Main menu

Background

စင်ကာပူအိုင်တီဘွဲ့ရတို့ စီးပွားရေးနှင့် အင်ဂျင်နီယာဘွဲ့ရတို့ထက် လစာပိုမို

Thu, 07/11/2019 - 14:26 -- journal_editor

       စင်ကာပူကျောင်းသားအကြားမျှော်မှန်းလစာမြင့်မားလျက်ရှိရာ အိုင်တီဘွဲ့ရ များမှာ တစ်လကိုဒေါ်လာ ၄၅၀၀ အထိရနိုင်ကြောင်း Universum ခေါ် အလုပ်ရှင် များကိုကောက်ယူသော နှစ်ပတ်လည်စစ်တမ်းကို ကိုးကား ၍ စထရိတ်တိုင်းသတင်း စာတွင်ဖော်ပြသည်။  အထူးသဖြင့် အိုင်တီဘွဲ့ရများအတွက် မျှော်မှန်းလစာမှာ စီးပွားရေးနှင့် အင်ဂျင်နီယာကျောင်းသားတို့ရ သောလစာနှင့်နှိုင်းယှဉ်ပါက ထူးထူး ခြားခြားမြင့်မားနေပြီး ဤအခြေအနေ က စင်ကာပူနိုင်ငံတွင် နည်းပညာနှင့် ဒစ်ဂျစ် တယ်ပညာရှင်များ လိုအပ်ချက် တိုးတက်မြင့်မားနေသည်ကို ပြသလျက်ရှိကြောင်း အစီရင် ခံစာတွင် ဖော်ပြသည်။ ပျမ်းမျှအားဖြင့် အိုင်တီဘွဲ့ရတို့ မျှော်မှန်းနိုင်သောလစာမှာ တစ်နှ စ်ကို ၅၃၇၂၁ ဒေါ်လာဖြစ်သည်။ ဤနှုန်းအတိုင်းဆိုပါက လစဉ်ရငွေမှာ ဒေါ်လာ ၄၅၀၀ ဖြစ် သဖြင့် စီးပွားရေးနှင့် အင်ဂျင်နီယာဘွဲ့ရတို့ရရှိသော လစာထက် ရာခိုင်နှုန်း ၂၀ ပိုမိုမြင့်မားသည်။ စီးပွားရေး/ကူးသန်းရောင်း ဝယ်ရေး ကျောင်းသားများအတွက် မျှော်မှန်းလစာမှာ တစ်နှစ် ၄၄၄၅၉ ဒေါ်လာဖြစ်ပြီး အင်ဂျင်နီယာ/သဘာဝသိပ္ပံ ကျောင်းသားများက ၄၄၆၆၁ ဒေါ်လာရှိကြောင်း စစ်တမ်းအရသိရသည်။
       ထို့အပြင် ယခုနှစ်မှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကျောင်းသား များအနက် ၄၄ ရာခိုင်နှုန်းက ဘဏ်လုပ်ငန်းကို အနှစ်သက်ဆုံးလုပ်ငန်းအဖြစ်ရွေး ချယ်ကြသည်။ဘဏ်အများစုမှာ အဆင့်သတ်မှတ်ချက် သိသိ သာသာ မြင့်တက်ခဲ့ သည်။ အဆင့်သတ်မှတ်ချက်မြင့်ခဲ့သော ဘဏ်များတွင် Credit Suisse (+ 35 ),Goldman Sachs (+ 7 ), DBS (+ 4 ) နဲ့ JPMorgan (+2)  အသီးသီးမြင့်တက်ခဲ့သည်။ အိုင်တီကဏ္ဍကို နှစ်သက်မှု ပိုမိုြ မင့်တက်ခဲ့ရခြင်းမှာ ကျောင်းသားများက ဘွဲ့ရပြီးစတွင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတစ်ခုခု၌  အလုပ်လုပ်လိုသော ဆန္ဒပြင်းပြမှုကြောင့်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကျောင်းသားများအနက် ရာခိုင်နှုန်း ၅၀ ကျော်က အပြည်ပြည်ဆိုင်ရာကုမ္ပဏီ တစ်ခုတွင် အသက်မွေးဝမ်းကျောင်း စတင်လိုသည်မှာထူးခြားကြောင်း၊ ဤအခြေ အနေကို ထိပ်တန်းစီးပွားရေးလုပ်ငန်း ၁၀၀ စာရင်းတွင် ထင်ရှားစွာတွေ့ရကြောင်း နှင့် စင်ကာပူရှိ ကုမ္ပဏီ ၁၀ ခုအနက် ခုနစ်ခုမှာအပြည်ပြည်ဆိုင် ရာ ကုမ္ပဏီတွေဖြစ် ကြောင်း Universum အစီရင်ခံစာတွင် ဖော်ပြသည်။

 

စံမီအောင်