ဖိလစ်ပိုင်နိုင်ငံ NFA မှ ဆန်တန် ၁၉၀၀၀၀ တင်ဒါခေါ်
ဖိလစ်ပိုင်အစိုးရက မတ်လ ၁၉ ရက်မှာ ဆန်တန်ချိန် ၁၉၀၀၀၀ အတွက် တင်ဒါခေါ်ယူမယ်လို့ နိုင်ငံတော် စားနပ်ရိက္ခာ အာဏာပိုင် ( NFA )မတ်လ ၁၂ ရက်မှာ ကြေညာခဲ့ပါတယ်။ ယင်းပမာဏဟာ NFA မှ တင်ဒါ ခေါ်ယူဖို့ သတ်မှတ်ထားတဲ့ ဆန်တန်ချိန် ၃၈၀၀၀၀ ရဲ့ ထက်ဝက်ဖြစ်ကြောင်း NFA တင်ဒါကော်မတီမှ ဥပဒေပညာရှင် Gilbert Lauengco မှ ပြော ကြားပါတယ်။မုတ်သုန်ရာသီ ဇူလိုင်လမတိုင်မီနိုင်ငံရဲ့ ဆန်သိုလှောင်မှုကို မြှင့်တင်ဖို့ ဖိလစ်ပိုင်နိုင်ငံက ဆန်တန်ချိန် ၅ သိန်း တင်သွင်းသွားမှာဖြစ်ကြောင်း ဇန်နဝါရီလ စိုက်ပျိုးရေးဝန်ကြီး Proceso J Alcala က ကြေညာခဲ့ပါတယ်။ ဒါပေမယ့် NFA နဲ့ စိုက်ပျိုးရေးဌာန အရာရှိများကတော့ တစ်နှစ်လုံးအတွက် ဆန်တင်သွင်းမှု ပမာဏကို လျှော့ချမယ် မချဘူးဆိုတာ အခိုင်အမာ မပြောကြားသေးကြောင်း သိရပါတယ်။ မတ်လ ၁၉ ရက်မှာ ခေါ်ယူမယ့် ဆန်တန်ချိန် ၁၉၀၀၀၀ တင်ဒါအနက် တန်ချိန် ၁၁၀၀၀၀ မှာ လူဇွန် ဆိပ်ကမ်းကို ရောက်ရှိမှာ ဖြစ်ပြီး၊ ကျန်တန် ၈၀၀၀၀ မှာVisagas နဲ့ Mindanao ရဲ့ ဆိပ်ကမ်းများကို ရောက်ရှိမှာ ဖြစ်ပါတယ်။ တင် သွင်းသူတစ်ဦးစီကိုအနည်းဆုံးပမာဏ တန်ချိန် ၂၅၀၀ နဲ့အများဆုံး ပမာဏတန်ချိန် ၁၀၀၀၀ ခွင့်ပြုသွားမှာဖြစ်ပြီး၊ ရောက်ရှိ ရမယ့်ရက်က ကြေညာချက်ရရှိသည်မှ ရက်ပေါင်း ၆၀ အတွင်းဖြစ်ကြောင်း သိရပါတယ်။ လမင်း၊Source: riceonine
