Main menu

Background

ယုံကြည်ရသော ကုန်သွယ်ဖက်စာရင်းမှ ပယ်ဖျက်ကြရန် တောင်ကိုရီးယားနှင့် ဂျပန်တို့ဆုံးဖြတ်

Wed, 08/07/2019 - 11:50 -- journal_editor

      ယုံကြည်ရသော ကုန်သွယ်ဖက်စာရင်းမှ အပြန်အလှန် ပယ်ဖျက် ကြရန်  ဇူလိုင် ၂ ရက်က တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့က ဆုံးဖြတ် ကြကြောင်း ယွန်းဟပ်သတင်းတွင် ဖော်ပြသည်။ စေ့စပ်ညှိနှိုင်းအဖြေရှာရန် တောင် ကိုရီးယားနိုင်ငံက အကြိမ်ကြိမ် ပန်ကြားခဲ့သည်ကို ဂျပန်နိုင်ငံက ပယ်ချခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံကုန်သွယ်ရေးနှင့် သံတမန်အငြင်းပွားမှုက စီးပွားရေးစစ်ပွဲဆီသို့ ဦးတည်လျက်ရှိသည်။ တစ်ပိုင်းလျှပ်ကူးနှင့် ဖန်သားပြင်ထုတ်လုပ် ရာတွင် အသုံးပြုသော အဓိက အစိတ်အပိုင်းများ တောင်ကိုရီးယားသို့ တင်ပို့ခြင်းကို ဂျပန်နိုင်ငံ က ဇူလိုင် ၄ ရက်တွင်  ကန့်သတ်ခဲ့သည်။ ထို့နောက်ပိုင်းတွင် စစ်အတွင်း အဓမ္မခိုင်းစေမှုနှင့်ပတ်သက်၍ အငြင်းပွားခဲ့ပြီးနောက် ဒုတိယအကြိမ် လက်တုံ့ပြန်သည့်အနေဖြင့် ဂျပန်နိုင်ငံကစတင်၍ ယုံကြည်အားထားရ သောနိုင်ငံများစာရင်း whitelist မှ  တောင်ကိုရီးယားနိုင်ငံအား  ပယ်ဖျက်ခဲ့သည်။
      ဂျပန်နိုင်ငံ၏ အပြုအမူသည် အကြင်နာကင်းမဲ့သောလုပ်ရပ်အဖြစ် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းကရှုတ်ချခဲ့ပြီး လွန်စွာဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။ လိုအပ်သော အစီအမံများကို တောင်ကိုရီးယားနိုင်ငံက ချမှတ်သွားမည်ဖြစ်ကြောင်းနှင့် ဂျပန်နိုင်ငံကအပြည့်အ၀ တာဝန်ယူရမည်ဖြစ်ကြောင်း ရုပ်သံမှထုတ်လွှင့်သော ဝန်ကြီးအဖွဲ့ အရေးပေါ်အစည်းအဝေးတွင် သမ္မတက သတိပေးပြောကြားသည်။ ဂျပန်နိုင်ငံအား whitelist မှ ပယ် ဖျက်ကြောင်း တောင်ကိုရီးယားဘဏ္ဍာရေးဝန်ကြီး ဟောင်နမ်ကီကကြညာခဲ့ပြီး ဂျပန်နိုင်ငံ၏ဆုံးဖြတ်ချက်သည် နှစ်နိုင်ငံ ကြိုးပမ်းတည်ဆောက်ခဲ့သော ပူးပေါင်းဆောင်ရွက်မှုနှင့် ယုံကြည်မှုဆက်ဆံရေးကို အခြေခံကျကျ  ဖျက် ဆီးခဲ့ကြောင်း ရှုတ်ချခဲ့သည်။

 

စံမီအောင်