အာဖရိကမှ စင်ကာပူ အိပ်မက်

အစည်းအဝေးခန်းမက  သိပ္ပံရုပ်ရှင်ထဲက ပုံစံမျိုးဖြစ်သည်။ ဆုံလည် ထိုင်ခုံများ၊ စားပွဲခုံ များပေါ်မှာ လက်ပ်တော့ ကွန်ပျူတာများ၊ ကင် ယာဝမ်ဒါဘာသာနှင့် အခြားတိုင်းရင်းသားဘာသာ တို့ကို ပြောင်းလဲနားထောင်လို့ရသော နားကြပ် ခွက်များကို အသင့်စီစဉ်ပေးထားသည်။ စားပွဲထိပ် ကထိုင်ခုံမှာ ရဝမ်ဒါနိုင်ငံသမ္မတကြီး၊ ပေါလ်ကာ ဂါမီထိုင်သည်။ သူအနီးအနားမှာတော့ သိပ္ပံနှင့် နည်းပညာကျွမ်းကျင်သူဝန်ကြီးများက နေရာ ယူ ကြရသည်။ စီးပွားရေးအကြောင်း ပြောဆိုကြပြီ ဆိုလျှင် သမ္မတကြီးက လှုပ်ရှားလာတတ်သည်။ စီးပွားရေးသည် သူစိတ်ဝင်စားသည့် ဘာသာ ရပ်ဖြစ်ပြီး၊ အိပ်ရာဝင်ချိန်မှာ စီးပွားရေးဖြစ်စဉ် နမူနာလေ့လာချက်များကို  ဖတ်လေ့ရှိသည်ဟု သမ္မတကြီးကပြောသည်။ သူက  ရဝမ်ဒါနိုင်ငံကို အလယ်အာဖရိက၏  စင်ကာပူ ဖြစ်လာအောင် ပြောင်းလဲပစ်ချင်သည်။ရဝမ်ဒါနိုင်ငံကို ၁၉၉၄ ခုနှစ်များက အနည်း ဆုံး လူ့အသက်ပေါင်း ၅၀၀၀၀၀ ကျော် လူမျိုးတုံး သတ်ဖြတ်မှုခဲ့ကြောင့် လူသိများလာသည်။  ထို ကာလနောက်ပိုင်းမှာတော့ ငြိမ်းချမ်းလာခဲ့သည်။ သို့သော်လည်း စင်ကာပူနိုင်ငံမှာ ရှိနေသည့် အား သာချက်မျိုးတော့ တစ်ခုမျှမရှိသလောက် ဖြစ် သည်။ စင်ကာပူတွင် ကမ္ဘာမှာ အလုပ်အများဆုံး ဆိပ်ကမ်းရှိသည်။ ရဝမ်ဒါကတော့ ရေလမ်းဆက် သွယ်မှုမရှိသော ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်သည်။ စင်ကာပူတွင် ကမ္ဘာ့အကောင်းဆုံး ပညာများကို သင်ယူခွင့်ရရှိထားသည့်  နိုင်ငံသားများရှိသည်။ ရဝမ်ဒါနိုင်ငံ၏  လူလတ်တန်းစားများကတော့ ၁၉၉၄ခုနှစ်တွင် သတ်ဖြတ်ခံခဲ့ကြရသည်။ စင်ကာပူ သည်  တရုတ်နိုင်ငံ၏ တံခါးဝတွင် ရှိနေသည်။ ရဝမ်ဒါ၏ အိမ်နီးချင်းနိုင်ငံများကတော့ အဆင့်မမီ သောနိုင်ငံများဖြစ်နေသည်။ မကြာသေးမီက ထွက် လာသည့် ဗြိတိန်သုတေသီအဖွဲ့၏ လေ့လာချက် စစ်တမ်းတွင် ယူဂန်ဒါနိုင်ငံမှာ အကျင့်ပျက် ခြစား နေသည်။ ဘာရွန်ဒီနိုင်ငံမှာတော့ ပြဿနာပေါင်း စုံဖြစ်နေသည်။ ကွန်ဂိုနိုင်ငံဆိုလျှင် ပိုပြီးဆိုးနေသေး သည်ဟု ဖော်ပြထားသည်။သို့တိုင်အောင် ရဝမ်ဒါနိုင်ငံ၏ အကြီးမား ဆုံး အားသာချက်မှာ တရားဥပဒေစိုးမိုးမှု (Rule of law) ရှိခြင်းဖြစ်သည်။ ရဝမ်ဒါသည် အာဖရိက တိုက်တွင်  အဂတိလိုက်စားမှု ကင်းစင်ရေးကို အများဆုံးဆောင်ရွက်သည့်   နိုင်ငံဖြစ်သည်။ အကျင့်ပျက်ဝန်ကြီးများကို ထောင်သွင်းအကျဉ်းချ ထားသည်။  တိုင်းပြည်စီးပွားရေးတွင် လက်ရှိ အာဏာရပါတီပိုင် ကုမ္ပဏီများက အများအပြား ဝင်ရောက်ဆောင်ရွက်လျက်ရှိသော်လည်း ရဝမ်ဒါ နိုင်ငံသည် ဂရိနှင့် အီတလီနိုင်ငံတို့ထက်  အကျင့် ပျက်မှုနည်းပါးကြောင်း နိုင်ငံတကာပွင့်လင်းမြင် သာဖြစ်မှုစောင့်ကြည့်ရေးအဖွဲ့ (Transparency International)   က အသိအမှတ်ပြုထားသည်။ "ကျွန်တော် တစ်ခါမှလာဘ်မပေးဖူးဘူး။ ဘယ် သူ့ကိုပေးရမယ်မှန်းလည်း မသိပါဘူး"ဟု မြို့တော် ကိဂါလီမှ   Heaven စားသောက်ဆိုင်ပိုင်ရှင်က ပြောပြသည်။ရဝမ်ဒါနိုင်ငံမှာ ကြိုးနီစနစ် ကင်းစင်သည့် ဆုလာဘ်နှင့်လည်း ပြည့်စုံနေသည်။ ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ကိုင်ရန် လွယ်ကူအဆင်ပြေမှု ညွှန်း ကိန်းတွင် ရဝမ်ဒါနိုင်ငံသည် တောင်အာဖရိကနှင့် မော်ရေးရှပ်နိုင်ငံတို့ပြီးလျှင် အခြားအာဖရိကနိုင်ငံ များအားလုံးများ၏ရှေ့တွင် အဆင့် ၄၅ နေရာ၌ ရှိသည်ဟု သတ်မှတ်ထားသည်။ စီးပွားရေးလုပ်ငန်း ကုမ္ပဏီတစ်ခု မှတ်ပုံတင်ရန်သုံးရက်သာ အချိန် ကြာပြီး ငွေအကုန်အကျလည်း အင်မတန်နည်း သည်။ ပစ္စည်းပိုင်ဆိုင်ခွင့်ဥပဒေ အခိုင်အမာရှိပြီး အစိုးရက  တောင်သူလယ်သမားကို  မြေယာ အမည်ပေါက်ပိုင်ဆိုင်ခွင့် ပေးထားသည်။သမ္မတကာဂါမီသည် လူမျိုးတုံးသတ်ဖြတ်မှု များကို ရပ်တန့်စေခဲ့ပြီး သတ်ဖြတ်မှုကျူးလွန်သည့် စစ်သွေးကြွများကို ကွန်ဂိုနိုင်ငံထဲအထိ လိုက်လံ ချေမှုန်းခဲ့သူဖြစ်သည်။ သူ၏ လက်နက်ကိုင်တပ် များက လူအမြောက်အမြားကို သတ်ဖြတ်ခဲ့သည်။ သူကျင်းပပေးခဲ့သည့် ရွေးကောက်ပွဲများမှာ မသမာ မှုများရှိခဲ့သည်။ သို့သော်လည်း ရဝမ်ဒါနိုင်ငံ၏ အဖွဲ့အစည်းများ (Institutions) ကို ကာဂါမီက သိသိသာသာပြုပြင်ပြောင်းလဲရန် ကြီးကြပ်ပေးခဲ့ သည်။ တိုင်းပြည် ချမ်းသာကြွယ်ဝမလာခဲ့လျှင် နောက်တစ်ဖန်  