Main menu

Background

ယခုနှစ်ကုန်တွင် အာဆီယံ RCEP ကို အပြီးသတ် လက်မှတ်ထိုးရန်ရည်မှန်း

Wed, 08/07/2019 - 11:57 -- journal_editor

        ယခုနှစ်အကုန်တွင် ဒေသတွင်းဘက်စုံစီးပွား ရေး ပူးပေါင်းဆောင်ရွက်မှု  သဘောတူစာချုပ် (RCEP ) ကို အာဆီယံအ ဖွဲ့ဝင် ၁၀ နိုင်ငံနှင့် ဆွေး နွေးဖက် ခြောက်နိုင်ငံတို့ အပြီးသတ်ဆွေးနွေးနိုင် လိမ့်မည်ဟု အာဆီယံ အထွေထွေအတွင်းရေးမှူး ဒါတိုလင်းဂျော့ဟွိုင်က ခန့်မှန်းကြောင်း ဗီယက်နမ် နယူးစ်သတင်းတွင် ဖော်ပြသည်။ RCEP သည် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီး ပါးရှိသော  ဈေးကွက်ကို  လွှမ်းမိုးထားပြီး ကမ္ဘာ့ စုစုပေါင်းပြည်တွင်း ထုတ်ကုန်၏  သုံးပုံတစ်ပုံကို ထုတ်လုပ်ပေးလျက်ရှိသဖြင့်  ကမ္ဘာပေါ်တွင်အကြီး မားဆုံးကုန်သွယ်ရေး   သဘောတူစာချုပ်တစ်ခု ဖြစ်လာမည်။
     လွန်ခဲ့သော ခုနစ်နှစ်အတွင်း  RCEP  စေ့ စပ်ညှိနှိုင်းမှုအကြိမ်ပေါင်း ၂၇ ကြိမ်ဆောင်ရွက်ခဲ့ သော်လည်း ယင်းထက်ကျော်လွန်အောင် ဆောင် ရွက်နိုင်ခြင်းမရှိကြောင်းနှင့်  ယခုနှစ်တွင်ပြီးအောင် ဆောင်ရွက်နိုင်ခြင်းမရှိပါက နောင်နှစ်တွင်  ပြီး အောင်ဆောင်ရွက်ရန်မှာ အလွန်ခက်ခဲနိုင် ကြောင်း ဟွိုင်ကပြောသည်။ နိုင်ငံရေးအခက်အခဲများမှာ ဖြေရှင်းပြီးဖြစ် ကြောင်းနှင့် စီးပွားရေးအင်အားကြီး နိုင်ငံနှစ်ခု အကြား ကုန်သွယ်ရေးတင်းမာမှုများ ဖြစ် ပွားနေသဖြင့် သဘောတူစာချုပ်ကို အပြီးသတ်ချုပ်ဆိုရန်မှာ အဆီယံနိုင်ငံများအတွက် အရေးတကြီး လိုအပ်နေကြောင်း အထွေထွေအတွင်းရေးမှူးက ပြောသည်။ စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ကြောင်းနှင့် ကုန်သွယ်ရေးညှိနှိုင်းေ ရးမှူးများအဆင့်နှင့် ဝန်ကြီး အဆင့်တွင် ဆွေးနွေးညှိနှိုင်းမှုများကို အရှိန်မြှင့် ဆောင်ရွက်ရန်လိုကြောင်း၊ အခြေအနေမှာ အပြု သဘော  အလားအလာရှိကြောင်း ၎င်းက ပြော သည်။ အာဆီယံစီးပွားရေးဝန်ကြီးများသည် ထိုင်း နိုင်ငံတွင် စက်တင်ဘာလအတွင်း တွေ့ဆုံရန်ရှိ ကြောင်းသိရသည်။

 

စံမီအောင်