IT Solution များအတွက် တရားဝင်စီးပွားဖက်(ရန်ကုန်)အဖြစ် NEC က ခန့်အပ်ခြင်းခံထားရသော KMD မှ ဘဏ်လုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းများအတွက် ှသူကအငသည များကို မိတ်ဆက်တင်ပြခြင်း
IT Solution များအတွက် တရားဝင် စီးပွားဖက်(ရန်ကုန်)အဖြစ် NEC က ခန့်အပ်ခံထားရသောKMD မှ ဘဏ်လုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်း များအတွက် Solution များ မိတ်ဆက် တင်ပြခြင်းအခမ်းအနားကို ရန်ကုန်မြို့ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလုပ် ငန်းရှင်များအသင်းချုပ်၌ မတ် ၉ ရက် က ကျင်းပခဲ့ကြောင်း သိရသည်။အဆိုပါအခမ်းအနားတွင် KMD Co., Ltd. မှ ဥက္ကဋ္ဌဖြစ်သူ ဦးသောင်း တင်က မြန်မာနိုင်ငံတွင် ဟိုတယ်လုပ် ငန်းများနှင့် ဘဏ်လုပ်ငန်းများသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုပ် ငန်းများနှင့်အတူ ယှဉ်တွဲလိုက်ပါတိုး တက်ရမည်ဖြစ်ကြောင်း၊ ဘဏ်လုပ်ငန်း များသည်လည်း အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ရတော့မည်ဖြစ်ရာ ဆိုက် ဘာလုံခြုံရေးကိစ္စမှာ များစွာအရေးပါ နေကြောင်း၊ ထို့ပြင် ၂၄ နာရီပတ်လုံး လုပ်ဆောင်နေရမည့် လုပ်ငန်းများဖြစ် ၍ IT ကဏ္ဍသည် မရှိမဖြစ်လိုအပ်လာ ပြီဖြစ်ကြောင်း၊ ထု့ိအတူ ဟိုတယ်လုပ် ငန်းများသည်လည်း အချိန်နဲ့အမျှ စက္ကန့်နှင့်အမျှ လုပ်ကိုင်ဆောင်ရွက်နေ ရသည့်အတွက် လာရောက်တည်းခိုသူ များ အဆင်ပြေစွာ နေထိုင်နိုင်ရေး အတွက် IT ကဏ္ဍမှာ များစွာအရေးပါ နေပြီဖြစ်ကြောင်း၊ သာမန်ကွန်ပျူတာ တစ်လုံးကို ပိုင်ဆိုင်ထားရုံဖြင့် လုပ် ဆောင်၍မရဘဲ ဖြစ်ပေါ်လာသည့် ပြဿနာများကိုဖြေရှင်းနိုင်ရန်အတွက် လုပ်ဆောင်ရန်မှာ အရေးပါလှကြောင်း ဖြင့် ပြောကြားခဲ့သည်။ယခုပြုလုပ်ခဲ့သည့် အခမ်းအနား တွင် NEC Asia Pacific Ptd. Ltd. မှ KMD Co., Ltd. သို့ တရားဝင် အရောင်းကိုယ်စားလှယ်အဖြစ် ခန့်အပ် လွှာကိုပါ ပေးအပ်ခဲ့ကြောင်းသိရသည်။အဆိုပါ အခမ်းအနားတွင် NEC Platform Solutions- Servers, Storage and PC နှင့်ပတ်သက်၍ NEC Asia Pacific Pte. Ltd. မှ ဒုတိယဥက္ကဋ္ဌ တတ်ဆုနိုရီရှီဘာတာက လည်းကောင်း၊ NEC Middleware Solutions-Express Cluster, POS and Ruggedize PC နှင့်ပတ်သက်၍ NEC Asia Pacific မှ Regional Manager မ ဒေးဗစ်အိုရီက လည်း ကောင်း၊ SANYO DENKI Introduction-UPS နှင့်ပတ်သက်၍ ှ SANYO DENKI Singapore Pte. Ltd. မှ အရောင်းတာဝန်ခံ လီယန်ဆင်း ကလည်းကောင်း ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။စင်ကာပူနိုင်ငံ အခြေစိုက် NEC Asia Pacific သည် အာရှပစိဖိတ်ဒေ သဆိုင်ရာ (တောင်နှင့် အရှေ့တောင် အာရှနှင့် ပစိဖိတ်သမုဒ္ဒရာ အလယ် ပိုင်းနှင့် တောင်ပိုင်းကျွန်းများ) ဆိုင်ရာ NEC Corporation (ဌာနချုပ်၊ ဂျပန်) အတွက် ဒေသဌာနချုပ်ဖြစ်သည်။ ဒေသဆိုင်ရာ အရောင်းဝန်ဆောင်မှုများ ပံ့ပိုးမှုနှင့် အကြံဉာဏ်များထောက်ပံ့ပေး နေသည့် သတင်းဆက်သွယ်ရေး နည်း ပညာနှင့် နည်းစနစ်များ စုစည်းပေးခြင်း တို့တွင် ဦးဆောင်ကုမ္ပဏီဖြစ်သော NEC APAC သည် တယ်လီဖုန်းဆက် သွယ်ရေးကွန်ရက်၊ ကမ္ဘာလုံးဆိုင်ရာ သက်သေခံ၊ လုပ်ငန်းဆာဗာ၊ ပေါင်း စည်းထားသည့် ဆက်သွယ်ရေး၊ မာလ တီမီဒီယာ ပြကွက်နှင့် ဆက်သွယ်မှုစင် တာများနှင့်ပတ်သက်သည့် ဖြေရှင်း ချက်များကို တီထွင်ရေးဆွဲသည့်အပြင် အခြားကုမ္ပဏီများအား အလုပ်အပ်နှံ ခြင်းနှင့် စီမံခန့်ခွဲထားသည့် ဝန်ဆောင် မှုများကိုလည်း ထောက်ပံ့ပေးလျက်ရှိ ကြောင်းသိရသည်။ မယ်သီတာ
