Main menu

Background

ဗီယက်နမ် အထည်ချုပ်လုပ်ငန်းများ ဈေးကွက်သစ်များရရှိရန် ကြိုးပမ်း

Thu, 06/20/2019 - 12:05 -- journal_editor

     ဗီယက်နမ် အထည်ချုပ်လုပ်ငန်း သည် ၂၀၁၉ ခုနှစ်တွင် နှစ်အလိုက် တိုးတက်မှုနှုန်း ၁၄ ရာခိုင်နှုန်းနှင့် ၁၅ ရာခိုင်နှုန်းဖြင့်  ပို့ကုန်ဝင်ငွေ  အမေ ရိကန်ဒေါ်လာ ဘီလီယံ ၄၀  အထိရရှိ ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဗီယက်နမ်နယူးစ်သတင်းတွင် ဖော်ပြသည်။ ယခုနှစ်စမှစ၍ အထည်ချုပ်လုပ်ငန်းသည် တိုးတက်မှုရလဒ်များ  ရရှိခဲ့ ကြောင်းစက်မှုနှင့် ကုန်သွယ်ရေးဝန် ကြီးဌာန၏  ကိန်းဂဏန်းများအရ  သိရ သည်။ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ် ပါက ဤလုပ်ငန်း၏ တိုးတက်မှုသည် ၁၂ ရာခိုင်နှုန်းကျော်ရှိခဲ့သည်။
      ဤလုပ်ငန်းကဏ္ဍမှ  ထုတ်လုပ်မှု သည် အဝတ်အထည်တွင်  ၈ ဒသမ၈ ရာခိုင်နှုန်း၊ သဘာဝချည်ထည်တွင် ၃ ဒသမ ၉ ရာခိုင်နှုန်း၊ ချည်တုတွင် ၁၉ ဒသမ ၅ ရာခိုင်နှုန်းနှင့် သာမန်ထသွားလာသွား ဝတ်ဆင်သော အဝတ် အထည် တွင် ၈ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်မှု ရှိခဲ့သည်။ ယခုနှစ် ယခုအချိန်အထိ ချည်မျှင်နှင့် အထည်ထုတ်လုပ်မှုမှာ ခန့်မှန်း ခြေ အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၃ ဘီလီယံရှိခဲ့သည့်အတွက် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ် ပါက ၉ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ဗီယက်နမ် အထည်ချုပ်လုပ်ငန်း တင်ပို့မှုသည် တိုးတက်လျက်ရှိကြောင်း ဗီယက်နမ် အမျိုးသားအထည်ချုပ်လုပ် ငန်းအုပ်စု ညွှန်ကြားရေးမှူးချုပ်လေရှန် ထရောင်းကပြောသည်။ ဗီယက်နမ် လုပ်ငန်းများက ရရှိ ထားသော အမှာစာများမှာ ၂၀၁၈ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၈ ရာခိုင် နှုန်းမှ ၁၀ ရာခိုင်နှုန်းအတွင်း တိုးတက်ခဲ့ သည်။

 

စံမီအောင်