ဓာတ်အားအနည်းငယ်သာ အသုံးပြုသော မိသားစုလုပ်ငန်းများ အိမ်သုံးမီတာနှုန်းဖြင့် ဓာတ်အားခကောက်ခံနိုင်ရန် လျှောက်ထားနိုင်

ဓာတ်အား အနည်းငယ်သာအသုံး ပြုသည့် မိသားစုလုပ်ငန်းများအနေဖြင့် အိမ်သုံးမီတာနှုန်းဖြင့်   ဓာတ်အားခ ကောက်ခံနိုင်ရန်   ပြန်လည်လျှောက် ထားနိုင်ကြောင်း သိရသည်။အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ် ငန်းက ၂၀၁၂ ခုနှစ်ဇန်နဝါရီလ ၁ရက် နေ့မှစတင်ကာ ဓာတ်အားသုံးစွဲခများ ကို နှုန်းထားအသစ်များဖြင့် သတ်မှတ် ကောက်ခံလျက်ရှိသည်။   ကောက်ခံ လျက်ရှိသည့်နှုန်းထားအသစ်တွင်အစိုးရ ဌာနများ၏ ဓာတ်အားသုံးစွဲမှုအားလုံး ကို တစ်ယူနစ်လျှင် ၃၅ကျပ်နှုန်း၊ အများ ပြည်သူများ၏  ဓာတ်အားသုံးစွဲမှုတွင် အထွေထွေအိမ်သုံး၊ အိမ်သုံးပါဝါနှင့် လမ်းမီးအတွက် တစ်ယူနစ် ၃၅ ကျပ် နှုန်း၊ စက်မှုလက်မှုသုံး၊ စီးပွားရေးလုပ် ငန်းသုံးနှင့်  ယာယီသုံးစွဲခြင်းအတွက် တစ်ယူနစ် ၇၅ ကျပ်နှုန်းတို့ဖြင့်လည်း ကောင်း   ကောက်ခံလျက်ရှိကြောင်း သိရသည်။အိမ်သုံးမီတာဖြင့်   လျှပ်စစ်ဓာတ် အားသုံးစွဲမှုများသော    ကုမ္ပဏီများ၊ အရောင်းဆိုင်ကြီးများနှင့် လျှပ်စစ်ဓာတ် အားကို တိုက်ရိုက်အသုံးပြုသောလုပ် ငန်းများအား ၇၅ ကျပ်နှုန်းကောက်ခံ သော်လည်း   ဓာတ်အားသုံးစွဲသူများ အိမ်သုံးသီးသန့်အတွက် ၃၅ ကျပ်နှုန်း ဖြင့်ခွဲခြားပြီး မီတာခ ပေးဆောင်လိုပါ က   သီးခြားတပ်ဆင်ခွင့်ပြုမည်  ဖြစ် ကြောင်း သိရသည်။စီးပွားရေးလုပ်ငန်းကြီး  မဟုတ်ဘဲ လျှပ်စစ်ဓာတ်အား  အနည်းငယ်သာ အသုံးပြု၍ အိမ်နှင့် တွဲဖက်လုပ်ကိုင် သော တစ်နိုင်တစ်ပိုင် မိသားစုလုပ်ငန်း များအား တစ်ယူနစ် ၃၅ကျပ်သာ စည်း ကြပ်ကောက်ခံမည်ဖြစ်ရာ ၇၅ ကျပ်နှုန်း ပေးဆောင်နေရပါက သက်ဆိုင်ရာမြို့ နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများတွင် ပြောင်းလဲကောက်ခံပေးရန်  လျှောက် ထားနိုင်ကြောင်း သိရသည်။လျှောက်ထားရာတွင်မီတာအမှတ်၊ ဓာတ်အားသုံးစွဲသူအမည်၊  နေရပ်လိပ် စာ၊ အခြားစီးပွားရေးလုပ်ငန်း၊ စက်မှု လုပ်ငန်းလုံးဝသုံးစွဲခြင်းမရှိကြောင်း ကာ ယကံရှင်၏ဝန်ခံချက်၊ ယခင်ဓာတ်အား ခ တောင်းခံလွှာ၊ ငွေသွင်းပြေစာတို့ဖြင့်  လျှောက်ထားနိုင်ပြီး  မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးများက ကွင်းဆင်းစစ် ဆေး၍ လျှောက်ထားမှု မှန်ကန်ပါက တစ်ယူနစ်လျှင် ၃၅  ကျပ်နှုန်းဖြင့် ပြောင်းလဲ ကောက်ခံပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။မယ်သီတာ