အပေါ်ကားများ အရောင်းအဝယ်အေး ဈေးအမေးသာ ရှိနေပြီး အောက်ကားများ အရောင်းအဝယ်ဖြစ်နေ

    ယခု ရက်သတ္တပတ်အတွင်း ရန် ကုန်မြို့ ကားဈေးကွက်အတွင်းရှိ ကား ပွဲစားတန်းများရဲ့  အခြေအနေမှာ လူ စည်ကားနေသော်လည်း အပေါ်ကား များ ထင်သလောက်အရောင်းအဝယ် မဖြစ်ပဲ သိန်း ၁၀၀ ကျော်အောက်ကား များနှင့် သိန်း ၂၀၀ အောက် အလယ် ကားများသာ  အရောင်းအဝယ်ရှိနေ ကြောင်း သိရသည်။အပေါ် ကားဈေးကွက်အနေဖြင့် အသစ်အသစ်သော  ကားများ ဝင် ရောက်လာသဖြင့် ရောက်ရှိပြီး အပေါ် ကားများမှာ ၂၀၀၀ ခုနှစ်ဝန်းကျင်ကား များ  ဈေးတန်းကျဆင်းနေပြီး အသန့် ကားများမှလွဲ၍   ကျန်ကားများမှာ မတ်(ခ်)တူး ၉၉ မိုဒယ်(လ်) ကျပ်သိန်း ၂၇၀ ခန့်ရောင်းချလာကြကြောင်း သိရ သည်။ ပြီးခဲ့သည့်အပတ်တွင်းက  တပ်မ တော်ခန်းမတွင် ကားပြပွဲတစ်ခု ကျင်းပ ခဲ့ပြီး ထိုပွဲတွင်လည်း ကျပ်သိန်း ၃၀၀ ဝန်းကျင်မှ ကျပ်သိန်း ၆၀၀ ထိ မိုဒယ် (လ်)မြင့်ပြသခဲ့ရာ ကားသန့်များအသင့် အတင့်  ရောင်းချခဲ့ရကြောင်း  သိရ သည်။အပေါ်ဝိုင်းထဲတွင်  အသစ်သွင်း ကားများ  အမျိုးအစားစုံ ရောက်ရှိနေ ပြီး လက်ရှိ သုံးလေးစီးတစ်ပိုင်တစ်နိုင် ရောင်းချနေသူများလည်း  ရှိလာကာ ကားသန့်ပြီး အရောင်းပြခန်းနှင့် ဈေး ကွာပါက  ချက်ချင်းရောင်းချရကြောင်း သိရသည်။ လတ်တလော  အပေါ် ကား အရောင်းအဝယ်မှာ တစ်ထိုင် တည်း  ချက်ချင်းရောင်းနိုင်ဝယ်နိုင်လျှင် အလုပ်ဖြစ်ကြောင်း၊ ဈေးဆစ်ပြီး မရ လျှင် (သို့မဟုတ်) ဈေးမေးပြီးမှညှိနှိုင်း မရပါက  ဝယ်လက် ပြန်မလာသလို အခြားရက်များမှအချိန်ဆွဲ၍  ရောင်းချ လျှင် ဝယ်သူမရှိတတ်ကြောင်း အတွေ့ အကြုံအရ  အပေါ်ဝိုင်း  ဝါရင့်အကျိုး ဆောင်ကိုမြင့်ကျော်မှ ပြောသည်။ယာဉ်ဟောင်းအပ်နှံပြီး အထောက် အထားပြပြေစာ၊ ကားစလစ်များလည်း ဈေးမာနေပြီး (အပ်ကား) များလည်း ကျပ်သိန်း ၁၃၅ နှင့် ၁၄၀ ကြားရှိကာ ၎င်းင်းတို့ဈေးဖြစ်လာမှုနှင့်အညီ  ကျပ် သိန်း ၁၀၀ ကျော်ကားများ သိန်း ၂၀၀ အောက်ကားများ ကျပ် ၁၅ သိန်း ၂၀ သိန်းခန့်တက်လာပြီး   ယာဉ်ဟောင်း အပ်နှံသမားများ အဝယ်ရှိသဖြင့် လည်း ကောင်း၊ ၈၈/၈၉/၉၀ မိုဒယ်(လ်)ကား များမှာ  ယခင်ကတည်းက အသုံးတည့် ကားများဖြစ်ခြင်းကြောင့်    လည်း ကောင်း၊ ဆီစားသက်သာသဖြင့် လည်း ကောင်း၊ လုပ်ငန်းလုပ်နိုင်သဖြင့်၊ လည်း ကောင်း ပြန်၍ဈေးပေါလာခြင်း ဖြစ် ကြောင်း  ကျောက်မြောင်းဝိုင်းမှ   ဝါရင့် အကျိုးဆောင်တစ်ဦးက ပြောသည်။                                       SN