ပြိုလဲပျက်ပြားသွားနိုင်သည်ကို ကာဂါမီက သဘောပေါက်ထားသည်။   စီးပွားရေး လုပ်ငန်း လုပ်ကိုင်ရာတွင် ပိုမိုလွယ်ကူစေရေး အတွက် ခိုင်ခိုင်မာမာဆောင်ရွက်ခဲ့သည်။ နိုင်ငံ သားတို့၏ ပျမ်းမျှဝင်ငွေသည် ၁၉၉၄ခုနှစ်နောက် ပိုင်းတွင် နှစ်ဆကျော် တိုးတက်လာခဲ့သည်။ရဝမ်ဒါတွင် ဗီဇာကတ်ပြား (Visa card)  ဖြင့် ငွေပေးချေနိုင်သဖြင့် ပြည်တွင်းရှိ ဈေးဆိုင်များ၊ လက်ငင်းဝယ်ငွေချေစက်များနှင့် ကမ္ဘာ့ငွေ အပေး အယူကွန်ရက်တို့ ချိတ်ဆက်ကာ မနားတမ်းဆောင် ရွက်ရလျက်ရှိသည်။ ဝေးလံဒေသများသို့ အီလက် ထရွန်နစ် ငွေပေးငွေယူပြုလုပ်နိုင်ရေးအတွက်  စမ်း သပ်ကြည့်ရန် ရဝမ်ဒါနိုင်ငံကို ဗီဇာကတ်ပြား ကုမ္ပဏီက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာ ကုမ္ပဏီများအတွက်  လုပ်ငန်းဆောင်ရွက်ရန် ရဝမ်ဒါနိုင်ငံသည်   အလွန်လွယ်ကူအဆင်ပြေ ကြောင်း ဗီဇာကတ်ကုမ္ပဏီ၏ အာရှဒေသဆိုင်ရာ အကြီးအကဲက ထောက်ခံပြောဆိုသည်။ သို့သော် လည်း  ရဝမ်ဒါတွင် ကျွမ်းကျင်လုပ်သားရှားပါးမှုကို ရင်ဆိုင်ရလျက်ရှိသည်။ ပြည်တွင်းအလုပ်သမား ထု၏ ၅ ရာခိုင်နှုန်းကျော်သာ အဆင့်မြင့်ပညာ တတ်မြောက်ကြသည်။ရဝမ်ဒါနိုင်ငံ၏ အခြေခံ အဆောက်အအုံ များမှာ နုံချာလှသည်။ လျှပ်စစ်ဓာတ်အား မလုံ လောက်သည့်ပြင် ဈေးလည်းကြီးသည်။ မြို့တော် ကိဂါလီ၏ အပြင်ဘက်တွင် မီးလင်းဖိုမှအလင်း ရောင်ဖြင့်သာ အမှောင်ခွင်းနေကြရသည်။ ဒေသ တွင်းကုန်သွယ်ရေး ဗဟိုချက်ဖြစ်လာစေချင်သော် လည်း ဆိပ်ကမ်းသို့ဆက်သွယ်ရောက်ရှိရန် မလွယ် ပေ။ ကင်ညာနိုင်ငံ  မွန်ဘာဆာဆိပ်ကမ်းမြို့မှ ရဝမ်ဒါနိုင်ငံ မြို့တော်ကိဂါလီသို့ ကုန်တင်ကားဖြင့် လေးရက်ကြာမျှသွားရပြီး လမ်းတွင် စစ်ဆေးရေး ဂိတ် ၃၆ ခုနှင့် ဝန်ပိုချိန်တံတား ၁၀ ခုကိုဖြတ်သန်း ရသည်။ လာဘ်ငွေပေးစရိတ် ၈၆၄ ဒေါ်လာ ကုန် ကျသည်ဟု အစိုးရ၏ လေ့လာချက်တွင် တွေ့ရှိရ သည်။ မည်သို့ဆိုစေ အာဖရိကတိုက်တွင် တရား ဥပဒေ စိုးမိုးမှု (Rule of law) အမြစ်တွယ်နိုင် ကြောင်း ရဝမ်ဒါနိုင်ငံက ပြသနေသည်ဟု ဗြိတိသျှ သုတေသီပညာရှင်တို့က သုံးသပ်ထားပါသည်။Ref; The Economist.