မိုးနတ်မင်းသို့ ပန်ကြားချက်

ပခုက္ကူခရိုင်အတွင်းက ယောချောင်းဘေးဝဲယာမှာ ကြက်သွန်ခင်းတွေ၊ စိုက်ရက်သက် တမ်းထက်ဝက်ကျိုးပြီမို့ အတော်အတန်အကြည့်ခံပြီး လှပနေပါတယ်။ ၂၀၁၀ အောက်တိုဘာ လ အိုတူးဘီမုန်တိုင်းကြောင့် သောင်ခုံတွေ မြင့်မောက်လာခဲ့တာကြောင့် ခါတိုင်းနှစ်နဲ့စာရင် ချောင်းထဲအစိုက်လျော့သွားပြီး ကုန်းပေါ်လယ်ကွင်းတွေမှာ အစိုက်ပိုခဲ့ပါတယ်။ခုတော့ ပေါက်နဲ့ရေစကြိုနယ်ဘက်က ဥစိုက်မိုးကြက်သွန်တွေ ဆက်တိုက်ထွက်ပေါ်နေ ပြီး၊ ပခုက္ကူ ကြက်သွန်ဒိုင်မှာ တစ်နေ့ ပိဿာချိန် ၁၅၀၀၀ မှ ၂၀၀၀၀ အဝင်ရှိပါတယ်။ ဈေး ကတော့ အရည်အသွေး၊ အရွယ်အစား အလိုက် တစ်ပိဿာ ၅၀ ကျပ်မှ ၃၄၀ ကျပ်ထိ ပေါက်ပါတယ်။၂၀၁၀ ခုနှစ် မတ် ၃ ရက်ကတော့ ပခုက္ကူခရိုင် မြို့နယ်အတော်များများမှာ မိုးတွေအုံ့ပြီး မိုးစွေရွာခဲ့ပါတယ်။ ဒီမိုးကြောင့် ယောချောင်းရေ လက်လေးသစ်ခန့်တိုးခဲ့ပါတယ်။ ခရီးသွား လာရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအတွက် ဘာမှမထောင်းသာပေမဲ့ ချောင်းစိုက်ကြက်သွန်ခင်း ဆိုတာ ချောင်းရေချိန်နဲ့စိုက်ရတာဆိုတော့ ရေမှတ်ဒီထက်ပိုမြင့်၊ ပိုကြာမယ်ဆိုရင်တော့ ကြက် သွန်ဥတွေရဲ့ ကျန်းမာရေးစိုးရိမ်စရာဖြစ်ရပါမယ်။ ဒါပေမဲ့ ဒီတစ်ပတ် မိုးရွာ၊ ရေတိုးတာ သိပ် မကြာလိုက်တော့ ထိခိုက်မှုသိပ်မရှိနိုင်ဘူးလို့ စုံစမ်းသိရပါတယ်။ဒါပေမဲ့ ဒီကြက်သွန်ခင်းတွေ နှုတ်မပြီးမချင်း၊ ကမ္ဘာ့ရာသီဥတုတွေ ဘယ်လိုဘဲပြောင်း ပြောင်း၊ ဒီယောချောင်းတစ်ဝိုက်မှာ အချိန်အခါမဟုတ်မိုးများ မုန်တိုင်းအကျိုးဆက်မိုးများ ကိုတော့ မရွာစေချင်ဘူးလို့ ပေါက်မြို့နယ်က ကြက်သွန်စိုက်တောင်သူတစ်ဦးက ကောင်းကင်က အုံ့ဆိုင်းနေတဲ့ မိုးတိမ်တွေကို မော့ကြည့်ရင်း မှတ်ချက်ပြုပါတယ်။       မောင်မောင်အေး