မြန်မာ့ရွှေဈေး အကျဘက်မှ အတက်ဘက်သို့ ပြန်ဦးတည်လာ
ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက မြန်မာ့ရွှေဈေးသည် အမြင့်ဆုံး ကျပ် ၇၆၀၀၀၀ အထိ ရောက်ခဲ့ပြီးနောက် ချက်ခြင်းဆိုသလိုပင် ပြန်ကျခဲ့ရာ ရွှေ အရောင်းအဝယ်လုပ်သူများ အလန့် တကြား ဖြစ်ခဲ့ရသည်။မတ် ၁ရက်မှစ၍ မြန်မာ့ရွှေဈေး သည် ကမ္ဘာ့ရွှေဈေးကျဆင်းမှုနှင့်အတူ ဆက်တိုက်ကျဆင်းလာခဲ့ရာ မတ် ၈ ရက်တွင် အခေါက်ရွှေတစ် ကျပ်သား လျှင် ကျပ် ၇၃၀၅၀၀ ဈေးဖြစ်ခဲ့သည်။ထိုအချိန်က ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင်၁၆၈၈ဒေါ်လာအထိ ကျဆင်းခဲ့သော်လည်း မြန်မာ့ရွှေဈေး မှာထိုက်သင့်သလောက်ကျဆင်းခြင်းမရှိ ခဲ့ဘဲ ကျပ် ၇၃၀၅၀၀ အထိသာကျဆင်း ခဲ့သည်။သို့သော် မတ် ၉ ရက်တွင် မြန်မာ့ ရွှေဈေးသည် ကမ္ဘာ့ရွှေဈေးမြင့်တက်မှု နှင့်အတူထပ်မံမြင့်တက်ခဲ့သည်။ ထိုရက် က ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စ လျှင် ၁၇၀၅ ဒေါ်လာရှိပြီး မြန်မာ့ရွှေ ဈေးသည် ကျပ် ၇၃၇၀၀၀ ရှိခဲ့ရာ မတ် ၈ ရက်ဈေးနှင့်နှိုင်းယှဉ်လျှင် တစ်ရက် အတွင်း ကျပ် ၇၀၀၀ မြင့်တက်ခဲ့သည် ကို တွေ့ရသည်။"ဒီရက်ထဲမှာ ရွှေဈေးက တက် လိုက် ကျလိုက်နဲ့ မငြိမ်ဘူး။ ကမ္ဘာ့ရွှွေ ဈေးကျတာတောင် မြန်မာ့ရွှေဈေးက သိသိသာသာ ကျမသွားဘူး။ ဒီမှာ ရွှေ ဝယ်ရောင်း လုပ်တဲ့သူတွေက ရွှေဈေး ပြန်ကျပြီဆိုတာနဲ့လိုက်ဝယ်နေကြတာ။ အဝယ်လိုက်တော့ ရွှေဈေးက တက် တော့တာပေါ့။ နောက်ပြီးအခုအချိန်က စပါးတို့ ပဲတို့ပေါ်တဲ့အချိန်ဆိုတော့ ငွေစ ရွှင်နေတဲ့ အချိန်ဖြစ်တော့ ရွှေဝယ်စု ကြတဲ့သူတွေများတယ်။ ဒီနေ့ဆိုရင် ရွှေ ဈေးက မနေ့ကထက် ကျပ် ၇၀၀၀တက် သွားတယ်။ ရွှေဈေး မငြိမ်တဲ့အခါကျ တော့ဝယ်ရောင်းလုပ်တဲ့သူတွေအတွက် မကိုက်တော့ အရောင်းအဝယ်က ပုံမှန် လောက်ပဲရှိတယ်"ဟု ရွှေလုပ်ငန်းရှင် တစ်ဦးက ပြောသည်။မယ်သီတာ
