Main menu

Background

တောင်ကိုရီးယားနိုင်ငံသို့ ရေလုပ်သားများ ယခုနှစ်အတွင်း စေလွှတ်မည်

Wed, 07/17/2019 - 10:41 -- journal_editor

တောင်ကိုရီးယားနိုင်ငံသို့ ရေလုပ်သားများ ယခုနှစ်အတွင်း စေလွှတ်မည်ဖြစ်ကာ တစ်နှစ်အတွင်း ရေလုပ်သားဦးရေ ၁၅၀စေလွှတ်သွားမည်ဖြစ်ကြောင်း ဂူလုံးဖိုကုမ္ပဏီ၏ဥက္ကဋ္ဌဖြစ်သူ Mr.Kim Jae Hwan က ပြောသည်။ ယင်းသို့ ရေလုပ်သားများ စေလွှတ်ရန်အတွက် မြန်မာနိုင်ငံရှိ ရွှေဖြိုးသာကုမ္ပဏီနှင့်တောင်ကိုးရီးယားနိုင်ငံရှိ ဂူလုံးဖိုကုမ္ပဏီတို့ နားလည်မှု စာချွန်လွှာ(MoU) လက်မှတ်ရေးထိုးပွဲကို ဇူလိုင် ၇ ရက်က Sedona Hotel တွင် ကျင်းပ ခဲ့သည်။
   "အခြေအနေပေါ် မူတည်ပြီး အလျဉ်းသင့်ရင် သင့်သလို ခေါ်သွားမှာပါ။ ကိုရီးယားနိုင်ငံမှာရှိတဲ့ မူဝါဒလမ်းစဉ်အရ ကိုးရီးယားမှာ သွားရောက်လုပ်ကိုင်တဲ့ တခြားသော နိုင်ငံခြားသားလုပ်သားတွေလိုပဲ ကိုရီးယားလုပ်သား တွေ ကိုလည်း ထပ်တူထပ်မျှလုပ်ငန်းလစာရရှိနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဒီနေရာမှာ ကတိကဝတ် စကားတစ်ခု ပြောချင်တာရှိပါတယ်။ အဓိကအနေနဲ့ စိတ်ပူစရာမရှိပါဘူး။ လူ့အခွင့်အရေးအနေနဲ့ ဒါကို အပြ ည့်အဝတာဝန်ယူထားပါတယ်"ဟု ၎င်းက ပြောသည်။ ထိုသို့ တောင်ကိုရီးယားနိုင်ငံမှ ရေလုပ်သားများခေါ်ယူခြင်းကို တစ်နှစ်အတွင်း သုံးကြိမ်ပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိတွင် ပထမဦးဆုံးအကြိမ်အဖြစ် လူဦးရေ ၃၀ စေလွှတ် သွားမည်ဖြစ်ကာ တစ်နှစ်အတွင်း အများဆုံးေ ခါ်ယူခွင့်ရှိသည့် လုပ်သားအရေအတွက်မှာ ၁၅၀ ဖြစ်သည်ဟုဆိုသည်။ ယခုကဲ့သို့ ရေလုပ်သားများ စေလွှတ်ရန်အတွက် မြန်မာနိုင်ငံမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့်အဖွဲ့နှင့် ရွှေဖြိုးသာကုမ္ပဏီတို့ တောင်ကိုရီးယားနိုင်ငံသို့ ယခုနှစ်အတွင်း သွားရောက် လေ့လာခဲ့ခြင်းဖြစ်ကြောင်း ရွှေဖြိုးသာကုမ္ပဏီ၏မန်နေဂျင်းဒါရိုက်တာ ဒေါ်သင်းသင်းဝင်းက ပြောသည်။
       "နိုင်ငံခြားမှာအလုပ်သွားလုပ်မယ့် ရေလုပ်သားတွေရဲ့အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ဖို့အတွက် ကိုရီးယားကနေ ကျွန်မကိုဆက်သွယ်တဲ့အချိန်မှာ အရင်ဆုံးစုံစမ်းကြည့်တယ်။ မြန်မာပြည်ကနေသွားတဲ့သူတွေ လစာ လည်းကောင်းရမယ်။ ကျွန်မတို့အနေနဲ့လည်း ဈေးနှုန်းကို အတတ်နိုင်ဆုံး လျှော့ချပေးထားတယ်။ တရားမဝင်သွားမယ့်အတူတူ အလုပ်သမားအများစုကို တရားဝင်လေးသွားစေချင်တယ်။ သူတို့ရဲ့ရပိုင်ခွင့်တွေ၊ သူတို့ဟိုမှာ အဆင်မပြေဘူးဆို ကျွန်မတို့ဘာလုပ် ပေးရမလဲ၊ အဲဒီစိတ်နဲ့ပဲ ဒီအလုပ်ကိုလုပ်ပါတယ်"ဟု ဒေါ်သင်းသင်းဝင်းက ပြောသည်။သို့ဖြစ်၍ တောင်ကိုရီးယားနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ကြမည့် အလုပ်သမား အားလုံးကို တရားဝင်သွားရောက် လုပ်ကိုင်စေချင်သည်ဟု ဆိုသည်။ အဆိုပါ ရွှေဖြိုးသာကုမ္ပဏီအနေဖြင့် လက်ရှိတွင် စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ဟောင်ကောင် အစရှိသည့် နိုင်ငံများသို့ အလုပ်လုပ်ကိုင်ရန် လုပ်သားများစေလွှတ်လျက် ရှိကြောင်း သိရသည်။

 

ပန်းဆု