Main menu

Background

ကုန်စည်ဒိုင်အသီးသီး၏လက်၇ှိအရောင်းအဝယ်ဖြစ်နေသောဈေးနှုန်းများနှင့်ဈေးကွက်အခြေအနေ

Fri, 02/06/2015 - 19:49 -- journal_editor

အတွဲ(၁၅)အမှတ်(၅)

မကွေးဈေးကွက်မှာ နှမ်းမျိုးစုံနှင့် ပဲစင်းငုံနီဈေးစွာ
မကွေးဈေးကွက်မှာ ဒီတစ်ပတ် နှမ်းမျိုးစုံကို ရန်ကုန်-မန္တလေးဝယ်လက်နှင့်  ဒေသတွင်းဆီစက်တွေဝယ်လိုအားပြန် လိုက်လာလို့ ယခင်တစ်ပတ်ဖြင့် နှိုင်းယှဉ်ပါက ဈေးမြင့်လာ ကြောင်းသိရပါတယ်။ အရောင်းအဝယ် အနေဖြင့်  နှမ်း နီ တစ် ပိဿာ ၂၃၁၅ ကျပ်၊ နှမ်းဖြူ တစ်ပိဿာ ၂၅၃၅ ကျပ်၊ နှမ်းနက် စမုံတစ်ပိဿာ ၄၀၀၀ ကျပ်၊ နှမ်းနက်ရိုးရိုးတစ်ပိဿာ ၂၇၈၀ ကျပ်၊ နှမ်းညိုကြားတစ်ပိဿာ ၂၁၃၅ ကျပ်ဈေးဖြင့် နှမ်းမျိုးစုံ တစ်ပတ်အတွင်း အိတ် ၂၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း  သိရပါ တယ်။  ဈေးကွက်သို့ ပဲစင်းငုံနီ(သစ်) အဝင်ပုံမှန်ရှိသလို ရန်ကုန်ဝယ် လက်ကလည်း ဝယ်လိုအားသွက်တာကြောင့်   ဈေးမြင့်လာပြီး တစ်ပိဿာ ၁၃၀၅ ကျပ်  (တစ်တန်ကို ၇၉၉၁၆၈ ကျပ်) ဈေးဖြင့် တစ်ရက်ကိုအိတ် ၇၀၀ ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရ ပါတယ်။