Main menu

Background

လျှပ်စစ်မော်တော်ကားဈေးကွက်နှင့် မြန်မာ့ပို့ကုန် တိုးမြှင့်တင်ပို့နိုင်မည့်အလားအလာ

Wed, 07/17/2019 - 11:02 -- journal_editor

     ကမ္ဘာကြီး ပူနွေးလာခြင်းနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှု များပြားလာခြင်း၊ လေထု/ ရေထုညစ်ညမ်းမှု မြင့်တက်လာခြင်း စသည့် အကြောင်းအရာများက ကမ္ဘာ့လူမှုစီးပွားရေး အခြေအနေကိုများစွာ သက်ရောက်လျက် ရှိကြောင်း ပညာရှင်များက ထောက်ပြခဲ့ကြသည့်အတွက် တွင်းထွက်လောင်စာဆီ သုံးစွဲမှုများအစား သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုနည်းသည့် အခြားစွမ်းအင်များအား အစားထိုးသုံးစွဲသည့်နည်းလမ်းများကို ကြိုးစားရှာေ ဖွဆောင်ရွက်လာကြပြီ ဖြစ်သည်။ ၎င်းနည်းလမ်းများအနက် တစ်ခုမှာ လျှပ်စစ်စွမ်းအင်အသုံး ပြုမောင်းနှင်သည့် လျှပ်စစ်မော်တော်ယာဉ်များကို ထုတ်လုပ်သုံးစွဲခင်းပင်ဖြစ်သည်။ လက်ရှိဈေးကွက်အနေအထားအရ လျှပ်စစ်မော် တော်ကားများ၏ ဈေးနှုန်းကြီးမြင့်မှုနှင့် လျှပ်စစ်ဓာတ်အားသွင်းသည့် ရုံကဲ့သို့ အခြားအခြေခံအဆောက်အအုံ လိုအပ်ချက်များ မြင့်မားနေသော်လည်း နည်းပညာတိုးတက်လာသည်နှင့်အမျှ ဘက်ထရီ သို လှောင်နိုင်မှု စွမ်းအားေ ကာင်းမွန်လာခြင်း၊ အချိန်တိုအတွင်း လျင် မြန်စွာ အားသွင်းနိုင်ခြင်း၊ လောင်စာဆီသုံးစွဲရသည့်စရိတ်နှင့် နှိုင်းယှဉ်ပါက လျှပ်စစ်ဓာတ်အားဖြည့်ရန် ကုန်ကျစရိတ် မှာ သိသိသာသာ လျော့နည်းသက်သာခြင်း၊ ပြင်ဆင်ထိန်းသိမ်း စရိတ်များ ပိုမိုသက်သာခြင်း၊ လေထုညစ်ညမ်းမှုနှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းခြင်းစသည့် အကြောင်းရင်းများသည် လျှပ်စစ်မော်တော် ယာဉ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်လာသည့် လက္ခဏာရပ်များပင် ဖြစ်သည်။

အာဆီယံ၏ လျှပ်စစ်မော်တော်ယာဉ်ဈေးကွက်
      အာဆီယံ၏ လျှပ်စစ်မော်တော်ယာဉ်ဈေးကွက်ကို လေ့လာပါ က ၂၀၃၀ ပြည့်နှစ်ခန့်တွင် အာဆီယံ၏ ခရီးသည်တင် လျှပ်စစ် မော်တော်ယာဉ်ထုတ်လုပ်မှု လုပ်ငန်းများ၌ နှစ်စဉ်ရင်းနှီးမြှုပ်နှံမှု အသစ်များ ထပ်မံပြုလုပ်မည့် ပမာဏသည် အမေရိကန်ဒေါ်လာ ၆ ဘီလီယံထိ ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ လျှပ်စစ်မော်တော်ယာဉ်များ ထုတ်လုပ်သုံးစွဲမှု တိုးတက်လာသည်နှင့်အမျှ လျှပ်စစ် ဓာတ်အားသွင်းသည့် အခြေခံအဆောက်အအုံ တည်ေ ဆာက်ရေး လုပ်ငန်းများတွင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့်ထိ ရင်းနှီးမြှုပ်နှံ လာနိုင်ကြောင်း၊ ထို့ပြင် ယင်းနှင့်ဆက်စပ်သည့် ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်လုပ်ငန်းများ၊ အငှားယာဉ်စီမံခန့်ခွဲမှုနှင့် ခရီးသည် ဝန်ဆောင်မှုလုပ်ငန်းများတွင် အမေရိကန်ဒေါ်လာဘီလီယံ ပေါင်းများစွာ ရင်းနှီးမြှုပ်နှံလာကြမည်ဖြစ်ကြောင်း Bain & Company က လေ့လာမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။ အာဆီယံဒေသ၏ လျှပ်စစ်မော်တော်ယာဉ်ေ ဈးကွက်ဖွံ့ဖြိုးတိုးတက်မှုကို ခရီးသည်တင် မော်တော်ယာဉ်များထက် တက္ကစီအငှားယာဉ်၊ စီးပွားဖြစ်ယာဉ်ငှားသည့် ဝန်ဆောင်မှုလုပ်ငန်းများ သို့မဟုတ် နှစ်ဘီးတပ်မော်တော်ယာဉ်လုပ်ငန်းများက ဦးဆောင်သွားမည် ဖြစ်သည်။ သို့သော် လက်ရှိအနေအထားတွင် အများပြည်သူ၏ ဝယ်ယူအသုံးပြုမှု မြင့်တက်လာစေရေးဆောင်ရွက်ရာ၌ လွယ်ကူမှု မရှိသည့်အခြေအနေကြောင့် နောင်ငါးနှစ်အထိ ဈေးကွက်တိုးတက်မှု မှာ နှေးကွေးနေ ဦးမည်ဖြစ်ပြီး၊ ၂၀၂၅ ခုနှစ်နောက်ပိုင်းမှသာ ဈေး ကွက်ဖွံ့ဖြိုးတိုးတက်လာမည်ဟု ခန့်မှန်းထားပါသည်။
       ကမ္ဘာ့နိုင်ငံများတွင် လျှပ်စစ်မော်တော်ကားများ ထုတ်လုပ်မှု မြင့်တက်လာသော်လည်း တရုတ်၊ ဥရောပနှင့် အမေရိကန်ပြည်ထောင် စုရှိ ထုတ်လုပ်သူများသည် အာဆီယံဈေးကွက်သို့ ဝင်ရောက်လိုခြင်းထက် ၎င်းတို့၏ ပြည် တွင်းဈေးကွက်ခိုင်မာစွာရရှိရေးအတွက်သာ အဓိကဆောင်ရွက်လျက်ရှိကြောင်း၊ အာဆီယံဒေသရှိ အင်ဒိုနီးရှား၊ မလေးရှားနှင့် အချို့သောဈေးကွက်များတွင် ပြည်တွင်းထုတ်လုပ်မှုကို ဦးစားပေး၍ တင်သွင်းမှုကို အားမပေးသည့် မူဝါဒ ကြောင့် ဈေးနှုန်း ကြီးမြင့်စွာဖြင့် ဝယ်ယူကြရမည်ဖြစ်ကြောင်း၊ ဈေးနှုန်းမြင့်မားသည့်အချက်ကြောင့် အာဆီယံနိုင်ငံအများစုတွင်၂၀၂၀ ခုနှစ် နှစ်လယ် ပိုင်းအထိ ဈေးကွက်အေးနေဦးမည်ဖြစ်ကြောင်း၊ သတင်းကောင်းတစ် ခုမှာ ၂၀၁၈ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း လျှပ်စစ်မော်တော်ကား၏ ဘက်ထရီ ထုတ်လုပ်မှုကုန်ကျစရိတ်သည် (၄၀) ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာနိုင်သောကြောင့် လျှပ်စစ်မော်တော်ယာဉ်များ၏ ဈေးနှုန်းသည် အခြားလောင် စာဆီအသုံးပြုသည့် မော်တော်ယာဉ်များ၏ ဈေးနှုန်းများနှင့် ယှဥြ်ပိုင်လာနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အချို့သောဈေးကွက် (နော်ဝေ၊ အမေရိကန်ပြည်ထောင်စု၊ တရုတ်) များတွင် လျှပ်စစ် မော်တော်ယာဉ်များအသုံးြ ပုရန် အစိုးရ၏ မက်လုံးပေး၍ ထောက်ပံ့သည့်အစီအစဉ်ကြောင့် ဈေးနှုန်းကြီးမြင့် သည့်ပြဿနာကို ကျော်လွှားနိုင်ခဲ့ကြောင်း၊ အာဆီယံတွင်မူ အာဏာ ပိုင်များသည် လက်ရှိ လူသုံးများသည့် သယ်ယူပို့ဆောင်ရေးလမ်း