Main menu

Background

ဈေးအနည်းငယ် မြင့်တက်လာသည့်အောင်ပန်း အာလူး

Thu, 07/30/2020 - 15:47 -- journal_editor

ဘုရင့်နောင်ကုန်စည်ဒိုင်သို့  ရှမ်းပြည်နယ် အောင်ပန်းမြို့မှ အာလူး များ ဝင်ရောက်လျက်ရှိပြီး ဇူလိုင် ၂၃ ရက်တွင် အောင်ပန်းမြို့မှ ဝင်ရောက် လာသော အာလူးတစ်ပိဿာ  ဈေးနှုန်းများမှာ အာလူး ဗ၁ ကျပ် ၅၈၀၊ အာလူး ဥု ကျပ် ၇၀ဝ၊ အာလူး  ှ၁ ကျပ် ၇၅၀၊ အာလူး ှ၂ ကျပ် ၈၃၀ ဈေးနှုန်းအသီးသီးဖြစ်သည်။ အောင်ပန်းအာလူးဈေးများမှာ ယခင်တစ် ပတ် ဈေးနှုန်းထက် အာလူး ဗ၁ ကျပ် ၂၀၊ အာလူး ဥု ကျပ် ၄၀၊ အာလူး ှ၁ ကျပ် ၅၀၊ အာလူး   ှ၂  မှာ ကျပ် ၁၅၀ ခန့်စီ ဈေးနှုန်းမြင့်တက်လာကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။ရန်ကုန်မြို့  ဒေသအတွင်း  လက်လီပြန်လည်ရောင်းချသူများနှင့် အာလူးကြော်လုပ်ငန်းရှင်များက ဝယ်ယူခဲ့ကြကြောင်း၊ ဘုရင့်နောင်ကုန် စည်ဒိုင်သို့ ဇူလိုင် ၂၃ ရက်တွင် အာလူးဝင်ရောက်မှုမှာ တစ်နေ့လျှင် ပျမ်းမျှ ကားအစီးအရေ အတွ က် ၄၉ စီးခန့်နှင့်  တစ်နေ့လျှင် ပျမ်းမျှပိဿာချိန်  ၃၃၀ဝ၀ဝ ဝင်ရောက်ခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှသိရှိရသည်။

ရွှေဝါထွန်း(မြှင့်တင်၊ပြည်တွင်း-ရန်ကုန်)