Main menu

Background

တရုတ်နိုင်ငံဦးဆောင်သော ကုန်သွယ်မှုသဘောတူစာချုပ်တွင် အိန္ဒိယပါဝင်ဖွယ်မရှိ

Wed, 08/07/2019 - 11:54 -- journal_editor

       အိန္ဒိယနိုင်ငံသည် တရုတ်ဦးဆောင်သော အာရှပစိဖိတ်ကုန်သွယ်ရေး သဘောတူစာချုပ်တွင် ပါဝင်နိုင်ဖွယ်မရှိဟု အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာမိုဒီက သြဂုတ် ၂ ရက်က ပြောကြားကြောင်း ရိုက်တာသတင်းတွင်ဖော်ပြသည်။ ဝန်ကြီးချုပ် နှင့်ဆက်စပ်နေသော စက်မှုလုပ်ငန်းနှင့်  လယ်သမားများ၏ကန့်ကွက်မှုကြောင့် ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်ရာ လွတ်လပ်သော ကုန်သွယ်ရေးဇုန်ကြီးတစ်ခု ဖန်တီးရေးအလားအလာများအတွက် ထိုးနှက်ချက် တစ်ရပ်ဖြစ်ခဲ့သည်။
        နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကုန်သွယ်ရေးဝန်ကြီးများသည်  ယခင်ရက်သတ္တပတ်အတွင်း ပေကျင်းမြို့၌ တွေ့ဆုံပြီး ဒေသဆိုင်ရာ ဘက်စုံစီးပွားရေးပူးပေါင်းမှု သဘောတူညီချက်များ RCEP ကို စေ့စပ်ညှိနှိုင်းရန် ကြိုးပမ်းခဲ့ကြ သည်။ ကမ္ဘာ့လူဦးရေ၏ ၄၅ ရာခိုင်နှုန်းနေထိုင်ရာ နယ်မြေတွင် ကုန်သွယ်ရေးအတားအဆီးများကို ဖယ်ရှားရန် ထပ်မံကြိုးစားခြင်းဖြစ်သည်။ သို့သော် ဈေးကွက်အတွင်းဝင်ရောက်ရေးနှင့် အကာအကွယ်ပေးရမည့် ကုန်ပစ္စည်း စာရင်းပြုစုရေးတွင် တရုတ်-အိန္ဒိယ အငြင်းပွားမှုကြောင့် တိုးတက်မှုမှာ အစိတ်အပိုင်းများစွာတွင် နှေးကွေးနေသည်။ စာချုပ်ကို အန္ဒိယနိုင်ငံတွင် ထောက်ခံသူမရှိကြောင်း ဟိန္ဒူအမျိုးသားရေးဝါဒီအဖွဲ့ဖြစ်သော  ရတ်ရှထရီးယား ဆွာယမ်ဆီဗက်ဆန်းအဖွဲ့ (RSS)က ပြောသည်။ စာချုပ်တွင် အရှေ့တောင်အာရှဒေသမှ  အာဆီယံ ၁၀ နိုင်ငံနှင့် တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် တောင်ကိုရီးယား စသည့် အာရှ-ပစိဖိတ်ဒေသ ခြောက်နိုင်ငံတို့ပါဝင်သည်။

 

စံမီအောင်