Main menu

Background

အမေရိကန် ထုတ်ကုန်အချို့ကို အကောက်ခွန်တိုးရန် အိန္ဒိယပြင်ဆင်

Thu, 06/20/2019 - 12:01 -- journal_editor

        မက်မွန်၊ သစ်ကြားသီးနှင့် ပန်းသီးတို့အပါအဝင် အမေရိကန် ကုန်ပစ္စည်းအချို့ကို လာမည့်သီတင်းပတ်မှစ၍  အခွန်တိုးမြှင့် ကောက် ခံရန် အိန္ဒိယနိုင်ငံက ပြင်ဆင်နေသည်ဟု သတင်းရင်းမြစ်နှစ်ခုက ပြောကြောင်း ရိုက် တာသတင်းတွင်ဖော်ပြသည်။ အိန္ဒိယနိုင်ငံအား ပေးထားသော အဓိကကုန်သွယ်မှု အခွင့်အရေးများကို အမေရိကန်ကရုပ် သိမ်းပြီးနောက် အိန္ဒိယနိုင်ငံက ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်။ အထွေထွေ အခွင့်အေ ရးပေးစနစ် (GSP) အရ အိန္ဒိယနိုင်ငံကို ပေးထားသော ကုန်သွယ်မှုအခွင့်အရေးများကို   အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန် ၅ ရက်မှစ၍ရုပ်သိမ်းခဲ့သည်။ ဤအခွင့်အရေးများမှာ ကြီးမားသော အခွင့်အရေးများဖြစ်ပြီး အိန္ဒိယနိုင်ငံမှတင်ပို့သည့် ပို့ကုန်တန်ဖိုး  အမေရိကန်ဒေါ်လာ  ၅ ဒသမ ၆ ဘီလီယံအတွက် အခွန်ကင်းလွတ်ခွင့်ပေးထားခြင်းဖြစ်သည်။
       အမေရိကန်နိုင်ငံက  အခွင့်အရေးများ ရုပ်သိမ်းခြင်းကို လက်တုံ့ ပြန်ပါက ကမ္ဘာ့ကုန်သွယ်ရေးစည်းမျဉ်းများကို ချိုးဖောက်ခြင်းဖြစ် ကြောင်း အမေရိကန်အစိုးရက သတိပေးထားသော်လည်း အိန္ဒိယနိုင်ငံ က အခွန်များကို တိုးမြှင့်ပြဋ္ဌာန်းခြင်းဖြစ်ကြောင်း ဤကိစ္စနှင့် နီးစပ်သော အသိုင်းအဝိုင်းမှပြောသည်။ အကောက်အခွန်တိုးမြှင့်ခြင်းက အမေရိကန်ကုန်ပစ္စည်း အမေရိကန် ဒေါ်လာသန်း ၂၂၀ အပေါ်မှာသာ ဂယက်ရိုက်ခတ်မည်ဖြစ်သည့် အတွက် အိန္ဒိယနိုင်ငံ၏ ဆောင်ရွက်မှုသည် တရားဥပဒေနှင့် ညီညွတ်မှု ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်က ပြောသည်။
         ရိုက်တာသတင်းဌာနက  အီးမေးဖြင့်မေးမြန်းချက်ကို အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့်  စက်မှုဝန်ကြီးဌာနက ပြန်လည်မဖြေကြားပါ။ သံမဏိနှင့် အလူမီနီယံတို့ကို  အကောက်ခွန် တိုးမြှင့်ခြင်းမပြုရန် အိန္ဒိယနိုင်ငံ၏ ပန်ကြားချက်ကို အမေရိကန်နိုင်ငံက  ငြင်းပယ်ခဲ့ပြီး နောက် အမေရိကန်နိုင်ငံမှ သွင်းကုန်များကို အခွန်ရာခိုင်နှုန်း ၁၂၀ အထိ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း အမိန့်ကို ယခင်နှစ် ဇွန်လက အိန္ဒိယနိုင်ငံက ထုတ်ပြန်ထားပြီးဖြစ် သည်။ သို့သော် သက်ဆိုင်ရာနှစ်နိုင်ငံတို့သည် ကုန်သွယ်မှုဆွေးနွေးပွဲ များကိုကျင်းပလျက်ရှိသဖြင့် အခွန်တိုးမြှင့်ရေးကိစ္စကို  အိန္ဒိယနိုင်ငံကအကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့သည်။နှစ်နိုင်ငံကုန်သွယ်မှု စုစုပေါင်းတန်ဖိုး မှာ အမေရိကန်ဒေါ် လာ ၁၄၂ ဒသမ ၁ ဘီလီယံဖိုးရှိခဲ့သည်။

 

စံမီအောင်