ကြော င်းနှင့် အများပြည်သူခရီးသွားလာမှု အဆင်ပြေစေရေးအစီအမံ များကို အဓိကဆောင်ရွက်နေရသည့်အတွက်  လျှပ်စစ်မော်တော်ယာဉ် သုံးစွဲမှုအပေါ် အစိုးရ၏ မက်လုံးပေးမှုအစီအစဉ်သည် အကန့် အသတ်ဖြင့်သာရှိပါကြောင်း၊ လျှပ်စစ်မော်တော်ယာဉ်အသုံးပြုမှု နည်းနေသေးသည့်အတွက် လျှပ်စစ်ဓာတ်အားသွင်းသည့် လုပ်ငန်း များကို စီးပွားဖြစ်ဆောင်ရွက်ရန် အခက်အခဲရှိနေကြောင်း၊ ယင်း အခြေအနေများကြောင့် လျှပ်စစ်မော်တော်ယာဉ် သုံးစွဲသူ အရေ အတွက်မှာ နည်းပါးနေဦးမည်ဖြစ်ကြောင်း သုံးသပ်ထားသည်။
        အာဆီယံဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို အမိအရ ရယူနိုင်ရန် လက်ရှိ ထုတ်လုပ်သူများ၊ ပြုပြင်ပြောင်းလဲ လိုသူများနှင့် ရင်းနှီးမြှုပ်နှံသူများသည် ဈေးကွက် ပြောင်းလဲ ဖြစ် ပေါ်နိုင်သည့် အခြေအနေ များကို အလေးထားစောင့်ကြည့် ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် အရေးကြီးသည့် ထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်းများနှင့် တက္ကစီအငှားယာဉ်လုပ်ငန်းများက ရှေ့ပြေးအစီအမံ အနေဖြင့် ဆောင်ရွက်ခြင်းနှင့် အ များပြည်သူအသုံးများသည့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများတွင် လျှပ်စစ် မော်တော်ယာဉ်များကို ပြောင်းလဲအသုံးပြုသွားရန်ဖြစ်ကြောင်း၊ ထို့ပြင်လုပ်ငန်းများသည် ဈေးကွက်အတွင်းရှိ အငှားယာဉ်လုပ်ငန်းများနှင့် အငှား ယာဉ်စီမံခန့် ခွဲမှုဆော့ဝဲပိုင်း၊ လျှပ်စစ်ဓာတ်အားသွင်းရုံ များ၊ ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်လုပ်ငန်းများနှင့် ခရီးသည်ဝန်ဆောင်မှု လုပ်ငန်းများတွင် ပုံစံမျိုးစုံဖြင့် ပူးပေါင်းရင်းနှီးမြှုပ်နှံနိုင်ကြောင်း ဖော်ပြထားသည်။

စင်ကာပူနိုင်ငံ၏   လျှပ်စစ်မော်တော်ယာဉ်ဈေးကွက်
         စင်ကာပူကုန်းလမ်းပို့ဆောင်ရေးအာဏာပိုင် (Land Tran sport Authority) ၏ စာရင်းအရ စင်ကာပူနိုင်ငံ၌ ၂၀၁၆ ခုနှစ်တွင် လျှပ်စစ်မော်တော်ကား (၁၂) စီးသာ မောင်းနှင် အသုံးပြုမှုရှိခဲ့ကြောင်း၊ ယခင် လျှပ်စစ်ကား များ၏ မောင်းနှင်နိုင်သည့် အကွာအဝေးနှင့် လျှပ်စစ်ဓာတ်အား သွင်းသည့်ရုံနည်းပါးသည့် အခက်အခဲများကြောင့် သုံးစွဲသူများသည် စိတ်ဖိစီးမှုပင် ဖြစ်ပေါ်ခဲ့ကြကြောင်း၊ သို့သော် နောက်ပိုင်းထုတ်လုပ်သည့် လျှပ်စစ်ကားများမှာ နည်းပညာမြင့်လာပြီး ခရီးအကွာအဝေး ပိုမိုမောင်းနှင်နိုင်ခြင်းနှင့် အခြားသော လျှပ်စစ် အားသွင်းသည့် အခြေခံအဆောက်အအုံများ တိုးတက်လာခြင်းတို့ ကြောင့် သုံးစွဲသူအရေအတွက် သိသာစွာ တိုးတက်လာကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ဝယ်ယူသုံးစွဲမှု ၃၁၄ စီးရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ၅၆၀ စီးအထိ တိုးတက်လာခဲ့ကြောင်း သိရှိရသည်။
