ဆိုရင် စပါးထွက်ရှိမှု များဖွယ်ရှိတယ်လို့လည်း ၎င်းက ထပ်လောင်းပြောကြားပါတယ်။ လူတစ်ဦး ဆန်စားသုံးမှုအများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ၂၀၁၂ အတွင်း ဆန်သိုလှောင်မှုတန်ချိန် ၄သန်းအထိ ထားရှိဖို့ရည်မှန်းထားပါတယ်။ လက်ရှိမှာ ဆန်သိုလှောင်မှု တန်ချိန် ၁ ဒသမ ၄ သန်း ခန့်ရှိလို့ ရည်မှန်းပမာဏပြည့်မီဖို့ ဆန်တန်ချိန် ၂ ဒသမ ၆ သန်းဝန်းကျင်လိုမှာဖြစ်ပါတယ်။ ဘူးလော့ဂ်အနေနဲ့ တောင်သူတွေဆီက ရှောရှောရှူရှူဝယ်ယူနိုင်တဲ့အခြေအနေရှိရင် ဆန်တင်သွင်းဖို့ မလိုဘူးလို့ ဝန်ကြီးမှ ပြောကြားပါတယ်။ မတ်လနဲ့ ဧပြီလအတွင်း ပထမရိတ်သိမ်းရာသီအတွက် ဘူးလော့ဂ်က ပြည်တွင်းဆန်တန်ချိန် ၂ သန်းဝယ်ယူ နိုင်မယ်လို့ ဝန်ကြီးမှ ယုံကြည်လျက်ရှိပါတယ်။ ဒုတိယစပါးရာသီနဲ့ ယခုနှစ် နှောင်းပိုင်း တတိယစပါးရာသီမှာ ကျန်ဆန်တန်ချိန် ၆ သန်းကို ဝယ်ယူနိုင်လိမ့်မယ်လို့ ဆိုပါတယ်။လမင်း၊Source:oryza.com
