လွိုင်ကော်မြို့နယ် နွေစပါးရာသီမှာ ဘာစမာတီစပါးဧက ၉၀ စမ်းသပ် စိုက်ပျိုးမယ်
လွိုင်ကော်မြို့နယ်မှာ ၂၀၁၂ ခုနှစ်၊ နွေစပါးစိုက်ပျိုး မှုမှာ ဘာစမာတီစပါး ၉၀ ဧက စမ်းသပ်စိုက်ပျိုးမယ်လို့ သိရ ပါတယ်။ အဆိုပါ စိုက်ပျိုးမှုကို လွိုင်ကော်မြို့ နယ် ဒေါခုခူရပ်ကွက်နေ ဦးအိုက်ဝင်းမှ ဒေါ်ပေါ်ကလဲကျေးရွာအုပ်စု ဒေါဆော် လိကွင်းမှာ ဘာစမာတီစပါးကို ဖေဖော် ဝါရီလ ၂၆ ရက်က စတင်စိုက်ပျိုးခဲ့ရာ မတ်လ ၂ ရက်ထိ ဧက ၇၀ စိုက်ပျိုးပြီးစီး ခဲ့ပြီး၊ နောက်ထပ် ဧက ၂၀ကို မျိုးသက် ပြည့်ပါက ထပ်မံစိုက်ပျိုးမှာ ဖြစ်ကြောင်း သိရပါတယ်။ ယခုလို ဘာစမာတီစပါးကို စိုက် ပျိုးရခြင်းမှာ ဒေသမျိုးများ စိုက်ပျိုးခြင်း ထက် ဈေးကွက်ဝင်သီးနှံများ မျိုးပြောင်း လဲစိုက်ပျိုးခြင်းဖြင့် အချိန်ကုန်၊ ငွေကုန်၊ အလုပ်လုပ်ရတာခြင်းအတူတူ စားသုံး သူများ ကျန်းမာရေးအတွက်အထောက် အကူဖြစ်စေတဲ့ အစားအစာများ စိုက် ပျိုးထုတ်လုပ်ပေးခြင်းဖြင့် ကုသိုလ်လည်း ရ ဝင်ငွေလည်း တိုးမှာဖြစ်ကြောင်း အဆိုပါတောင်သူက ဆိုပါတယ်။ ဘာစ မာတီဆန်တစ်အိတ်ကို လက်ရှိပေါက် ဈေးမှာ ကျပ် ၅၇၀၀၀ မှ ကျပ် ၆၀၀၀၀ ထိဈေးရှိပြီး၊ ဈေးကွက်မှာ ပြတ်လပ် လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါ တောင်သူ ဦးအိုက်ဝင်းမှာ မိုးစပါးစိုက် ရာသီက ပေါ်ဆန်းမွှေးဘေးကြားစပါး ကို စမ်းသပ်စိုက်ပျိုးအောင်မြင်ခဲ့ပြီး တစ် ဧကကို ၈၇ တင်းထွက်ရှိအောင် စိုက် ပျိုးနိုင်ခဲ့တဲ့ တောင်သူဖြစ်ကြောင်း သိရ ပါတယ်။ မင်းအောင်
