Main menu

Background

သီတင်းနှစ်ပတ်အတွင်း အိန္ဒိယနိုင်ငံတွင် မုတ်သုံမိုး ပျမ်းမျှအောက် ရွာသွန်းမည်

Wed, 07/17/2019 - 11:41 -- journal_editor

       အိန္ဒိယနိုင်ငံတွင် လာမည့်သီတင်းနှစ်ပတ်အတွင်း မိုးရွာသွန်းမှု သည် ပျမ်းမျှရွာသွန်းမှုအောက် ကျဆင်းနိုင်သည့်အတွက် အလယ်ပိုင်း ဒေသနှင့် အနောက်ပိုင်းဒေသတို့တွင် စိုက်ပျိုးလျက်ရှိသော ပဲပုပ်နှင့် ဝါ ဂွမ်းစိုက်ပျိုးမှု အကြီးအကျယ် ကျဆင်းနိုင်ကြောင်း မိုးလေဝသဌာနမှ အရာရှိတစ်ဦးက ဇူလိုင် ၁၁ ရက်က ပြောသည်။  ထို့ကြောင့် နွေသီးနှံထုတ် လုပ်မှုအတွက် စိုးရိမ်မှုများမြင့်တက်နေသည်။ အိန္ဒိယနိုင်ငံ စိုက်ပျိုးမြေ၏ ၅၅ ရာခိုင်နှုန်းခန့်မှာ မိုးရေကိုအားထား နေရသည်။ အာရှ၌ တတိယအကြီးမားဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ထရီလီယံရှိ အိန္ဒိယ၏ စီးပွားရေးတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းက ၁၅ ရာခိုင်နှုန်းပါဝင်နေသည့်အတွက် မုတ်သုံမိုးရွာ သွန်းမှုသည် နိုင်ငံ၏ လယ်ယာကုန်ထုတ်လုပ်ငန်းနှင့် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေး ပါသည်။
       "ရာသီဥတုပုံစံကိုကြည့်မယ်ဆိုရင် လာမယ့်သီတင်းနှစ်ပတ်အတွင်း မှာ အိန္ဒိယအလယ်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ မိုးရွာသွန်းတာနည်း ပါးနိုင်ပါတယ်။ ဒါပေမဲ့ အရှေ့မြောက်နဲ့ ဟိမဝန္တာတာင်ခြေဒေသတွေ မှာ မိုးေ ကာင်းနိုင်ပါတယ်"ဟု အိန္ဒိယမိုးလေဝသဌာန (IMD) မှ အမည်မဖော်လိုသူအရာရှိတစ်ဦးက ပြောသည်။ သီတင်းငါးပတ်ခန့် မိုးဆက်တိုက်ခေါင်ခဲ့ပြီးနောက် ဇူလိုင်လ ၁၀ ရက်အထိအန္ဒိယနိုင်ငံ၏ မိုးရွာသွန်းမှု မှာနှစ် ၅၀ ပျမ်း မျှရွာသွန်းမှု၏ ၂၈ ရာခိုင်နှုန်းသာရရှိခဲ့သည်။

 

စံမီအောင်