အင်ဒိုနီးရှားနိုင်ငံ ဘူးလော့ဂ်အေဂျင်စီကို သြင်္ကန်အပြီး နောက်ထပ် ဆန်သင်္ဘောတစ်စီး တင်ပို့ဖို့ စီစဉ်
မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းနဲ့ အင်ဒိုနီးရှားနိုင်ငံ ဘူးလော့ဂ် အေဂျင်စီတို့အကြား ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းက ရေးထိုးခဲ့တဲ့ ဆန်တန်ချိန် တစ်သိန်းရောင်းဝယ်ရေး သဘောတူညီချက်အရ သြင်္ကန်အပြီးမှာ ဒုတိယအကြိမ် ဆန်သင်္ဘောတစ်စီး တင်ပို့ဖို့စီစဉ်နေတယ်လို့ သိရပါတယ်။ ပထမအကြိမ် သင်္ဘောတင်ပို့မှုကို ဖေဖော်ဝါရီလ ၂၃ ရက်မှာ တန်ချိန် ၅၀၀၀ တင်ပို့ ပြီးဖြစ်ကြောင်းနဲ့ နောက်ထပ် တင်ပို့မှုမှာလည်း တန်ချိန် ၅၀၀၀နဲ့ တစ်သောင်းကြား တင်ပို့နိုင်လိမ့်မယ်လို့ မြန်မာနိုင်ငံ ဆန် စပါးလုပ်ငန်းအသင်း အတွင်းရေးမှူး ဦးရဲမင်းအောင်မှ ပြောကြားပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ပြည်တွင်းစားနပ်ရိက္ခာဖူလုံဖို့အတွက် နှစ်စဉ်ဆန်တန်ချိန် ၂ သန်း ဝန်းကျင် တင်သွင်းနေရတာ ဖြစ်ပါတယ်။ ယခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံဟာ ထိုင်းနိုင်ငံနဲ့ အစိုးရ အချင်းချင်းကုန်သွယ်မှုအရ ဆန်တန်ချိန် တစ်သန်း တင်သွင်းဖို့ သဘောတူညီထားတယ်လို့ သိရပါတယ်။ လမင်း
