Main menu

Background

စင်ကာပူ SMEs များ လာမည့်နှစ်တွင် တိုးတက်မည်ဟု ခန့်မှန်း

Wed, 08/07/2019 - 12:03 -- journal_editor

     လာမည့် နှစ်လအတွင်း စင်ကာပူ ရှိ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ(SMEs) ၏ လေးပုံ သုံးပုံ နီးပါးသည် ဖွံ့ဖြိုးတိုးတက်လိမ့်မည်ဟု စစ်တမ်းတစ်စောင်တွင် ဖော်ပြထား ကြောင်း စထရိတ်တိုင်းမ် သတ င်းတွင် ဖော်ပြသည်။ ထ့ို ပြင် ယင်းတို့အနက် ရာခိုင်နှုန်း ၉၀ က ပြည်ပနှင့်  စီးပွားရေးအဆက်အသွယ်များ ရရှိထားပြီးဖြစ်ကြောင်း ပြောသည်။ သို့သော်လည်း မတည်ရင်း နှီးငွေနှင့်  ငွေကြေးစီးဆင်းမှု အခက်အခဲက ပြည်ပတွင် လုပ်ငန်းတိုးချဲ့ရေး လုပ်ငန်းကို  အဟန့်အတားဖြစ်စေခဲ့ ကြောင်း စစ်တမ်းတွင်ပါဝင်သော လုပ် ငန်းသုံးပုံတစ်ပုံက ပြောသည်။
      ဤရလဒ်များကို  သြဂုတ် ၁ ရက် က ကျင်းပသော အမေရိကန်အိပ်စ် ပရက် စင်ကာပူလေကြောင်းလိုင်း၏ ခရက်ဒစ်ကတ် စတင်ရောင်းချသည့် အခမ်းအနားတွင် ပြောခြင်းဖြစ်သည်။SMEs ပိုင်ရှင်များသည် တစ်နှစ်အတွင်း အလုပ်ကိစ္စဖြင့်သွားလာသော ခရီးစဉ်များ၏   ၇ ဒသမ ၆ ရာခိုင်နှုန်း တွင် ပါဝင်ကြောင်းနှင့် လုပ်ငန်းစုစု ပေါင်းအနက် ၇၀ ရာခိုင်နှုန်းမှ ဝန်ထမ်းများသည် တစ်လကို  အနည်း ဆုံး ခရီးနှစ်ကြိမ်   သွားလာကြောင်း စစ်တမ်းအရ တွေ့ရသည်။ SMEs ဝန်ထမ်းများ အဓိကသွား လာသောနိုင်ငံများတွင် မလေးရှား(၆၁ ရာခိုင်နှုန်း)၊ တရုတ်(၅၄ ရာခိုင်နှုန်း)၊ ထိုင်း(၃၅ ရာခိုင်နှုန်း)နှင့် အင်ဒိုနီးရှား (၃၄ ရာခိုင်နှုန်း) တို့ပါဝင်သည်။ ယခုစစ်တမ်းကို စင်ကာပူလေ ကြောင်းလိုင်းနှင့် အမေရိကန် အိပ်စ်ပရက်တို့ပူးပေါင်း၍ ယခုနှစ် ဇွန်လအတွင်းက ကောက်ယူခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီဝင်ငွေ တစ်နှစ် ဒေါ်လာ တစ်သန်းမှ သန်း ၂၀ အတွင်းရှိသော SMEs ပိုင်ရှင် ၂၀၀ ပါဝင်သည်။

 

စံမီအောင်