Main menu

Background

ကုန်သွယ်ရေးဆွေးနွေးပွဲများတွင် ဟွာဝေးကိစ္စကို ညှိနှိုင်းရေး လက်နက်အဖြစ်မသုံးရန် အထက်လွှတ်တော်အမတ်များသတိပေး

Thu, 06/20/2019 - 12:07 -- journal_editor

         ပေကျင်းတွင်ပြုလုပ်သည့်  ကုန် သွယ်ရေးဆွေးနွေးပွဲများတွင် တရုတ်ဆက်သွယ်ရေးကုမ္ပဏီကြီး အမေရိကန် ဈေးကွက်ဝင်ရောက်ရေးကိစ္စကို  စေ့စပ်ရေးလက်နက်တစ်ခုအဖြစ်  မသုံးရန် အမေရိကန် အထက်လွှတ်ေ တာ်အမတ် နှစ်ဦးက ထရမ့်အစိုးရအဖွဲ့ကို ဇွန် ၁၃ ရက်တွင်  သတိပေးခဲ့ကြောင်း အေ အက်ဖ်ပီသတင်းတွင် ဖော်ပြသည်။ ဤကိစ္စမှာ ပြည်ထောင်စုအစိုးရ က အမျိုးသားရေးကိစ္စအဖြစ် ဆောင် ရွက်ရမည့်ကိစ္စ ဖြစ်ကြောင်း လည်း သတိပေးပြောကြားသည်။ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး ဖြစ်သော   ရီပတ်ဗလီကင်   အမတ် မာကိုရူဘီယိုနှင့် ဒီမိုကရက်ပါတီအမတ် မတ် ဝါနာတို့နှစ်ဦးစလုံးမှာ  အထက် လွှတ်တော်ထောက်လှမ်းရေး ကော်မတီ အဖွဲ့ဝင်များဖြစ်ကြပြီး  တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုစာချုပ် ချုပ်ဆိုရေးအတွက်  ဟွာဝေး ကိရိယာများပိတ်ပင်ရေးကိစ္စအားထရမ့်က အလျှော့ပေး လာမည်ကို စိုးရိမ်သူများတွင် ပါဝင်ကြသည်။
        အမေရိကန်ဈေးကွက်နှင့် အမေ ရိကန်ကထုတ်လုပ်သော နည်းပညာများအား ဟွာဝေးကုမ္ပဏီကရယူခြင်းကို  အမေရိကန်ပြည်ထောင်စုက ပြင်း ပြင်းထန်ထန်ကန့်သတ်ထားသည်။အထူးသဖြင့် 5G ဝါယာလက်မျိုးဆက် သစ်ဈေးကွက်အတွက် အသုံးပြုသော ကိရိယာများကို တရုတ်ထောက်လှမ်း ရေးလုပ်ငန်းသို့ လွှဲပြောင်းပေးမည်ကို စိုးရိမ်မှုကြောင့် လွန်ခဲ့သည့်နှစ်နှစ် ကတည်းက ကန့်သတ်ခဲ့ခြင်းဖြစ်သည်။ အမေရိကန် ဆက်သွယ်ရေး အခြေ ခံ အဆောက်အအုံလုပ်ငန်းများတွင် ဟွာဝေးကိရိယာများကို  အသုံးပြုခွင့်ပေးခြင်းကြောင့် အမေရိကန် အမျိုးသားလုံခြုံရေးကို ထိခိုက်စေနိုင် ကြောင်း နိုင်ငံခြားရေးဝန်ကြီးမိုက်ကယ်ပွန်ပီယိုနှင့်  အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်  ရောဘတ်လိုက်သိုင်ဇာ တို့ထံပေးပို့သောစာတွင် ရူဘီယိုနှင့် ဝါနာတို့က ဖော်ပြထားသည်။

 

စံမီအောင်