       စင်ကာပူရှိ   အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းများသည် လောင်စာဆီသုံးစွဲရမှု ကုန်ကျစရိတ် သက်သာပြီး၊ ကာဗွန်ဒိုင်အောက် ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှုနည်းသော  Hybrids အမျိုးအစား ကားများကို သုံးစွဲလာကြရာမှ လျှပ်စစ်ကားများကို ပြောင်းလဲအသုံးပြုလာ ကြသည်။ ၂၀၁၈ ခုနှစ်တွင် စင်ကာပူရှိ လျှပ်စစ်စွမ်းအင်လုပ်ငန်း SP Groupသည် နာရီဝက်ခန့်သာကြာမြင့်သည့် လျှပ်စစ်ကားအားသွင်း သည့်နေရာ ၃၈ ခုကို စတင်မိတ်ဆက်နိုင်ခဲ့ ပြီး၊ ၂၀၂၀ ခုနှစ်တွင် နေရာ ၁၀၀၀ ထိ တိုးချဲ့တည်ဆောက်သွားရန် စီစဉ်လျက်ရှိသည်။ ယင်းဈေးကွက်တွင် SP Group လုပ်ငန်း တစ်ခုသာ ဆောင်ရွက်နေသည် မဟုတ်ဘဲ အမေရိကန်အခြေစိုက် Greenlots ကလည်း လျှပ်စစ် ကား အားသွင်းသည့် ဆိုင် ၂၀၀ ကို ဖွင့်လှစ်ထားပြီး ဖြစ်သည်။ စင်ကာပူကုန်းလမ်း ပို့ဆောင်ရေး အာဏာပိုင်နှင့် Nanyang Technological University တို့၏ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ၂၀၁၉ ခုနှစ်၊ မတ်လတွင် Nanyang Technolo gical University နှင့် Volvo ကုမ္ပဏီတို့မှပူးပေါင်း၍ ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့ လျှပ်စစ်ဘတ်စ် ကားကို ကျောင်းဝင်းအတွင်း၌ စမ်းသပ်မောင်းနှင်မှု ပြုလုပ်ခဲ့ပြီး၊ အများပြည်သူ အသုံးပြုနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့ပို့ကုန် တိုးမြှင့်တင်ပို့နိုင်မည်လား
          မြန်မာနိုင်ငံတွင် လျှပ်စစ်မော်တော်ကားများကို မောင်းနှင် အသုံးပြုမှုရှိသော်လည်း လျှပ်စစ်အားသွင်းသည့်ရုံများမရှိသည့် အခက်အခဲကြောင့် ခရီးဝေးမောင်းနှင်ရန်အတွက် အဆင်ပြေမှု မရှိခဲ့ပါ။ မကြာမီနှစ်များအတွင်း ဂျပန်အမှတ်တံဆိပ် Nissan Leaf လျှပ်စစ်ကား၏ မြန်မာဈေးကွက်ရရှိမှု တိုးတက်လာသည့်အချိန်မှစ၍ ဝယ်ယူအသုံးပြုသူများက လျှပ်စစ်အားသွင်းသည့်ရုံများ လုံလောက်မှု မရှိသည့်အချက်ကို ဝေဖန်ပြောကြားလာကြသည့် အတွက် အဆိုပါ အခက်အခဲ ကို ဖြေရှင်းနိုင်ရန် နာရီဝက်အတွင်း လျှပ်စစ်အားပြန်ဖြည့် နိုင်သည့် လျှပ်စစ်အားသွင်းသည့်ရုံများကို စီးပွားဖြစ်ဆောင်ရွက် နိုင်ရန် ပုဂ္ဂလိကလုပ်ငန်းများကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့ တွင် အားသွင်းရုံအသစ်  ၃၈ ခု၊ ရန်ကုန် - မန္တလေး အမြန် လမ်းမကြီးတွင် ရှစ်ခုနှင့် နေပြည်တော်တွင် ငါးခု ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ယခုအခါ Hyundai Nexo ကဲ့သို့ Full-Cell Electric VehiclES (FCEVs)လျှပ်စစ်ကားများသည် ပုံမှန်လျှပ်စစ်ကားများနှင့်မတူဘဲ ဟိုက်ထရိုဂျင်မှ လျှပ်စစ်စွမ်းအားထုတ်သည့် နည်းပညာကိုအသုံးပြုထားပြီး၊ ဓာတ်ဆီ၊ ဒီဇယ်အင်ဂျင်များတွင် ဆီဖြည့်သကဲ့သို့ ဟိုက်ထရိုဂျင် ဓာတ်ေ ငွ့ဖြည့်သွင်းရန်အတွက် အချိန် ငါးမိနစ်ခန့်သာ လိုအပ် ပါကြောင်းနှင့် ဟိုက်ထရိုဂျင်တစ်ကြိမ် ဖြည့်သွင်းထားပါက ကီလို မီတာ ၆၀၀ထိ မောင်းနှင်နိုင်မည်ဖြစ်သည်။
        မြန်မာနိုင်ငံတွင် စက်မှုဝန်ကြီးဌာနအောက်ရှိ အမှတ်(၁) စက်မှုလုပ်ငန်း၊ Green Power Myanmar Co Ltd နှင့် ဟန်ဂေရီနိုင်ငံမှ Csepel Holding Limited တို့အကြား ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဟန်ဂေရီနိုင်ငံ၏ Modulo နည်းပညာကိုအသုံးပြု၍ လျှပ်စစ်ခရီး သည်တင် ဘတ်စ်ကားမျာကို ပဲခူးတိုင်း၊ သာဂရစက်မှုဇုန်တွင် ထုတ် လုပ်၍ ပြည်တွင်းနှင့် ပြည်ပသို့ ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိ ရသည်။ သဘောတူစာချုပ်အရ ၂၀၁၉ ခုနှစ်၊ နှစ် လယ်ပိုင်းတွင် စတင် ထုတ်လုပ်မည်ဖြစ်ပြီး၊ သီရိလင်္ကာ၊ အိန္ဒိယနှင့် စင်ကာပူနိုင်ငံ များသို့ တင်ပို့ရောင်းချသွားမည်ဖြစ်သည်။ ပြည်တွင်းတွင် အသုံးပြု ရန်အတွက် လျှပ်စစ်ဘတ်စ်ကား ၃၀၀ မှ ၅၀၀ စီးအထိ ထုတ်လုပ် ပေးသွား မည်ဖြစ်ပြီး၊အစီး ၇၀၀၀ အထိ ပြည်ပပို့ကုန်အတွက် ထုတ်လုပ်သွားမည်ဟုလည်းသိရှိရသည်။ ဈေးကွက်ဖွံ့ဖြိုးမှုတိုးတက်လာစေရေးအတွက် အခွန်နှုန်းလျှော့ချပေးခြင်းကဲ့သို့ အခြားထောက်ပံ့ကူညီသည့် အစီအမံများ ပြုလုပ်ေ ပးနိုင်ရန်လည်း ထည့်သွင်းစဉ်းစားရမည့်အချက်ဖြစ်သည်။ ထို့ပြင်ရေရှည်တွင် မြန်မာနိုင်ငံကုမ္ပဏီများအတွက် နည်းပညာလွှဲပြောင်းရရှိမှု သေချာစေရေးအစီအမံများကို ဆောင်ရွက်နိုင်ပါက နိုင်ငံအတွက်များစွာအကျိုးဖြစ် ထွန်း မည့် လုပ်ငန်းတစ်ခုလည်း ဖြစ်ပါသည်။ အဆိုပါ လုပ်ငန်းသည် အဆင့်မြင့်စက်မှုထုတ်ကုန်များကို ပြည်ပသို့တင်ပို့ ရောင်းချနိုင်ရေး ကူညီပေးမည့်အပြင်၊ ယင်းနှင့် ဆက်စပ်သည့် လျှပ်စစ်ဓာတ်အားသွင်းသည့် လုပ်ငန်းနှင့် App-lication ဆော့ဝဲလ်ပိုင်းကဲ့သို့ ခရီးသည်ဝန်ဆောင်မှုလုပ်ငန်းဈေးကွက်များပါ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ဝင်ရောက်လာမည့် အလားအလာ ကောင်းများစွာကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

 

မြတ်နိုး