Main menu

Background

ဗီယက်နမ်တွင် အိမ်ဝယ်သူများအား ရောင်းပြီးနောက်ပိုင်း ဝန်ဆောင်မှုပေးရန်စီစဉ်

Thu, 07/11/2019 - 14:30 -- journal_editor

      တိုက်ခန်းစီမံကိန်းများကို ဆောင်ရွက်သော ရင်းနှီးမြှုပ်နှံသူများသည် ဝယ်သူများအားပေးထားသော ကတိအတိုင်း အရည်အသွေးကို ထိန်းသိမ်းပေးရန်လိုကြောင်းကျွမ်းကျင်သူများက ပြောကြားသည်ဟု ဗီယက်နမ် နယူးေ အဂျင်စီ၏သတင်း တွင် ဖော်ပြသည်။ ပေးထာသာကတိနှင့် မညီညွတ်ပါက  ကာလ ရှည်ကြာစွာ အငြင်းပွားမှုများ ကြုံတွေလေ့ရှိကြောင်း ဒိုင်ဖတ် အိမ်ခြံမြေကုမ္ပဏီ၏ ညွှန်ကြားရေးမှူးချုပ်က ဒိုင်တူခေါ် ရင်နှီးမြှုပ်နှံမှုသတင်းစာ ကိုပြောသည်။ အိမ်တည်ဆောက်သူသည် အဆောက်အအုံထိန်းသိမ်းမှုအတွက် နှစ်နှစ်တာဝန်ယူရသည်။ သို့သော် ထိုကာလကျော်လွန် ပါကနေထိုင်သူများက စီမံခန့်ခွဲရေးရာဘုတ်အဖွဲ့ကို ရွေးချယ်ဖွဲ့စည်း၍ ဆက်လက်ဆောင် ရွက်သည်။ သို့သော်လည်း  ဘုတ် အဖွဲ့ဝင်များမှာလည်း  နေထိုင်သူများနှင့် ဖွဲ့စည်းထားခြင်းဖြစ် သဖြင့် စီမံခန့်ခွဲမှုအတွေ့အကြုံရှိသူရှားပါးသည်။
       တိုက်ခန်းများကဲ့သို့သော  လူအများကြီး ပိုင်ဆိုင်သည့် အိမ်ခြံမြေစီမံကိန်းများကို စီမံခန့်ခွဲလည်ပတ်ရေးနှင့်ဆိုင်သောနည်းဥပဒေများကို  ပြဋ္ဌာန်းပေးရန်  အစိုးရက စဉ်းစားပေးရန် လိုကြောင်း ကျွမ်းကျင်သူတစ်ဦးကပြော သည်။ မြို့ပေါ်ရှိ  အိမ်များ၊ ခြံဝန်းများနှင့်  ဆင်ခြေဖုံးဒေသရှိတိုက် ခန်းများမှာ အများပြည်သူဆိုင်ရာ အထောက်အကူပြုပေးရမည့် ပစ္စည်းများ များပြားသဖြင့် စီမံခန့်ခွဲမှုကို မှန်မှန်ကန်ကန်ပေးရေး မှာ အဓိကကျသော အချက်ဖြ စ်ကြောင်း သူကပြောသည်။ တိုက်ခန်းနေသူများ၏ ဘုတ်အဖွဲ့သည် ရင်းနှီးမြှုပ်နှံသူ များနှင့် စီမံကိန်းအိမ်ရာများတွင် နေထိုင်သူများအကြား အောင်သွယ်တော်သဖွယ်သာ ဆောင်ရွက်ပေးသင့်ကြောင်းနှင့် အဆောက် အအုံပြင် ဆင်ရေး ကဲ့သို့သော နည်းပညာဆိုင်ရာ ကိစ္စများ အတွက် တာဝန်ယူခိုင်းရန်မသင့်ကြောင်း သူကပြောသည်။

 

စံမီအောင်