မဲခေါင်မြစ်ဝှမ်းဒေသတွင် ဆောင်း-နွေဦးစပါး အထွက်နှုန်းတိုးသည့်တိုင်အောင် ပြည်ပမှ ဝယ်လိုအားနည်းနေခြင်းက ဈေးနှုန်းများကို ဆက်တိုက်ကျဆင်းစေ

    ဗီယက်နမ်ဆန် ဈေးနှုန်းများ တဖြည်းဖြည်းကျဆင်းလာ လျက်ရှိရာ လက်ရှိဗီယက်နမ် ဆန်ဖြူ ၅ ရာခိုင်နှုန်း က အမျိုး အစားတူ အိန္ဒိယဆန်ထက် တစ်တန်ကို ၃၅ ဒေါ်လာ လျော့ နည်းလျက်ရှိပြီး အိန္ဒိယနဲ့ ဗီယက်နမ်ဆန်ဖြူ ၂၅ ရာခိုင်နှုန်းမှာ တော့ ဈေးနှုန်းတူညီလျက်ရှိတယ်။ တစ်တန်ကို ၃၈၀ ဒေါ် လာနဲ့ ပြည်ပကို တင်ပို့ရောင်းချ လျက်ရှိတယ်လို့ riceonline  မှ စာရင်းတွေအရ သိရတယ်။    မဲခေါင်မြစ်ဝှမ်းဒေသမှာ ဆောင်း-နွေဦး စပါးအထွက်နှုန်း တိုးသည့်တိုင်အောင် ပြည်ပမှ ဝယ်လိုအား နည်းနေခြင်းက ဈေးနှုန်းတွေကို ဆက်တိုက်ကျဆင်းစေတယ်လို့ သိရတယ်။ အဓိကမှာ ပြည်တွင်းမှာ ဆန်ဖြူ ၂၅ ရာခိုင်နှုန်းအမျိုးအစား အများအပြားစိုက်ပျိုးထားမိချိန်မှာ ပြည်ပမှ အရည်အသွေး နိမ့် ဆန်အမျိုးအစားကို ဝယ်လိုအားနည်းနေခြင်းက ဗီယက် နမ်ပြည်တွင်းစပါးစိုက်ပျိုးသူတွေအတွက်ဝမ်းနည်းစရာသတင်း ဖြစ်ခဲ့တယ်လို့ သိရတယ်။ ဒါကြောင့် မဲခေါင်မြစ်ဝှမ်း ဒေသ ဆန်သုတေသနသိပ္ပံမှ ညွှန်ကြားရေးမှူး  Dr.Le Van Barh   ကလယ်သမားတွေကို စပါးများကို ချက်ချင်းရောင်းပြီး အေ<ကး တွေဆပ်ဖို့နဲ့နောက်သီးနှံအတွက်ကြိုတင်ပြင်ဆင်ထားဖို့ အကြံ ပေးထားတဲ့အပြင် အစိုးရကို လယ်သမားတွေဆီစပါးတွေကို ဝယ်ယူသိုလှောင်ထားပေးဖို့အကြံပေးထားတယ်လို့ သိရတယ်။    ဒါကြောင့် ဗီယက်နမ်အစိုးရက ပြည်ပကို ဆန်တင်ပို့သူ တွေကို ကြိတ်ခွဲပြီးဆန်တန်ချိန် ၁ သန်းနဲ့ ညီမျှတဲ့ ဆန်တွေကို ၃ လကြာ ဝယ်ယူသိုလှောင်ထားပြီး ဆန်ဈေးကျဆင်းမှုကို ထိန်းသွားဖို့ ညွှန်ကြားထားကြောင်း သိရတယ်။ပပ၊Source:Saigon-gpdaily.com.vnç brecorder.com