Main menu

Background

တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သို့ အသီးအနှံများ တိုးချဲ့တင်ပို့ရန် ကြိုးပမ်းနေ ပိုးမွှားသတ်သည့်စက်များ အဆင်သင့်မဖြစ်သေး၍ နှစ်နှစ်ခန့်ကြာဦးမည်

Wed, 08/07/2019 - 11:01 -- journal_editor

       တောင်ကိုရီးယားနိုင်ငံနှင့်ဂျပန်နိုင်ငံတို့သို့ အသီးအနှံ များနှင့် ပို့ကုန်အမယ်သစ် ၁၀ မျိုးတိုးချဲ့တင်ပို့ရန် ကြိုးစားနေ သော်လည်း သစ်သီးဝလံနှင့်ပန်းမန်များအား ရေနွေးငွေ့ဖြင့် ပိုးမွှားသန့်စင်သည့် စက်များအဆင်သင့် မဖြစ်သေးသဖြင့် နှစ် နှစ်ခန့်ကြာမြင့်ဦးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းဥက္ကဋ္ဌ  ဦးစိုးသန်းမင်းဒင်က သြဂုတ် ၂ ရက်တွင် ပြောသည်။
တောင်ကိုရီးယားနိုင်ငံနှင့်ဂျပန်နိုင်ငံသို့ ပို့ကုန်အသစ် များ တိုးချဲ့တင်ပို့ရန်ကြိုးစားနေသော်လည်း  ယင်းနိုင်ငံများ သည် ရေနွေးငွေ့ဖြင့် ပိုးမွှားသန့်စင်ထားမှသာ တင်သွင်းခွင့်ပြု သဖြင့် ထိုစက်များသည် ဈေးများလွန်းသဖြင့်  မြန်မာနိုင်ငံရှိ လုပ်ငန်းရှင်များအနေဖြင့် ဝယ်ယူရန်  အဆင်သင့်မဖြစ်သေး  သောကြောင့် နှစ်နှစ်ခန့်အချိန်ယူရဦးမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။
      "တောင်ကိုရီးယားနဲ့ဂျပန်နိုင်ငံတို့ကိုတင်ပို့ဖို့က သူတို့က စည်းကမ်းချက်တွေအများကြီးရှိတယ်။ ပိုးမွှားသတ်တဲ့ စနစ်ဆိုလည်း ရေနွေးငွေ့နဲ့သတ်မှသူတို့လက်ခံတာ။ အဲဒီစက်တွေရဲ့တန်ဖိုးကလည်း အရမ်းကြီးတယ်။ ဒေါ် လာသန်းနဲ့ ချီရှိတယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့အလွယ်တကူ မဝယ်နိုင်ဘူး။ တောင်ကိုရီးယားနဲ့ဂျပန်တို့ကို တင်ပို့ဖို့က နောက်နှစ်နှစ်လောက်တော့ အချိန်ယူရဦးမှာ"ဟု ဦးစိုးသန်းမင်းဒင်က ပြောသည်။ လက်ရှိအချိန် တွင် မြန်မာနိုင်ငံမှ တောင်ကိုရီးယားနိုင်ငံသို့ နှမ်းနက်နှင့်ကဏန်းတို့ကို အဓိကထား၍တင်ပို့နေပြီး မြန်မာပို့ကုန်များအဖြစ် ဆန်၊သရက်သီးနှင့် အခြားအသီးအနှံများကို တင်ပို့ရန် ကြိုးစားနေကာ UMFCCI နှင့် Korea Myanmar Resarch Association တို့ဆွေးနွေးလျက်ရှိကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက် ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရသည်။
     "တောင်ကိုရီးယားနဲ့ဂျပန်ပဲ ဒီစနစ်ကိုအဓိကသုံးတာ။တခြားတိုင်းပြည်မှာ ဒီလိုမျိုးတွေသိပ် မတွေ့ရဘူး။ သိပ်မတင်း ကျပ်ထားဘူး။ဒီမှာလည်းဒီစက်နဲ့ပတ်သက်ပြီး JICA က လာပြီး စမ်းသပ်နေတဲ့စက်တွေပဲ ရှိသေးတယ်။ စ က်တွေကအရမ်း ဈေးကြီးတော့ ဝယ်တဲ့လူဘက်ကလာထားမှ  အဆင်ပြေမှာ"ဟု ဦးစိုးသန်းမင်းဒင်က ပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံက ထွက်ရှိသည့် သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များကို တရုတ်နိုင်ငံသို့  အဓိကထား တင်ပို့နိုင်ရန်ကြိုးစားလျက်ရှိပြီးစင်ကာပူနိုင်ငံသို့သရက်သီးများကိုတင်ပို့နေပြီး  သရက်သီး အနှစ်အနေဖြင့် ရုရှားနိုင်ငံသို့တင်ပို့လျက်ရှိကြောင်း မြန်မာ နိုင်ငံသစ်သီးဝလံ၊ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ် လုပ်တင်ပို့ေ ရာင်းချသူများအသင်းမှသိရသည်။

 

ပန်းဆု