ကုန်စည်စီးဆင်းမှုရပ်ဝန်းက တန်ပိုဂိတ်နဲ့ ပဲ့တင်သံ
ဒီရာသီဟာ မုံရွာဒေသဝန်းကျင်မှာ ဆောင်းသီးနှံပဲမျိုးစုံ၊ ကြက် သွန်နဲ့ ဖရဲ၊ သခွားမွှေးတွေ အင်တိုက်အားတိုက် ထွက်ရှိချိန်ဖြစ်ပါ တယ်။ ဒီဒေသထွက်ကုန်သီးနှံမျိုးစုံဟာ ဒေသတွင်းစားသုံးမှု အပြင် ပြည်တွင်းပြည်ပ စားသုံးမှု ဈေးကွက်အထိတင်ပို့နိုင်တဲ့ ပိုလျှံမှုတွေ နှစ်စဉ်ထွက်ရှိနေ ခြင်းဖြစ်ပါတယ်။ ဒီလိုဒေသထွက်ကုန်တွေ ပြည်တွင်းနဲ့ ပြည်ပဈေးကွက်ထိ တင်ပို့စီးဆင်းရာမှာ သယ်ယူစရိတ်တွေ ယခင်ကနဲ့မတူ အဆမတန်မြင့်တက်နေလို့ စိုက်ပျိုးထုတ်လုပ်သူနဲ့တကွ ပွဲစား၊ ကုန်သည်နဲ့ကားဂိတ်တွေပါ အခက်အခဲဖြစ်ပေါ်နေပါတယ်။အဆိုပါ အခက်အခဲရဲ့ အဓိကအကြောင်းတရားကတော့ မုံရွာ မြို့အဝင်က တန်ပိုဂိတ်ရဲ့ ခွင့်ပြုနှုန်းထားနဲ့ ဒဏ်ကြေးပြောင်းလို့ဖြစ်ကြောင်း၊ သက်ဆိုင်ရာလုပ်ငန်းရှင်များက ထောက်ပြဝေဖန် ကြတာ ကြားသိရပါတယ်။ မုံရွာကနေစီးထွက်သွားတဲ့ သီးနှံနဲ့ခရီးစဉ်တွေရဲ့ သယ်ယူစရိတ်တွေကို ဖော်ပြလေ့လာကြည့်ရင် အခုလိုတွေ့ရပါတယ်။ မနှစ်က ပဲမျိုးစုံသယ်ယူတဲ့အခါ ကားလမ်းနဲ့ မုံရွာက ရန်ကုန် ကို တစ်ပိဿာ အမြင့်ဆုံး ၅၀ ကျပ်၊ မုံရွာကမန္တလေးကို တစ်တင်းခွဲ ဝင် ပဲတစ်အိတ် ၄၀၀ ကျပ်ပေးရပါတယ်။ လုပ်ငန်းရှင် တွေရဲ့ အခေါ် ၁၂ ဘီးကားတစ်စီးဟာ ကုန်တန် ၃၀ တင်ကြပါတယ်။ ရန်ကုန်ခရီးအတွက် တန် ဆာခကျပ် ၉ သိန်းခန့်ရပါတယ်။ ယခုတန်ပိုကိစ္စ ၁၂ ဘီးကားဝန်ရိုး ၄ ခုကို ကုန်တန် ၁၂ ဒသမ ၅ တန်သာသတ်မှတ်လို့ အဲဒီတန်ချိန်အတိုင်းသာတင်ရင် ယခင်ဈေးနဲ့ ကျပ် ၄ သိန်းနီးပါးသာဝင် ပါမယ်။ ကွာခြားချက်က ကျပ် ၅ သိန်းပါ။ ဒီကွာခြားချက်ကိုညှိဖို့ တန်ဆာခတိုးမြှင့်ကြပါတယ်။ ဒါကြောင့် ယနေ့မုံရွာ-ရန်ကုန် ကားတန်ဆာခဟာ တစ်ပိဿာ ၆၅ ကျပ်ဝန်းကျင်ရှိပြီး၊ ခွင့်ပြုတန်ချိန် ၁၂ ဒသမ ၅ + ၂ = ၁၄ ဒသမ ၅ တန်အတွက် ၆ သိန်းခန့်ရရှိမှာ ဖြစ်ပါတယ်။ ဒီအခါမှာ ကုန်သည်တွေက သယ်ယူခသက်သာမဲ့ ရေကြောင်း လိုင်းဘက်လှည့်ခဲ့ကြပါတယ်။ မုံရွာကနေ ရန်ကုန်ကိုရေကြောင်းလမ်းနဲ့ ကုန်တင်တဲ့အခါ မုံရွာ-မြင်းမူကားခ ပဲတစ်အိတ် ၄၅၀ ကျပ်၊ မော်တော်ချခတစ်အိတ် ၈၀ ကျပ်၊ ရေယာဉ်တန်ဆာခတစ်ပိဿာ ၂၈ ကျပ်ဆိုတော့ ပဲတစ် အိတ် စုစုပေါင်း သယ်ယူစရိတ်က ၁၃၇၀ ကျပ်ဖြစ်ပါတယ်။ မုံရွာ-ရန်ကုန် ကားလမ်းက သယ်ယူ စရိတ်က ပဲတစ်အိတ်ကို ၁၉၅၀ ကျပ်ကျလို့ တစ်အိတ် ၅၈၀ ကျပ် သက်သာတဲ့အတွက် ရေကြောင်း ကို ရွေးချယ်တင်ပို့ခြင်းဖြစ်တယ်လို့ ကုန်သည်တွေကပြောပါတယ်။ ဒါပေမဲ့ စီးထွက်နိုင်မှု ပမာဏ အနေနဲ့ မြင်းမူဆိပ်ကမ်းရဲ့ လုပ်သားအင်အားအရ တစ်လမှာ မော်တော်အစီး ၂၀ ခန့် ပဲအိတ် ၂ သိန်းခန့်သာ ရှိပါတယ်။ ဒီပဲအိတ် ၂ သိန်းကို မုံရွာကရန်ကုန်ကို ၁၂ ဘီးကားနဲ့တင်မယ်ဆိုရင် တန်ပိုဂိတ် ခွင့်ပြုချက်အရ ကားစီးရေ ၇၁၄ စီးအသုံးပြုရပါတယ်။ ယခင်ကာလ ကား တင်မှုနဲ့တွက် ပါက ကားစီးရေ ၃၃၀ ခန့်သာလိုပါတယ်။ စီးထွက်မှုကို သုံးသပ်ကြည့်တဲ့အခါမှာ ကားစီးရေထွက် သွားသလောက် ကုန်တန်ချိန်လျော့နည်းနေလို့ စီးဆင်းမှုကို လျော့ကျနေခြင်းဖြစ်ပါတယ်။ ယခင်နှုန်း နဲ့ကုန်တင်ခွင့်ရရင် ကားစီးရေ ၇၁၄ စီးအတွက် ပဲအိတ် ၄ သိန်းကျော် စီးဆင်းနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ကုန်သည်တွေအနေနဲ့ တန်ဆာခပိုမိုကုန်ကျ၊ ကား လုပ်ငန်းသမားတွေလဲ ထိုက် သင့်တဲ့ဝင်ငွေမရ၊ တောင်သူတွေအနေနဲ့လည်း ဈေးကွက်မှာ ကုန်တွေစုပုံနေလို့ ဈေးကျ စတဲ့ဘေး ထွက်ဆိုး ကျိုးတွေဖြစ်ပေါ်နေတဲ့အတွက် နိုင်ငံအတွက် ပဲစိုက်ပျိုးရာ တိုင်းဒေသကြီးအတွက် သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများ အားလုံးအတွက် သင့်တင့်မျှတ ကောင်းမွန်မယ့် အစီအမံများချမှတ်ကာ တန်ပိုဂိတ်ရဲ့ မြင့်မားနေတဲ့ ဒဏ်ကြေးနှုန်းထားများကို ရှဉ့်လဲလျှောက်သာ ပျားလဲစွဲသာဖြစ်အောင် ပေါင်းစပ်ညှိနှိုင်းပေးမယ်ဆိုရင် ကုန်စည်စီးဆင်းမှု လမ်းကြောင်းဟာ ယခုထက် ကောင်းမွန်မြန်ဆန် သွက်လက်လာမှာဖြစ်ပါကြောင်း။ လှိုင်ထွန်းဦး
